နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – ညနေခင်း သတင်းများ (၂၇/၁၀/၂၀၂၂)

အောက်တိုဘာ ၂၇ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


“လီဝီနဲ့ ပြန်လည် တွေ့ဆုံရတာ အမြဲတမ်း ပျော်ရွှင်စရာ ကောင်းပါတယ်” – မူလာ

ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီးနဲ့ ပြန်လည် တွေ့ဆုံရတာ အမြဲတမ်း ပျော်ရွှင်ဖို့ ကောင်းကြောင်း ဘေယန်မြူးနစ် အသင်းဖော်ဟောင်း သောမက်စ် မူလာက ပြောဆိုသွားခဲ့ပါတယ်။

မူလာက “လီဝီနဲ့ ပြန်လည် တွေ့ဆုံရတာ အမြဲတမ်း ပျော်ရွှင်စရာ ကောင်းပါတယ်။ ဒါပေမယ့် သူက ရည်မှန်းချက် ကြီးမားတဲ့ ကစားသမား ဖြစ်တာကြောင့်တော့ စာနာမိပါတယ်။” လို့ ဂျာမန် သတင်းစာ တစ်စောင် ဖြစ်တဲ့ Sport Bild နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ်ဟာ မနေ့ညက နူးကမ့်ပ်မှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ဒုတိယအကျော့ အဖြစ် ရင်ဆိုင်ခဲ့ရပြီး ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာတို့ လက်ကျန် ၁ ပွဲသာ ကစားဖို့ ကျန်ရှိနေသေးပေမယ့်လည်း ယူရိုပါလိဂ် ဆင်းကန် ရဖို့ သေချာသွားခဲ့ပါတယ်။

ပွဲအပြီးမှာ လီဝမ်ဒေါစကီး အပါအဝင် ဘာဆာ ကစားသမားတွေရဲ့ စိတ်ပျက် အားလျော့နေတဲ့ ပုံစံတွေကို မြင်တွေ့ခဲ့ရပြီး အသင်းရဲ့ ပရိသတ်တွေ ကတောင် ကွင်းထဲ
ပြန်ဝင်လာခိုင်းပြီး စိတ်ဓာတ် ခွန်အား မြှင့်တင်ပေးတဲ့ အနေနဲ့ ဘာဆာ သီချင်းတွေကို သံပြိုင် သီဆို အားပေးခဲ့ကြပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ရာသီကလည်း ချန်ပီယံလိဂ် အုပ်စု အဆင့် ကနေပဲ ထွက်ခွာခဲ့ရတာကြောင့် ယူရိုပါလိဂ် ရှုံးထွက်အဆင့် ကစားခဲ့ရပေမယ့် ဆုဖလား အောင်မြင်မှုတော့ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

လာလီဂါ
ကာဒပ်ဇ်
အက်တလက်တီကို
ဂိုး‌အောက် 2.00 @ 2.23
ဂိုး‌ပေါ်် 1.00 @ 2.23
စုစုပေါင်းဂိုးအရေအတွက် 4-6 @ 4.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လေဗာကူဆင်ကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဂိုဆန်စ်

Sky Germany ရဲ့ ဖော်ပြချက်အရ ရော်ဘင် ဂိုဆန်စ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် အသင်းထံ ပြောင်းရွှေ့သွားနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ် အရွယ် ဂျာမန် ဘယ်နောက်ခံလူဟာ ပွဲကစားချိန် နည်းပါးမှုကြောင့် စိတ်ပျက်လျက် ရှိပြီး အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေသူ ဖြစ်ပါတယ်။ ဂိုဆန်စ်ကို ဂျာမန် ကလပ်ထံ ပြောင်းရွှေ့ဖို့ အတွက် စီးရီးအေ ကလပ် ဘက်ကလည်း လမ်းဖွင့်ထားတယ်လို့ သိရပြီး ဒါဟာ ဂိုဆန်စ်ကို ပြီးခဲ့တဲ့ နွေရာသီက တောက်လျောက် လိုက်နေခဲ့တဲ့ လေဗာကူဆင် အတွက်တော့ သတင်းကောင်း ဖြစ်ပါတယ်။

ဂိုဆန်စ်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ကမှ အတ္တလန္တာ ကနေ အင်တာမီလန်ဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ အင်တာမီလန်ကို ရောက်ကတည်းက ပြိုင်ပွဲစုံ ၂၂ ပွဲသာ ပါဝင် ကစားခွင့်ရသေးတဲ့ ဂိုဆန်စ် အနေနဲ့ ဒီနှစ် စီးရီးအေမှာ ၁၈၁ မိနစ်၊ ချန်ပီယံလိဂ် မှာတော့ မိနစ် ၂၀၀ သာ ပွဲထွက် ကစားခွင့် ရရှိထားခဲ့ပါတယ်။

