နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှတ်ပေးဖလား အတွက် ဂိုးပြတ် နိုင်ပွဲ ဖော်ဆောင်ခဲ့တဲ့ ဘေယန်မြူးနစ်၊ ဘယ်လင်ဂမ်ကို စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတဲ့ ဒေါ့မန် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

အမှတ်ပေးဖလား အတွက် ဂိုးပြတ် နိုင်ပွဲ ဖော်ဆောင်ခဲ့တဲ့ ဘေယန်မြူးနစ်၊ ဘယ်လင်ဂမ်ကို စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတဲ့ ဒေါ့မန် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အမှတ်ပေးဖလား အတွက် ဂိုးပြတ် နိုင်ပွဲ ဖော်ဆောင်ခဲ့တဲ့ ဘေယန်မြူးနစ်

ဒေါ့မန်က ဘွန်ဒက်လီဂါ အမှတ်ပေးဖလားကို ခြိမ်းခြောက်လာခဲ့တဲ့နောက် ဘေယန်မြူးနစ်ဟာ ဆုဖလား လမ်းကြောင်းပေါ်က အနီးကပ် ပြိုင်ဘက် ဖြစ်တဲ့ ယူနီယံဘာလင်ကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ယူပြီး အဆင့် ၁ နေရာမှာ ဒေါ့မန်နဲ့ ပူးတွဲ ရပ်တည်နေပါတယ်။ ခြေစွမ်း ထက်မြတ်နေတဲ့ ယူနီယံဘာလင် ကတော့ ဘေယန်ကွင်းမှာ ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။

ဘေယန် အတွက် ချူပိုမော့တင်း၊ ကင်စလေ ကိုးမန်းနဲ့ ဂျမယ်လ် မူစီယာလာ တို့က ဂိုးတွေ သွင်းယူပေးခဲ့ကာ ပထမပိုင်းမှာ ကတည်းက ၃ ဂိုးပြတ်နေခဲ့တာပါ။ ဘေယန် ကတော့ ဒီနိုင်ပွဲကြောင့် ရမှတ် ၄၆ မှတ် ရရှိထားပြီး ဂိုးကွာခြားချက် အသာနဲ့ ဒေါ့မန် အထက်မှာ ရှိနေကာ အမှတ်ပေးဖလားကို လွယ်လွယ်နဲ့ ရယူနိုင်မှာ မဟုတ်ဘူးလို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။

ဘေယန်ရဲ့ တောက်လျောက် ခြေချော်မှုတွေကို ဒေ့ါမန်က အခွင့်အရေး ယူကာ အမှတ် ကွာဟချက်တွေကို လျှော့ချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေါ့မန်ကလည်း ဘွန်ဒက်လီဂါမှာ ဆက်တိုက် နိုင်ပွဲတွေ ရနေပြီး ဘေယန် အတွက် အကြီးမားဆုံး ခြိမ်းခြောက်သူ ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဖလား အတွက် ပြိုင်ဆိုင်မှု ကလည်း ပိုပိုပြီး ပြင်းထန်လာပြီ ဖြစ်ပါတယ်။

အက်ဖ်အေဖလား
ဘရစ်စတိုလ် စီးတီး
မန်ချက်စတာစီးတီး
1X2 မန်ချက်စတာစီးတီး @ 1.19
ဂိုးပေါ် 3.50 @ 2.07
ဂိုးပေါင်း 4-6 @ 2.16
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲ မတိုင်ခင်ပဲ ဘေယန် အတွက် ပြန်ကစားပေးခဲ့တဲ့ ဆာဒီယို မာနေး

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား မတိုင်ခင်မှာ ဒဏ်ရာရရှိလို့ အနားယူနေခဲ့ရတဲ့ ဆာဒီယို မာနေးဟာ မနေ့ညက ယူနီယံဘာလင်နဲ့ ဘွန်ဒက်လီဂါပွဲမှာ ဘေယန်မြူးနစ် အတွက် လူစားဝင် ကစားပေးခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ပီအက်စ်ဂျီနဲ့ ကစားရဖို့ ရှိနေတဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ မတိုင်ခင် ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပြီး ဘေယန် အတွက် သတင်းကောင်း ဖြစ်လာခဲ့ပါတယ်။

