နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နံနက်ခင်း သတင်းများ (၂၈/၇/၂၀၂၂)

အခု တစ်ခါ ဇူလိုင် ၂၈ ရက်နေ့ နံနက်ခင်းရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပုံမှန် အခြေအနေ ပြန်ရဖို့ လအတော်ကြာ အနားယူရဦးမယ့် ဟော်လာ

ဒေါ့မန် အသင်းရဲ့ တိုက်စစ်မှူး ဆဘက်ရှန် ဟော်လာ အနေနဲ့ ဝှေးစေ့ အကျိတ်ကို ခွဲစိတ်ဖယ်ရှားပြီးနောက် လအနည်းငယ် အနားယူရဦးမှာ ဖြစ်ကြောင်း အားကစားဒါရိုက်တာ ဆဘက်ရှန် ခါဟဲလ် က အတည်ပြု ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက အေဂျက်စ်နဲ့ အတူ ပုံစံကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဟော်လာ ကိုတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်က ဟာလန်းရဲ့ နေရာမှာ အစားထိုးဖို့ ခေါ်ယူထားခဲ့တလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အိုင်ဗရီကို့စ် လက်ရွေးစင်ဟာ ဒေါ့မန်နဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်မှာ ဝှေးစေ့ကင်ဆာ ရောဂါ ခံစားနေရကြောင်း စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှု ခံယူထားရတာလည်း ဖြစ်ပါတယ်။

ခါဟဲလ် ကတော့ ခွဲစိတ်ကုသမှု ပတ်သတ်ပြီး အဖြေက အရမ်းကောင်းကြောင်း ဟော်လာ အနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်နေပြီ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ပုံမှန် အခြေအနေကို ပြန်ရဖို့ အတွက် ဆိုရင်တော့ ကျိန်းသေပေါက် လအတော်ကြာ အနားယူရဦးမှာ ဖြစ်တယ်လို့လည်း ခါဟဲလ်က ပြောကြားသွားခဲ့ပါတယ်။


ဟော်လာရဲ့ နေရာမှာ ယာယီ အစားထိုးဖို့ တိုက်စစ်မှူး ရှာနေတဲ့ ဒေါ့မန်

ဆက်စပ် သတင်းတွေအရ ဟော်လာရဲ့ အခြေအနေကြောင့် ဒေါ့မန်တို့ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ထပ်မံ ခေါ်ယူဖို့ လိုအပ်သွားခဲ့ပြီး လက်ရှိ မှာတော့ မိုချင်ဂလတ်ဘတ်က မားကပ်စ် သူရမ်၊ ကိုလုံးက အန်တိုနီ မိုဒတ်စ် တို့ အပါအဝင် တိုက်စစ်မှူး အများအပြားကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဂျာမန် သတင်းစာ Sport Bild ရဲ့ ဖော်ပြချက် အရ လီဂူးဝမ်း ကလပ် နိုက်စ်က စိတ်ဝင်စားနေတဲ့ မားကပ်စ် သူရမ် အတွက် အနည်းဆုံး ယူရို ၁၀ သန်း အသုံးပြုရဖို့ ရှိပေမယ့် ဝါရင့် တိုက်စစ်မှူး အန်တိုနီ မိုဒတ်စ် ကိုတော့ ယူရို ၃ သန်း လောက်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အခုလို ယာယီ အခြေအနေမျိုးမှာ ဒေါ့မန်တို့ အသက်အရွယ်ရနေပေမယ့် ဂိုးသွင်းအား ကောင်းနေဆဲ ကိုလုံး တိုက်စစ်မှူး အန်တိုနီ မိုဒတ်စ် ကိုပဲ ရွေးချယ်ဖို့ များတယ်လို့လည်း ဖော်ပြထားပါတယ်။

