နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – ညနေခင်း သတင်းများ (၂၂/၁၀/၂၀၂၂)

အောက်တိုဘာ ၂၂ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘေယန်မြူးနစ်နဲ့ စာချုပ် သက်တမ်းတိုးဖို့ လူးကပ်စ် ဟာနန်ဒက်ဇ် မျှော်လင့်

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ နောက်ခံလူ လူးကပ်စ် ဟာနန်ဒက်ဇ်ဟာ အသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

ဘန်ဒက် လီဂါ
ဟာသာဘာလင်
‌ရှော်ကေး
1X2 ‌ရှော်ကေး @ 4.20
‌ရှော်ကေး အာရှ ဟန်းဒီးကပ် +0.75 @ 1.965
ဂိုးပေါ် 2.50 @ 1.74
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြင်သစ် လက်ရွေးစင် နောက်ခံလူ ပါဝင်ကစားတဲ့ ပွဲတိုင်း ဘေယန်မြူးနစ်က ရှုံးပွဲ မရှိခဲ့ဘဲ ဒီကစားသမား အနေနဲ့ စံချိန်ကောင်းတွေကို ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူးကပ်စ် ဟာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ အနားယူနေရပါတယ်။

လက်ရှိ ဘေယန်မြူးနစ်ရဲ့ ဗဟိုနောက်ခံလူ နေရာမှာ ဒါယော့တ် အူပါမီကာနို၊ မာသီးယပ်စ် ဒီလစ်ဂျ်တို့ ရှိနေပေမယ့် လူးကပ်စ် ဟာနန်ဒက်ဇ် အနေနဲ့ ဒဏ်ရာက ပြန်လည် သက်လာရင်တော့ အသင်းမှာ ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။

ဒါ့အပြင် ဒီကစားသမားက လာမယ့် (၂၀၂၄) ဇန်နဝါရီမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး သူ့ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ အသင်းဘက်က မျှော်လင့်နေပါတယ်။ လက်ရှိအချိန် မှာလည်း လူးကပ်စ် ဟာနန်ဒက်ဇ်ရဲ့ အေးဂျင့်နဲ့ အသင်းအကြား ဆွေးနွေးမှုတွေ ရှိနေပြီး ဘယ်အချိန်မှာ စာချုပ်သစ် ချုပ်ဆိုမယ် ဆိုတာ ကိုတော့ မသိရသေးပါဘူး။


ဆီနီဂေါက အခြား အသင်းတွေလို ကမ္ဘာ့ဖလားမှာ ရေပန်းမစားဘူး” မာနေး

ဆီနီဂေါ လက်ရွေးစင် အသင်းခေါင်းဆောင် ဆာဒီယို မာနေးက လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သူ့အသင်းက အခြားသော နာမည်ကျော် အသင်းတွေ လိုမျိုး ရေပန်းမစားကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာ (၂၁) မှာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို စတင် ကျင်းပတော့မှာ ဖြစ်ပြီး ဆီနီဂေါ ကလည်း ခြေစစ်ပွဲ အောင်မြင်ထားပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်လို့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကြယ်ပွင့် မာနေးက “ကျနော်တို့ ဆီနီဂေါက ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားတဲ့ အသင်း အဖြစ် ကျနော် မမြင်ပါဘူး”

“ဘာကြောင့်လဲ ဆိုတော့ ဆီနီဂေါရဲ့အထက်မှာ စပိန်၊ ပြင်သစ်တို့လိုမျိုး နိုင်ငံအသင်းတွေ အများကြီး ရှိနေလို့ပါ။ ကျနော်တို့ အဲ့ဒီပြိုင်ပွဲကို အေးတိအေးစက် မလုပ်ဘဲ ကျနော်တို့ရဲ့ ပုံစံအတိုင်း ကြိုးစား ကစားသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဆီနီဂေါဟာ အုပ်စု (က) မှာ အိမ်ရှင် ကာတာ၊ နာမည်ကြီး နယ်သာလန်၊ အီကွေဒေါ တို့နဲ့ တအုပ်စုတည်း ကျရောက်လျက် ရှိပါတယ်။


လာမယ့် ဆောင်းရာသီ အတွက် ဂျာအို ဖီးလစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ တိုက်စစ်ပိုင်း ထက်မြက်ဖို့ အတွက် အရည်အသွေးမြင့် နာမည်ကျော် ကစားသမား တစ်ဦးကို အားဖြည့်ဖို့ လိုအပ်နေပြီး ဖီးလစ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ရွေးချယ်စရာ တစ်ခု ဖြစ်နေခဲ့တာပါ။
အက်တလက်တီကို မက်ဒရစ်မှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့ ဂျာအို ဖီးလစ်

ဘေယန်မြူးနစ်ဟာ လာမယ့် ဆောင်းရာသီ ပစ်မှတ် အဖြစ် အက်သလက်တီကိုမက်ဒရစ်ရဲ့ တိုက်စစ်မှူး ဂျာအို ဖီးလစ်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဖီးလစ်ဟာ အသင်းမှာ အဆင်မပြေ ဖြစ်နေပြီး နည်းပြ ဒီယေဂို ဆီမြွန်နီနဲ့ သူ့အကြားမှာလည်း ပြဿနာတွေ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီကစားသမားကို ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ ကလည်း ချဥ်းကပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။

ဖီးလစ်ဟာ ဘင်ဖီကာမှာ ရှိနေတည်းက ဥရောပ ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ် ဖြစ်နေခဲ့သူပါ။ အခုချိန်မှာတော့ အသင်းနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အပြောင်းအရွှေ့ သတင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ဟာ တိုက်စစ်ပိုင်း ထက်မြက်ဖို့ အတွက် အရည်အသွေးမြင့် နာမည်ကျော် ကစားသမား တစ်ဦးကို အားဖြည့်ဖို့ လိုအပ်နေပြီး ဖီးလစ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ရွေးချယ်စရာ တစ်ခု ဖြစ်နေခဲ့တာပါ။

ဒါပေမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ ဖီးလစ် တို့ရဲ့ စာချုပ်ပါ လျော်ကြေးက ယူရိုသန်း (၃၅၀) အထိ ရှိနေတာကြောင့် ဒီပမာဏ ကတော့ ဘေယန်မြူးနစ်တို့ ပေးချေလိုတဲ့ ပမာဏ မဟုတ်ပါဘူး။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်