နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နံနက်ခင်း သတင်းများ (၂၇/၇/၂၀၂၂)

အခု တစ်ခါ ဇူလိုင် ၂၇ ရက်နေ့ နံနက်ခင်း အထိ စုဆောင်းရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


အိုင်ကာဒီကို ပစ်မှတ်ထားနေပေမယ့် လုပ်ခလစာ ပေးချေဖို့ အခက်အခဲ ရှိနေတဲ့ ဒေါ့မန်

ပြင်သစ် နာမည်ကြီး သတင်းထောက် ဟေဒရီရန် ဂရီနီယာရဲ့ ဖော်ပြချက်ချက်အရ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး မော်ရို အိုင်ကာဒီကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ 

အင်တာမီလန် အသင်းမှာ ၂၁၉ ပွဲ ကစားပြီး ၁၂၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂၉ ကြိမ် ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်မှူးဟာ ၂၀၁၉ ခုနှစ်မှာ ပီအက်စ်ဂျီ အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မှာတော့ ပီအက်စ်ဂျီက ပေါင် ၄၃ သန်းနဲ့ အပြီးသတ် ဝယ်ယူခဲ့ပေမယ့် အိုင်ကာဒီဟာ ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ၉၃ ပွဲသာ ကစားခဲ့ရသလို ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ကလည်း လီဂူးဝမ်း ပွဲစဉ် ၁၀ ပွဲသာ ကစားခဲ့ရပြီး မက်ဆီ၊ အမ်ဘာပေး၊ နေမာ တို့ရဲ့ နောက်မှာ အရန် အဖြစ်သာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မန် ကတော့ လက်ရှိ နွေရာသီမှာ အသင်းက ထွက်ခွာသွားတဲ့ ဟာလန်းရဲ့ နေရာမှာ အေဂျက်စ်က ဆဘက်ရှန် ဟော်လာနဲ့ အစားထိုးထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အိုင်ဗရီကို့စ် တိုက်စစ်မှူးဟာ ဝှေးစေ့ အကြိတ်ရောဂါ ခံစားနေရပြီး အချိန်ကာလမရှိ အနားယူရဖို့ ရှိနေလို့ ဒေါ့မန်တို့ မဖြစ်မနေ တိုက်စစ်မှူး တစ်ဦး ထပ်မံ ရှာဖွေနေရတာ ဖြစ်ပါတယ်။ 

မာရို အိုင်ကာဒီဟာ လက်တလော ဒေါ့မန်ရဲ့ အဓိက ပစ်မှတ်ဖြစ်နေပေမယ့် ဂျာမန် ကလပ် အနေနဲ့ ကစားသမားရဲ့ တစ်နှစ်လုပ်ခ ပေါင် ၆ သန်းကျော်ကို ပေးချေဖို့ အတွက်တော့ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အိုင်ကာဒီ လုပ်ခလစာ လျှော့ယူဖို့ ညှိနှိုင်းလို့ မရခဲ့ရင် နောက်ထပ် တိုက်စစ်မှူး တစ်ဦး ထပ်မံ ရှာဖွေသွားဖို့ ရှိနေတယ် ဆိုပြီးလည်း ဖော်ပြနေကြပါတယ်။

တချို့ သတင်းတွေ မှာတော့ အိုင်ကာဒီကို စီးရီးအေ တန်းတက် မွန်ဇာ အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပြီး အိုင်ကာဒီရဲ့ ဇနီး ဖြစ်သူ အေးဂျင် ဝန်ဒါ နာရာနဲ့ ဆွေးနွေးမှုတွေ ပြလုပ်နေတယ်လို့ သိရပါတယ်။


ချဲလ်ဆီးကို ငယ်ငယ်လေးထဲက အားပေးခဲ့တဲ့ ဘေယန် နောက်ခံလူ 

ချဲလ်ဆီး အသင်းကို ငယ်ငယ်လေးထဲက အားပေးခဲ့ကြောင်း ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်ရဲ့ လူငယ် နောက်ခံလူ အဲလ်ဖွန်ဆို ဒေးဗီးစ် က ESPN နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ 

