အောက်တိုဘာ ၁၄ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဝါရင့် ကစားသမား နှစ်ဦးကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတဲ့ ဒေါ့မန်
ဒေါ့မန်ဟာ အသင်းရဲ့ ဝါရင့် ကစားသမား နှစ်ယောက် ဖြစ်တဲ့ မာကို ရိုက်စ်နဲ့ မတ်ဟမ်းမဲလ် တို့ကို စာချုပ် သက်တမ်း တိုးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
အဆိုပါ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ လာမယ့် လပိုင်းအတွင်း အသင်းမှာ ရှိတဲ့ ကစားသမား အများအပြားကို စာချုပ်သစ်ချုပ်ဆိုဖို့ လုံးပမ်းရတော့မှာ ဖြစ်ပါတယ်။ အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်ထားတဲ့ ကစားသမားတွေ ထဲမှာ မာကို ရိုက်စ်နဲ့ ဟမ်းမဲလ်တို့ ပါဝင်တယ်လို့ သိရပါတယ်။
ဒေါ့မန်ဟာ သူတို့ရဲ့ အဓိက အသင်းခေါင်းဆောင်နဲ့ ဒုတိယ အသင်းခေါင်းဆောင် တို့ကို စာချုပ်သက်တမ်း ၁ နှစ်စီ သက်တမ်းတိုးဖို့ ပြင်ဆင်ထားပါတယ်။ လက်ရှိအချိန်ထိတော့ ကစားသမားတွေနဲ့ အသင်းကြား ညှိနှိုင်းမှုတွေ မစတင်ရသေးပါဘူး။
ဒါပေမယ့် ဒေါ့မန် ထိပ်သီးပိုင်း တာဝန်ရှိသူတွေ ကတော့ ဒီနှစ်ယောက်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ စာချုပ်သစ်မှာတော့ နှစ်ယောက်လုံးရဲ့ လုပ်ခလစာတွေ လျော့နည်းသွားနိုင်ပြီး အပိုဆုကြေးကိုသာ တိုးမြှင့်ပေးဖို့ ပြင်ဆင်ထားပါတယ်။
အသင်းရဲ့ ကြယ်ပွင့်ကို ကင်းထောက် အများအပြား စောင့်ကြည့်နေကြောင်း လေဗာကူဆင်ပြော
လေဗာကူဆင်ရဲ့ အားကစား ဒါရိုက်တာ ဆိုင်မွန် ရိုဖဲလ်စ်က အသင်းရဲ့ကြယ်ပွင့် မူဆာ ဒီယာဘီကို ကင်းထောက် အများအပြားက စောင့်ကြည့်နေကြကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ အသက် (၂၃) နှစ် အရွယ် အဆိုပါ တိုက်စစ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ပြိုင်ပွဲစုံမှာ (၃၂) ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။
ရိုဖဲလ်စ်က “ကျနော်တို့ ဒီယာဘီကို သေချာပေါက် အသင်းမှာ ဆက်ထိန်းထားချင်ပါတယ်။ ကျနော်တို့ရဲ့ပွဲတွေမှာ ကင်းထောက်အများအပြား လာရောက်ကြည့်ရှုနေတာကို ကျနော် သိထားပါတယ်”
“ဘာလို့လဲဆိုတော့ ဒီအသင်းမှာက အလားအလာကောင်းတွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ လူငယ်ကစားသမား အများအပြားရှိနေလို့ပါ။ ပက်ထရစ် ရှစ်ခ်လည်း အတူတူပါပဲ”
“လတ်တလောမှာတော့ ဒီယာဘီအတွက် ကျနော်တို့ ဘာကမ်းလှမ်းမှုမှမရရှိသေးပါဘူး။ ကျနော်တို့ သူ့ကို အသင်းမှာ ဆက်ထိန်းထားချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီယာဘီဟာ လေဗာကူဆင်နဲ့ စာချုပ်သက်တမ်း (၃) နှစ်ကျန်ရှိနေသေးပြီး သူ့ကို ခေါ်ယူဖို့ နယူးကာဆယ်က အဓိက စောင့်ကြည့်လျက် ရှိပါတယ်။
ဖရန့်ဖတ် နောက်ခံလူကို စောင့်ကြည့်နေကြတဲ့ အာဆင်နယ်နဲ့ ရိုးမား
အာဆင်နယ်နဲ့ ရိုးမားတို့ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်ရဲ့ နောက်ခံလူ အီဗန် အန်ဒစ်ကာကို စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။
အာဆင်နယ် နည်းပြ အာတီတာဟာ လာမယ့် နွေရာသီမှာ အသင်းရဲ့ ဗဟိုခံစစ်ကို အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ အန်ဒစ်ကာကို စိတ်ဝင်စားမှု အရှိဆုံး နှစ်သင်းက အာဆင်နယ်နဲ့ ရိုးမား ဖြစ်တယ်လို့ သိရပါတယ်။ အန်ဒစ်ကာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဖရန့်ဖတ် အတွက် အဓိက, ကစားသမား အဖြစ် ခြေစွမ်းပြခဲ့သူပါ။
အာဆင်နယ် ဗဟိုနောက်ခံလူ ဂါဘရီရယ်ဟာ ပြီးခဲ့တဲ့ နွေရာသီက အသင်း ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး အာတီတာ ကတော့ အန်ဒစ်ကာကို လာမယ့် ဆောင်းရာသီ ဒါမှမဟုတ် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.