နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၁၉/၁၀/၂၀၂၂)

အောက်တိုဘာ ၁၉ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်တွေ လွှမ်းမိုးခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမား ၁၀ ဦး စာရင်း

မနေ့ညက ကျင်းပခဲ့တဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲ အခမ်းအနားမှာ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆု Kopa Trophy)ကို ဘာစီလိုနာ ကြယ်ပွင့် ဂါဗီက ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် ထိပ်ဆုံး (၁၀) ယောက် စာရင်း မှာလည်း ဘွန်ဒက်စ်လီဂါ ကြယ်ပွင့် (၆) ဦး အထိ ပါဝင်ခဲ့ပါတယ်။

ဘေယန်မြူးနစ် ကွင်းလယ် ကြယ်ပွင့် ဂျာမယ်လ် မူဆီအာလာက အဆင့် (၃)၊ ဒေါ့မန် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်က အဆင့် (၄) သတ်မှတ်ခံခဲ့ရပါတယ်။

အေဂျက်စ် ကနေ ဘေယန်မြူးနစ်ကို ရောက်ရှိလာတဲ့ ရိုင်ယန် ဂရာဗင်ဘာ့ချ်နဲ့ လိုက်ပ်ဇစ် နောက်ခံလူ ဂျော့စ်ကို ဂက်ဗာဒီယိုလ်က အဆင့် (၆) ၊ လိုက်ပ်ဇစ် တိုက်စစ် ကြယ်ပွင့် ကာရင်မ် အဒီယီမီက အဆင့် (၉) နဲ့ လေဗာကူဆင် ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်က အဆင့် (၁၀) အဖြစ် ထိပ်ဆုံး (၁၀) ယောက် စာရင်းထဲ ပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

လာလီဂါ
ရီးယဲလ်မက်ဒရစ်
ဆီဗီလာ FC
1X2 ရီးယဲလ်မက်ဒရစ် @ 1.50
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် -1.25 @ 1.92
ဂိုးပေါ် 3.00 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဆိုကရေးတီးစ်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ မာနေး

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ တိုက်စစ်ကြယ်ပွင့် ဆာဒီယို မာနေးဟာ မနေ့ညက ကျင်းပခဲ့တဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲ အခမ်းအနားမှာ ပထမဆုံး အကြိမ် အဖြစ် သီးသန့် ချီးမြှင့်တဲ့ ဆိုကရေးတီးစ်ဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

ဒီဆုဟာ အားကစားနဲ့ ငြိမ်းချမ်းရေး ပြယုဂ်ကို ကိုယ်စားပြု ချီးမြှင့်တဲ့ဆု ဖြစ်ပြီး မာနေးရဲ့ ကွင်းပြင်ပ ဆောင်ရွက်ချက်တွေကြောင့်လည်း အခုလိုမျိုး ဒီဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

မာနေးဟာ ကွင်းတွင်း ခြေစွမ်းကောင်းမွန်သလို ကွင်းပြင်ပမှာလည်း သူ့ရဲ့ မွေးရပ်မြေ ရွာလေးကို မြို့ငယ်လေး အဆင့် အထိ တိုးတက်လာအောင် အဆင့်ဆင့် ထောက်ပံ့ပေးနေခဲ့သူ ဖြစ်ပါတယ်။ မြို့တစ်မြို့ရဲ့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို မာနေးက အဓိကထား တည်ဆောက်ပေးခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ဒီဆုကို အငြင်းပွားဖွယ်မရှိ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပြီး မာနေးဟာ ဘယ်လွန်ဒေါ အဆင့် သတ်မှတ်ချက် မှာလည်း ကာရင်မ် ဘန်ဇီမာရဲ့ အနောက် အဆင့် (၂) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။


ဆာနေး တံကောက်ကြော ဒဏ်ရာရရှိခဲ့ကြောင်း ဘေယန်မြူးနစ် အတည်ပြု

ဆာနေးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက ဖရိုင်းဘတ်ကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ပွဲစဥ်မှာ ဘယ်ဘက် ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ မသေချာ ဖြစ်သွားတဲ့ လီရွိုင်း ဆာနေး

ဘေယန်မြူးနစ်ဟာ သူတို့ရဲ့ အဓိက တောင်ပံ တိုက်စစ် ကစားသမား လီရွိုင်း ဆာနေး တစ်ယောက် တံကောက်ကြော ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြု ကြေညာသွားခဲ့ပါတယ်။

ဆာနေးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက ဖရိုင်းဘတ်ကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ပွဲစဥ်မှာ ဘယ်ဘက် ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကစားသမား အနေနဲ့ ဘယ်လောက်ကြာကြာ အနားယူရမယ် ဆိုတာကို မသိရသေးပါဘူး။

ဆာနေးဟာ အဲ့ဒီပွဲမှာ အသင်း အတွက် (၇၆) မိနစ်ကြာ ကစားပေးခဲ့ပြီး ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆာနေးရဲ့ ဒဏ်ရာက ဘေယန်မြူးနစ် အတွက်သာမက သူ့ရဲ့ ကမ္ဘာ့ဖလား ပါဝင် ကစားခွင့် အိပ်မက်ကို ထိခိုက်မှာလည်း စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒါ့အပြင် ဘေယန်မြူးနစ်ရဲ့ နောက်ထပ် ကွင်းလယ် တိုက်စစ်ကစားသမား သောမတ်စ် မူလာ ကလည်း နောက်ကျော ဒဏ်ရာ ပြဿနာရှိနေပြီး အသင်းရဲ့ ပွဲစဥ်တွေကို လွဲချော်နေရတာကြောင့် နည်းပြ ဂျူလီယန် နေဂဲလ်စ်စမန်း အတွက်တော့ တိုက်စစ်ပိုင်းက ခေါင်းစားစရာ ဖြစ်လာခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်