နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ ညနေခင်း သတင်းများ (၂၇/၇/၂၀၂၂)

အခု တစ်ခါ ဇူလိုင် ၂၇ ရက်နေ့ ညနေခင်း အထိ စုဆောင်းရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မက်သီတဲလ်ကို ခေါ်ယူနိုင်ကြောင်း ဘေယန်မြူးနစ် တရားဝင် ကြေညာ

လီဂူးဝမ်း ကလပ် ရန်းစ် အသင်းရဲ့ လူငယ် တိုက်စစ် ကြယ်ပွင့် မက်သီတဲလ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အသင်းက တရားဝင် ကြေညာလိုက်ပါတယ်။

အသက် ၁၇ နှစ် အရွယ် ဘယ်တောင်ပံ ကစားသမားလေးဟာ လက်ရှိ ပြင်သစ် ယူ-၁၇ လက်ရွေးစင်ရဲ့ အသင်းခေါင်းဆောင် ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ရန်းစ် အသင်း အတွက် လိဂ်ပွဲ ၁၀ ပွဲ အထိ ကစားပေးခဲ့သူ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဘေယန်မြူးနစ်တို့ ပြင်သစ် ကြယ်ပွင့် အတွက် ယူရို သန်း ၃၀ ထက် မနည်း ပေးချေခဲ့ရတယ်လို့ သိရပါတယ်။

မက်သီတဲလ်က “ ဘေယန်မြူးနစ်ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ ကျွန်တော် ဒီစိန်ခေါ်မှုကြီးကို အရမ်း ရင်ဆိုင်ချင်နေပါပြီ။ ဒီကလပ် အတွက် ကျွန်တော် တတ်နိုင်သလောက် ပေးဆပ်သွားမှာပါ။ ဟာဆန် ဆာလီဟာမစ်ဇစ်နဲ့ ဆွေးနွေးခဲ့တာတွေ၊ ဘေယန်မြူးနစ်ရဲ့ စီမံခန့်ခွဲမှုတွေကို ကျွန်တော် အရမ်း သဘောကျခဲ့ပါတယ်။ အဲ့နောက်မှာ ကျွန်တော် ကျိန်းသေပေါက် မြူးနစ်ကို လာချင်နေတယ် ဆိုတာ ခပ်မြန်မြန်ပဲ သဘောပေါက်ခဲ့ပါတယ်။” လို့ ဆိုပါတယ်။

ဘေယန်မြူးနစ် ကတော့ မက်သီတဲလ်ကို ရေရှည် အတွက် ရည်ရွယ် ခေါ်ယူခဲ့တာ ဖြစ်ပြီး နည်းပြ ဂျူလီယန် နေဂျဲလ်စ်မန်း ကလည်း မက်သီတဲလ် အနေနဲ့ တစ်ချိန်မှာ တစ်ရာသီ ဂိုး ၄၀ သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာနိုင်ကြောင်း၊ ဒါပေမယ့် လာမယ့် ရာသီသစ်မှာ ၁၀ ဂိုးသွင်းနိုင်ရင်ကို ကျေနပ် ပျော်ရွှင်ကြောင်း ပြောကြားခဲ့ပါတယ်။


မန်စီးတီး တောင်ပံကစားသမားကို အမြန်ဆုံး ခေါ်ယူဖို့ လိုအပ်နေတဲ့ လေဗာကူဆင်

မန်စီးတီး လူငယ် တောင်ပံကစားသမား ဆမ်မြူရယ် အီဒိုဇီ ကိုတော့ ဆောက်သမ်တန် ကလည်း စိတ်ဝင်စားလာခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် အနေနဲ့ အမြန်ဆုံး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းရတော့မယ်လို့ သိရပါတယ်။

အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ဒီကစားသမားလေးဟာ လက်ရှိ မန်စီးတီး ယူ-၂၃ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေပြီး လက်ရှိ နွေရာသီမှာ လေဗာကူဆင်က ပေါင် ၅ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေသူလည်း ဖြစ်ပါတယ်။ အီဒိုဇီဟာ ပြီးခဲ့တဲ့ ရာသီ ကွန်မြူနတီဒိုင်း ပွဲစဥ်မှာ မန်စီးတီး အသင်းကြီး အတွက် တစ်ကြိမ် ပါဝင်ကစားခွင့်ရခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

လေဗာကူဆင်က အစောပိုင်း ကတည်းက ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အီဒိုဇီကို ဆောက်သမ်တန်က လက်ရှိမှာ ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပြီး စိန့်တို့ အနေနဲ့ ဘော့ဒိုး တိုက်စစ်မှူး ဆီကူမာရာ ကိုလည်း ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောင်းရွှေ့ကြေး ပေါင် (၁၁) သန်းနဲ့ ခေါ်ယူထားပါသေးတယ်။


ဒေါ့မန် ကစားသမားတစ်ဦးကို မခေါ်ယူဖြစ်ခဲ့တဲ့ အကြောင်း ရှင်းလင်းလာတဲ့ အက်ဒူး

အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အက်ဒူး ကတော့ သူ့အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အသင်းရဲ့ ကစားသမား တစ်ယောက်ကို မခေါ်ယူဖြစ်ခဲ့ရခြင်း အကြောင်းကို ရှင်းပြလာခဲ့ပါတယ်။ အက်ဒူးက အကြောင်းအရာ အကုန်လုံးကို ဖွင့်ချသွားခဲ့ပေမယ့် ကစားသမားရဲ့ နာမည် ကိုတော့ ထုတ်ဖော် ပြောကြားခဲ့ခြင်းတော့ မရှိပါဘူး။

အက်ဒူးက “ကစားသမားနဲ့ တွေ့ဖို့ ဂျာမနီ မကလို့ ဘယ်နေရာမဆို ကျွန်တော် သွားပါတယ်။ နောက်ပြီး အေးဂျင့်၊ မိသားစုနဲ့ ကစားသမားကို ကျွန်တော် တို့ရဲ့ အစီအစဥ်နဲ့ ပတ်သက်လို့လည်း ရှင်းပြချင်ပါတယ်။ အစီအစဥ်ကို သူတို့လည်း သဘောကျတာမျိုး ကျွန်တော် လိုချင်ပါတယ်။ တစ်ခုခု မှားယွင်းနေတယ် ဆိုရင် ကျွန်တော် ခေါ်မှာ မဟုတ်ပါဘူး။”

ဒေါ့မန် ကစားသမား တစ်ယောက်နဲ့ ပတ်သက်လို့ ကျွန်တော် ဒါမျိုး ကြုံဖူးပါတယ်။ ကျွန်တော် က အစီအစဥ်တွေ ရှင်းပြနေချိန်မှာ သူတို့က စာချုပ်ကိစ္စ ကိုပဲ စိတ်ဝင်စားပါတယ်။ ပိုက်ဆံအကြောင်းပဲ ပြောနေတဲ့ အခါကျတော့ အေးဂျင့်ကို ကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောပြီး မခေါ်တော့ဘူး ဆိုတာ အသိပေးလိုက်ပါတယ်” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အက်ဒူးဟာ ကစားသမားရဲ့ နာမည်ကို မဖွင့်ဟခဲ့ပေမယ့်လည်း ဗြိတိန်မီဒီယာတွေ ကတော့ ဒေါ့မန် နောက်ခံလူ အကန်ဂျီ ဖြစ်နိုင်တယ်လို့ ခန့်မှန်း ဖော်ပြနေကြပါတယ်။ ဒေါ့မန် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အာကန်ဂျီကို ရောင်းထုတ်ဖို့ အတွက် အာဆင်နယ်နဲ့ အဲဗာတန် တို့ကို ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဆိုတဲ့ ပမာဏကို ပေးချေလိုခြင်း မရှိကြတာကြောင့် ငြင်းပယ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်