ဘန်ဒက် လီဂါ
ဒေါ့မွန်
လေဗာကူဆင်
1X2 သရေ @ 3.65
ဂိုးပေါ် 3.25 @ 1.85
ဂိုးပေါင်း 2-3 @ 2.24
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တစ်ဖက်မှာလည်း ဒေါ့မန်တို့ အသင်းလက်မဲ့ ဖြစ်နေတဲ့ အက်ဒီဆင် ကာဗာနီနဲ့ မာဆေးလ် တိုက်စစ်မှူး မီလစ်ခ် တို့ကို ချိတ်ဆက်နေကြောင်း သတင်းတွေ ထွက်နေခဲ့ပါတယ်။ ဒေါ့မန် အနေနဲ့ ကာဗာနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ယူရို ၁၀ ဝန်းကျင်ရှိတဲ့ ကစားသမားရဲ့ တစ်နှစ် လုပ်ခ လစာကြောင့် အခက်တွေ့နေတယ်လို့ သိရပါတယ်။ အားလုံးထဲမှာ အငှားနဲ့ ခေါ်ယူနိုင်မယ့် မာဆေးလ် တိုက်စစ်မှူး မီလစ်ခ် ကတော့ ဂျာမန်ကို လာကစားဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။


ဘေယန်မြူးနစ် လူငယ် နောက်ခံလူကို ခေါ်ယူနိုင်ခဲတဲ့ ပဲလေ့စ်

ဘေယန်မြူးနစ်ရဲ့ အမေရိကန် လူငယ်နောက်ခံလူ ခရစ်ရစ်ချတ်ဒ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ် အသင်းက ကြေညာလိုက်ပါတယ်။
ပဲလေ့စ်တို့ အသက် ၂၂ နှစ် အရွယ် အမေရိကန် လက်ရွေးစင် နောက်ခံလူကို အပိုဆုကြေး အပါအဝင် ယူရို သန်း ၂၀နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၂၀၂၇ ခုနှစ် အထိ ၅ နှစ် စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ရစ်ချက်က “ကျွန်တော် ပရီးမီးယားလိဂ်ကို ကြည့်ရင်း ကြီးပြင်းလာခဲ့သလို (ဝီလ်ဖရိုင်း) ဇာဟာကို ကြည့်ရှုရင်း ကြီးပြင်းလာတယ်လို့လည်း‌ ပြောလို့ ရတယ်။ ဒါကြောင့် သူတို့နဲ့ အတူတူ မြက်ခင်းပေါ်မှာ ရှိနေရတာ အရမ်းမိုက်ပါတယ်။ နောက်ပြီး သမိုင်းဝင် ကလပ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရတဲ့ အတွက်ရောပေါ့။ အဲဒါအတွက် ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားနေပါပြီ” လို့ ရစ်ချက်ဒ်က ကလပ်ရဲ့ တရားဝင် ၀က်ဘ်ဆိုဒ် ကနေ ပြောကြားသွားခဲ့ပါတယ်။

“ပရောဂျက်ကို ကျနော် မြင်ရသလောက်တော့ လူငယ် ကစားသမားတွေ အများကြီးရှိပြီး အဲ့ဒီလူငယ် ကစားသမားတွေဟာ တိုက်ပွဲဝင်လို စိတ်တွေ အပြည့်ရှိသူတွ ဖြစ်ပါတယ်။ ဒါကြောင့် ပဲလေ့စ်ကိုလည်း အမြဲတမ်း တိုက်ပွဲဝင်နေတဲ့ အသင်း တစ်သင်း အဖြစ် မြင်တွေ့ရတာပါ။” လို့ ရစ်ချက်ဒ်ကို ဆိုပါတယ်။

ရစ်ချက်ဒ်ဟာ ၂၀၁၈ ခုနှစ်က မေဂျာလိဂ် ကလပ် ဒါးလက်စ် ကနေ ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်းကို ယူရို ၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ယူ-၁၉နဲ့ အရန် အသင်းတွေ မှာပဲ ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် အသင်းကြီး အတွက် စုစုပေါင်း ၁၀ ပွဲသာ ပါဝင် ကစားခဲ့ဖူးပြီး ဟော့ဖန်ဟိမ်း ကိုလည်း နှစ်ကြိမ် တိုင်တိုင် အငှားနဲ့ ထွက်ကစားခဲ့ရသူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်