အင်္ဂလိပ် ကလပ်တွေထဲက ဘယ်အသင်းကို အားပေးသလဲ ဆိုတဲ့ မေးခွန်းကို အဲလ်ဖွန်ဆို ဒေးဗီးစ်က “ကျွန်တော် ပြောချင်တာ၊ ကျွန်တော် ချဲလ်ဆီး အသင်းကို ကြည့်ရင်း ကြီးပြင်းလာခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးပါ။” ဆိုပြီး ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ် အရွယ် ကနေဒါ ဘယ်နောက်ခံလူဟာ ၂၀၁၉ ခုနှစ်မှာ မေဂျာလိဂ် ကလပ် ဗန်ကူးဗား ကနေ ပေါင် ၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အချိန်တိုတွင်း ဘေယန်မြူးနစ်ရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်လာခဲ့သူ ဆိုရင်လည်း မမှားပါဘူး။ အဲလ်ဖွန်ဆို ဒေးဗီးစ်ဟာ ဘေယန်မြူးနစ် အတွက် ၄ ရာသီ အတွင်း ပြိုင်ပွဲစုံ အရပ်ရပ် ၁၁၅ ပွဲ အထိ ပါဝင် ကစားထားသူလည်း ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
ဖရန့်ဖတ်
ဘိုင်ယန်မြူးနစ်
1X2 သရေ (Draw) @ 5.00
ဂိုးပေါ် 3.50 @ 2.05
ဂိုးပေါင်း 0-1 @ 6.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

သတင်းတချို့မှာတော့ ချဲလ်ဆီးဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ မားကို့စ် အလွန်ဆို နေရာ အတွက် အဲလ်ဖွန်ဆို ဒေးဗီးစ် ကို စိတ်ဝင်စားနေကြောင်း ဖော်ပြထားပေမယ့် ဖြစ်နိုင်ချေတော့ တော်တော်လေး နည်းပါတယ်။ အဲလ်ဖွန်ဆို ဒေးဗီးစ်ဟာ ပြီးခဲ့တဲ့ရာသီက နှလုံးရောင်ရမ်းမှုကြောင့် အနားယူခဲ့ရပေမယ့် စုစုပေါင်း ၁၂ ပွဲသာ လွဲချော်ခဲ့တာကို ကြည့်ပြီး ဘွန်ဒက်စ်လီဂါ ကလပ် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်း သိနိုင်ပါတယ်။ 

ချဲလ်ဆီးဟာ ကာလရှည် ပစ်မှတ်ထားခဲ့တဲ့ ဆီဗီလာ နောက်ခံလူ ကွန်ဒေးကို ခေါ်ယူနိုင်ခြင်း မရှိတာကြောင့် လက်ရှိမှာ ပီအက်စ်ဂျီက ပရက်စ်နဲလ် ကင်မ်ပမ်ဘီနဲ့ အင်တာမီလန်က ဒမ်းဖရီးစ် တို့ကို ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပိုင်ရှင်သစ် တော့ဒ်ဘိုလေရဲ့ ချဲလ်ဆီးဟာ လက်ရှိ အပြောင်းအရွှေ့မှာတော့ ရာဟင်းမ် စတာလင်နဲ့ ကူလီဒူ ကူလီဘာလီ နှစ်ဦးကိုသာ ခေါ်ယူထားနိုင်ပြီး အခြား ပစ်မှတ် ကစားသမားတွေကို ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။


လိုက်ပ်ဇစ် ညာနောက်ခံလူကို ၅ နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တဲ့ ပီအက်စ်ဂျီ

ပြင်သစ် လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် ညာနောက်ခံလူ နော်ဒီ မူကီလီ ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ပီအက်စ်ဂျီတို့ အသက် ၂၄ နှစ် အရွယ် ပြင်သစ် ညာနောက်ခံလူ အတွက် လိုက်ပ်ဇစ်ကို ပေါင် ၁၃ သန်းကျော် ပေးချေခဲ့ရပြီး ၂၀၂၇ နှစ် အထိ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။ မူကီလီ ကို ခေါ်ယူခဲ့ခြင်းဟာ အဓိက ညာနောက်ခံလူ အာချက်ဖ် ဟာကီမီကို ဖိအားပေးဖို့ ဖြစ်သလို အကယ်၍ ဒဏ်ရာရသွားချိန် မှာလည်း အရန်သင့် အသုံးပြုနိုင်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် မူကီလီဟာ ဗဟိုခံစစ်မှာလည်း ကစားနိုင်တာကြောင့် ချဲလ်ဆီးကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ပရက်စ်နဲလ် ကမ်မ်ပမ်ဘီ နေရာ အတွက်လည်း ယာထားခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။ လက်ရှိ အပြောင်းအရွှေ့မှာ ပေါ်တိုက ဗစ်တင်ဟာ၊ ရိမ်းစ်က ဟူဂို အီကီတစ်ကီ တို့ကို ခေါ်ယူထားခဲ့တဲ့ ပီအက်စ်ဂျီ အသင်း အတွက် နော်ဒီ မူကီလီ ကတော့ တတိယမြောက် ခေါ်ယူမှု ဖြစ်ပါတယ်။ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် အတွက် ၄ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၄၆ ပွဲ ကစားပေးခဲ့တဲ့ နော်ဒီ မူကီလီဟာ လက်ရှိ ဥရောပ အကောင်းဆုံး လူငယ် ညာနောက်ခံလူ တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်