မူအာနီကို ပြောင်းလဲ ပစ်မှတ်ထားလာတဲ့ ဘေယန်မြူးနစ်၊ ဒေါ့မန်ကို စွန့်ခွာခဲ့ခြင်း အတွက် နောင်တရနေတဲ့ ဆန်ချို စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၃၀ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မူအာနီကို ပြောင်းလဲ ပစ်မှတ်ထားလာတဲ့ ဘေယန်မြူးနစ်
ဘေယန်မြူးနစ်ဟာ ဖရန့်ဖတ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီကို ခေါ်ယူဖို့ အတွက် ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီရာသီမှာ ဖရန့်ဖတ် အတွက် အကောင်းဆုံး ခြေစွမ်းပြနေသလို အချိန်တို အတွင်းမှာပဲ ပြင်သစ် လက်ရွေးစင် အသင်း မှာပါ အဓိက တိုက်စစ်မှူး အဖြစ် ထည့်သွင်း ရွေးချယ်ခံနေရတာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီမှာ အထောင် တိုက်စစ်မှူးသစ် သေချာပေါက် ဝယ်ယူမှာ ဖြစ်ပြီး နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်နဲ့ အတူ ဘွန်ဒက်စ်လီဂါ အတွေ့အကြုံရှိပြီးသား မူအာနီ ကိုပါ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ မူအာနီကို ခေါ်ယူဖို့ အတွက် အခြားသော ဥရောပ ထိပ်တန်း အသင်းတွေ ကလည်း ပစ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ကစားသမား ကိုယ်တိုင် ကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး ရွေးချယ်ရခြင်း မရှိသေးပါဘူး။
ဖရန့်ဖတ်ဟာ မူအာနီ အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၁၀၀) အထိ အလိုရှိနေပေမယ့် ဘေယန်မြူးနစ်သာ ဒီကစားသမား အတွက် အမှန်တကယ် ကြိုးစားလာမယ် ဆိုရင် အဆိုပါ ပမာဏထက် လျော့နည်းတဲ့ ပမာဏနဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။
ဒေါ့မန်ရဲ့ ပင်နယ်တီကို မှားယွင်း ပယ်ဖျက်ခဲ့မိကြောင်း ဂျာမန် FA ဝန်ခံ
ဂျာမန် ဘောလုံးအဖွဲ့ချုပ်က ဘိုချမ်နဲ့ ဒေါ့မန် တို့ရဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်မှာ ဒေါ့မန် ရရှိခဲ့သင့်တဲ့ ပင်နယ်တီတွေကို မှားယွင်းစွာ ပယ်ဖျက်ခဲ့မိတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။
ဒီပွဲမှာ ဒေါ့မန်တို့ တဂိုးစီသရေနဲ့ ကျေနပ်ခဲ့ရပြီး နောက်ဆုံး မိနစ် ဖြစ်ရပ် အပါအဝင် ပွဲချိန် အတွင်း ပင်နယ်တီ ၂ ကြိမ် အထိ ရရှိခဲ့သင့်တာပါ။ ပွဲကစားချိန် ၆၅ မိနစ်မှာ ဘိုချမ် ကစားသမား ဒန်နီလို ဆိုအာရက်စ်က ကာရင်မ် အဒီယီမီကို ဧရိယာအတွင်း ဖျက်ထုတ်ခဲ့ပြီး ပွဲချိန် နောက်ဆုံး မိနစ်မှာလည်း အာဟန်မာဆိုဗစ်က ဧရိယာအတွင်းမှာ ဘောလုံးကို လက်နဲ့ ထိခဲ့တာပါ။
ဒေါ့မန်ဟာ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်ထားပေမယ့် ဒီသရေပွဲကြောင့် ဒီနေ့ညမှာသာ ဘေယန်မြူးနစ် အနိုင်ရခဲ့မယ် ဆိုရင် ဒုတိယနေရာကို ပြန်ဆင်းပေးရတော့မှာ ဖြစ်ပါတယ်။
ဒေါ့မန်ကို စွန့်ခွာခဲ့ခြင်း အတွက် နောင်တရနေတဲ့ ဆန်ချို
လက်ရှိ မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုဟာ ဒေါ့မန်ကို စွန့်ခွာခဲ့တဲ့ အပေါ် နောင်တရနေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ကနေ ယူနိုက်တက်ကို စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လက်ရှိ ယူနိုက်တက်မှာ ရုန်းကန်နေရဆဲ ဖြစ်ပြီး ဒေါ့မန်ကို စွန့်ခွာခဲ့တဲ့ အပေါ် နောင်တရနေကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဆန်ချို တစ်ယောက် လာမယ့် ဘောလုံး ရာသီမှာ အသင်းဟောင်း ဒေါ့မန်ကို အငှားနဲ့ ဖြစ်ဖြစ် ပြန်လည် ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
ဆန်ချိုဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် (၃၃) ပွဲ ကစား၊ (၆) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးထားပြီး နောက်ဆုံး ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲစဥ် မှာလည်း အသင်း အတွက် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.