နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘွန်ဒက်စ်လီဂါ – ညနေခင်း သတင်းများ (၈/၁၀/၂၀၂၂)

အောက်တိုဘာ ၈ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လိုက်ပ်ဇစ် အားကစား ဒါရိုက်တာဟောင်းကို ခန့်အပ်ဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ နည်းစနစ် ဒါရိုက်တာဟောင်း ခရစ္စတိုဖာ ဗီဗဲလ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ချဲလ်ဆီး ပိုင်ရှင် တော့ဒ်ဘိုလေဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းရဲ့ အပြောင်းအရွှေ့တွေကို ကိုယ်တိုင် ကိုင်တွယ်ခဲ့ပြီးနောက် အားကစား ဒါရိုက်တာသစ် ခန့်အပ်ဖို့ကို ပြင်ဆင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဆဲလ်ဘာ့ဂ် အားကစား ဒါရိုက်တာ ခရစ္စတိုဖာ ဖရန့်တ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ လိုက်ပ်ဇစ် အားကစား ဒါရိုက်တာဟောင်း ဗီဗဲလ်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဗီဗဲလ်ဟာ ပြီးခဲ့တဲ့ အပတ်ကမှ လိုက်ပ်ဇစ်နဲ့ လမ်းခွဲခဲ့သူ ဖြစ်ပါတယ်။

ဗီဗဲလ်ဟာ လက်ရှိ မန်ချက်စတာစီးတီးမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အာလင်ဟာလန်း ကိုလည်း စင်တင်ပေးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ဗီဗဲလ် အကြား စာချုပ်ကိစ္စ အသေးစိတ် ကိုတော့ လက်ရှိအချိန်ထိ မသိရသေးဘဲ မကြာခင်မှာ တရားဝင် ကြေညာသွားမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။


ဒေါ့မန်နဲ့ ပွဲကို လွဲချော်သွားမယ့် ဘေယန်မြူးနစ်ရဲ့ အဓိက,ကစားသမား

ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ အပတ် ကိုလုံးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာ အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ သမိုင်းတလျှောက် အသက် အငယ်ဆုံး အသင်းခေါင်းဆောင် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒေါ့မန် အသင်းမှာ ခြေစွမ်းပြ ကစားနေတဲ့ ဂျူ့ဒ် ဘယ်လင်ဂမ်

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ အဓိက ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ သောမတ်စ် မူလာဟာ ဒေါ့မန်နဲ့ အဝေးကွင်းမှာ သွားရောက် ကစားရမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒီကစားသမားဟာ ပြီးခဲ့တဲ့ စနေနေ့မှာ ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး သီးသန့် နေထိုင်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ကြားရက်မှာ ကစားခဲ့တဲ့ ဗစ်တိုးရီးယား ပါလ်ဇန်နဲ့ ချန်ပီယံလိဂ် ပွဲစဥ် ကိုလည်း လွဲချော်ခဲ့ရပါတယ်။

ဂျော်ရွှာ ကင်မစ်ချ် ကလည်း ကိုဗစ် ကူးစက်ခံခဲ့ရပေမယ့် နေဂဲလ်စ်မန်းက “လက်ရှိအချိန်မှာ နှစ်ယောက်လုံးက ကိုဗစ်ပိုး မရှိတော့ပါဘူး။ ဒါပေမယ့် မူလာ ကတော့ ဖျားနာနေပြီး ဒေါ့မန်နဲ့ ပွဲမှာ သူပါဝင်နိုင်မှာ မဟုတ်ပါဘူး”

“ကင်မစ်ချ် ကတော့ အားလုံး အဆင်ပြေနေပြီး ဘာရောဂါလက္ခဏာမှ မရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ကင်မစ်ချ် ကလည်း မူလာနည်းတူ ကြားရက် ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့တာ ဖြစ်ပေမယ့် လာမယ့် ဒေါ့မန်နဲ့ ပွဲမှာတော့ ပြန်လည် ပါဝင်ဖို့ သေချာသလောက် ရှိနေပါတယ်။


ဒေါ့မန်နဲ့ ပွဲမတိုင်ခင် ဘယ်လင်ဂမ်ကို ချီးကျူးလိုက်တဲ့ ဘေယန်မြူးနစ် နည်းပြ

ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ဒေါ့မန်နဲ့ ဒီတပတ်မှာ တွေ့ဆုံမယ့်ပွဲ မတိုင်ခင် ပြိုင်ဘက် အသင်းရဲ့ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ လူငယ် ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်နဲ့ ပတ်သက်လို့ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

ဘန်ဒက် လီဂါ
‌ရှော်ကေး
‌ဟော့ဖန်ဟိမ်း
1X2 ‌ရှော်ကေး @ 3.65
‌ရှော်ကေး အာရှ ဟန်းဒီးကပ် +0.25 @ 1.99
ဂိုးပေါ် 3.00 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နေဂဲလ်စ်မန်းက “ဘယ်လင်ဂမ် အတွက် အရမ်းကို ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခုပါ။ သူက အရမ်းကို တက်ကြွပြီး ဂျာမယ်လ် (မူဆီအာလာ) နဲ့လည်း ကွဲပြားခြားနားတဲ့ ကစားသမားပါ”

“သူက ပိုပြီး Box to Box ဆန်ပါတယ်။ မူဆီအာလာက ဂိုးရှေ့မှာ ပိုမို ဒုက္ခပေးနိုင်ပြီး သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်နိုင်တဲ့ အတွက်လည်း ကျနော်တို့ အရမ်းကို ပျော်ရွှင်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ အပတ် ကိုလုံးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာ အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ သမိုင်းတလျှောက် အသက် အငယ်ဆုံး အသင်းခေါင်းဆောင် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်