ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ ပြင်သစ် တောင်ပံကစားသမား ကင်စလေ ကိုမန်ကို လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ကနေ သန်း ၄၀ ဝန်းကျင်နဲ့ ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။ ဘေယန်မြူးနစ်ဟာ ကိုမန်လို့ တစ်နှစ် လုပ်ခ လစာ ယူရို ၁၈ သန်း အထိ ပေးချေနေရတဲ့ ကစားသမားကို ရှင်းထုတ်ချင်နေတာ ဖြစ်ပြီး တခြားသော ကွင်းလယ် ကြယ်ပွင့် တစ်ဦးနဲ့ အစားထိုးချင်နေတာလည်း ဖြစ်ပါတယ်။
ဘေယန်မြူးနစ်ဟာ ကိုမန်ရဲ့ လုပ်ခလစာ ကုန်ကျစရိတ်တွေ လျှော့ချပြီးတော့ သူတို့ အမှန်အကန် လိုချင်နေတဲ့ ဂျာမန် ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ အတွက်မှာ ပြန်လည် အသုံးချချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၁ အရွယ် ကွင်းလယ် တိုက်စစ် ကစားသမားလေး ကိုတော့ ဘေယန်မြူးနစ် အပြင် မန်ချက်စတာစီးတီး၊ ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ် တို့လို ထိပ်တန်း အသင်းကြီးတွေ ကလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဝစ်ဇ်ဟာ လက်ရှိရာသီမှာ လေဗာကူဆင် အတွက် ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ ၁၅ ဂိုး သွင်းပြီး ၁၃ ဂိုး ဖန်တီးပေးထားပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဖလော်ရီယန် ဝစ်ဇ်ဟာ လာမယ့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာသွားနိုင်ချေ ရှိနေပြီးတော့ သူ့ကိုတော့ ဘေယန်မြူးနစ်နဲ့ မန်ချက်စတာစီးတီး တို့က အပြိုင်အဆိုင် ကမ်းလှမ်းဖို့ အသင့် ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ဂျာမနီမှာ ဆက်ကစားချင်တာကြောင့် မန်စီးတီးထက် ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ဆီသာ ပြောင်းရွှေ့ဖို့ ပိုမို နီးစပ်နေပါတယ်။
ဝစ်ဇ်ဟာ ကွင်းလယ် တိုက်စစ်မှာသာ မက Inverted Winger ၊ False Nine တွေ အဖြစ်ပါ ကစားနိုင်သူ ဖြစ်ပြီး လက်ရှိမှာ လေဗာကူဆင်နဲ့ အတူ အကောင်းဆုံး တောက်ပနေတဲ့ ကြယ်ပွင့် ကစားသမား ဖြစ်ပါတယ်။ ဝစ်ဇ်ဟာ လိုအပ်ရင် လိုအပ်သလို တစ်ကွင်းလုံး လိုက်ပါ ကစားနိုင်သူ ဖြစ်ပြီး ဂိုးသွင်းအားရော ဂိုးဖန်တီးမှုပါ အားကောင်းသူ ဖြစ်ပါတယ်။
လက်ရှိ ဖလော်ရီယန် ဝစ်ဇ်ရဲ့ တန်ကြေးက ယူရို သန်း ၁၀၀ ကျော်တဲ့ ရှိနေပြီး ဘေယန်မြူးနစ် အနေနဲ့ ဝစ်ဇ်ကို ခေါ်ယူချင်ရင်တော့ အသင်း ကနေ ကစားသမား တချို့ကို အရင်ဆုံး ရောင်းထုတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ဘေယန်မြူးနစ်က ရောင်းထုတ်လိုတဲ့ ကစားသမား စာရင်းမှာတော့ ပြင်သစ် တောင်ပံ ကစားသမား ကင်စလေ ကိုးမန်းလည်း ပါဝင်နေပြီး သူ့ကို ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ်နာဆာ၊ အဲလ်ဟီလာ တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။
ကိုမန်ဟာ ဘေယန်မြူးနစ် အတွက် ၁၀ ရာသီ အတွင်း ပြိုင်ပွဲစုံ ၂၆၇ ပွဲ ကစားကာ ၆၁ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ကတော့ ၅၈ ကြိမ် ပြုလုပ်ထားပါတယ်။ ကိုမန်ဟာ ဒီရာသီ မှာတော့ ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားပြီးတော့ ၆ ဂိုး သွင်းကာ ၄ ဂိုး ဖန်တီးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.