ဂိုဆန်စ် ကိုယ်တိုင်က လေဗာကူဆင် ဘက်က စိတ်ဝင်စားနေတယ် ဆိုတာ သိရှိထားပြီး ဘွန်ဒက်စ်လီဂါ ကလပ် ဘက်ကသာ အတည်တကျ ကမ်းလှမ်းလာရင် အတည်တကျ စဉ်းစားဖို့ ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဂိုဆန်စ်ဟာ အီတလီမြေမှာ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး ဖျက်သိမ်းကြေး ကလည်း ယူရို ၂၅ သန်း သတ်မှတ်ထားတာကြောင့် လေဗာကူဆင် အတွက်တော့ စဉ်းစားစရာတော့ ဖြစ်နေခဲ့ရပါတယ်။


လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ ဟော်လာ

ဟော်လာဟာ ပြီးခဲ့တဲ့ နေရာသီကမှ နယ်သာလန် ကလပ် အေဂျက်စ် ကနေ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်မှာ ရောဂါ လက္ခာပေါ်ခဲ့တာကြောင့် အချိန်မီ ခွဲစိတ်ကုသမှု ခံယူခဲ့ရသူ ဖြစ်ပါတယ်။
ရာသီကြို ခြေစမ်းပွဲ မှာကတည်းက ဝှေးစေ့ အကျိတ် ရောဂါကြောင့် အနားယူနေရတဲ့ ဟော်လာ

ဝှေးစေ့ အကျိတ် ကင်ဆာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် အနားယူနေရတဲ့ ဒေါ့မန် တိုက်စစ်မှူး ဆဘက်ရှန် ဟော်လာ ကိုတော့ မကြာခင် မြက်ခင်းစိမ်းပေါ်မှာ ပြန်လည် မြင်တွေ့ရဖို့ နီးစပ်နေပါပြီ။ အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ နယ်သာလန်မှာ နေထိုင်ကာ ဝှေးစေ့ အကျိတ် ရောဂါ အတွက် ဓာတုကုထုံး ခံယူနေခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် ကစားသမားရဲ့ ရောဂါဟာ ထင်ထားတာထက် မြန်မြန်ဆန်ဆန် ကောင်းမွန်လာခဲ့တယ်လို့ သိရပြီး ဒေါ့မန် အတွက်လည်း ဝမ်းသာစရာ ဖြစ်ခဲ့ရပါတယ်။

ဟော်လာဟာ ပြီးခဲ့တဲ့ နေရာသီကမှ နယ်သာလန် ကလပ် အေဂျက်စ် ကနေ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်မှာ ရောဂါ လက္ခာပေါ်ခဲ့တာကြောင့် အချိန်မီ ခွဲစိတ်ကုသမှု ခံယူခဲ့ရသူ ဖြစ်ပါတယ်။ လက်တလော ဟော်လာ အနေနဲ့ အသင်းဟောင်း အေဂျက်စ်ရဲ့ လေ့ကျင့်ရေး ကွင်းမှာ တစ်ဦးတည်း လေ့ကျင့်ခန်းတွေ ပြန်လည် စတင်နေခဲ့ပြီး ဒေါ့မန် အသင်းဖော်တွေနဲ့ တွဲဖက် လေ့ကျင့်ခန်း ဆင်းနိုင်ဖို့တော့ မရှိသေးဘူးလို့ သိရပါတယ်။

ဟော်လာဟာ ပြီးခဲ့တဲ့ ရာသီက အေဂျက်စ်မှာ အားရစရာ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာကြောင့် ဘယ်လွန်ဒေါ ဆန်ကာတင် စာရင်းမှာ နေရာ တစ်နေရာ ရခဲ့သူလည်း ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ဟာ ဟော်လာနဲ့ မန်စီးတီးကို ပြောင်းသွားတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ နေရာမှာ တိုက်ရိုက် အစားထိုးဖို့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ကံဆိုးစွာနဲ့ပဲ အနားပေးခဲ့ရပြီး လက်တလော အထောင် တိုက်စစ် နေမှာ အသက်အရွယ် ကြီးနေတဲ့ မိုဒက်စ် ကိုသာ အားကိုးနေရတာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်