ဘေယန်က ဒီပွဲမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး မာနေးက နိုဝင်ဘာလ ၈ ရက်နေ့ နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည် ကစားပေးနိုင်ခဲ့တာပါ။ မာနေး အနေနဲ့ ခြေစွမ်းပြနိုင်ဖို့၊ အသင်း တိုက်စစ်ပိုင်းမှာ ပုံမှန်ကစားခွင့် ရဖို့ကို အားထုတ်ရမှာ ဖြစ်ပြီး သူ့ရဲ့ တိုက်စစ် အပိုင် တစ်နေရာကို ချူပိုမော့တင်းက ခြေစွမ်းပြကာ သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။

ဆီနီဂေါ တိုက်စစ်မှူးဟာ ဒီရာသီမှာ ဘေယန် အတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ကစားပေးထားပြီး ၁၁ ဂိုး အထိ သွင်းယူပေးထားသူ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကနေ ဒီရာသီကမှ ဘေယန်ဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး လအတန်ကြာ အနားယူပြီးတဲ့နောက် မာနေး တစ်ယောက် အရင်လို ခြေစွမ်းမျိုး ပြန်ရနိုင်ဖို့ ကိုပါ အားထုတ်ရမှာ ဖြစ်ပါတယ်။


ဘယ်လင်ဂမ်ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတဲ့ ဒေါ့မန်

ဘွန်ဒက်လီဂါ ကလပ် ဘိုရပ်ရှား ဒေ့ါမန် ကတော့ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ဂျူ့ဒ် ဘယ်လင်ဂမ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။
ဘယ်လင်ဂမ်ကို ရောင်းချရမယ် ဆိုရင်လည်း ပေါင် သန်း ၁၂၀ အနည်းဆုံး ရမှ ရောင်းချင်တဲ့ ဒေါ့မန်

ဘွန်ဒက်လီဂါ ကလပ် ဘိုရပ်ရှား ဒေ့ါမန် ကတော့ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ဂျူ့ဒ် ဘယ်လင်ဂမ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပထိပ်သီး အသင်း အများအပြားရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဘယ်လင်ဂမ်ကို ဒေါ့မန်က အသင်းမှာ ဆက်ထိန်းထားချင်တာပါ။

ဒါပေမယ့် ဘယ်လင်ဂမ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ အရာ အားလုံးက မူတည်နေပြီး ဒေါ့မန် ဘက်ကတော့ အစွမ်းကုန် စည်းရုံးနေပါတယ်။ ဘယ်လင်ဂမ်ကို မတတ်သာလို့ ရောင်းချရမယ် ဆိုရင်တောင် ဒေါ့မန်က အနည်းဆုံး ယူရိုသန်း ၁၂၀ ရမှ ရောင်းချမှာ ဖြစ်ကာ လက်ရှိ မှာတော့ စာချုပ်သစ် အတွက် ပြင်ဆင်နေတာပါ။

အသက် ၁၉ နှစ် အရွယ် အင်္ဂလန်သားကို အသင်းဘက်က ကမ်းလှမ်းမှု ပြုလုပ်မယ်လို့ ဂျာမန် သတင်းစာ Bild က ဖော်ပြခဲ့ပြီး တနှစ် လုပ်ခလစာ ပေါင် ၁၅ သန်း အထိ ပေးကာ ၂၀၂၆ အထိ စာချုပ်ချုပ်ဆိုသွားဖို့ ဒေါ့မန်က ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ကစားသမား ဘက်က ငြင်းဆန်ခဲ့မယ် ဆိုရင်တော့ သူတို့ ရောင်းထုတ်ရတော့မှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်