နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီယောင်ကို ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေတဲ့ ဘေယန်မြူးနစ်၊ ပါစကယ် ဂရော့စ်ကို ပြန်လည် ခေါ်ယူချင်နေတဲ့ ဘရိုက်တန် | ဘွန်ဒက်စ်လီဂါ

အခုတစ်ခါမှာတော့ ဇန်နဝါရီ ၄ ရက်နေ့ အတွက် ရရှိထားသမျှ ဘွန်ဒက်စ်လီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင် အတွက် ယူရို ၅၀ သန်း (ပေါင် ၄၃.၆ သန်း၊ ဒေါ်လာ ၅၈.၇ သန်း) ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဒီယောင် ကတော့ ဘာစီလိုနာ ကနေ ထွက်ခွာလိုကြောင်း ပြောကြားထားခြင်း မရှိပေမယ့် လာလီဂါ ကလပ် ဘက်ကနေတော့ ရောင်းထုတ်ချင်နေကြောင်း သိရပါတယ်။

ကီလီယန် အမ်ဘာပေး ဒဏ်ရာရပြီးနောက် ရီးရဲလ်မက်ဒရစ်က လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာကို ခေါ်ယူဖို့ စဉ်းစားခဲ့ပေမယ့် သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာ တောင်းဆိုမှုတွေက အဆင်မပြေ ဖြစ်စေခဲ့ကြောင်း Defensa Central က ဖော်ပြပါတယ်။

တော့တင်ဟမ်ဟော့စပါး ညာနောက်ခံလူ ပက်ဒရို ပေါ်ရို ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် တစ်ခု ဖြစ်နေပြီး ရီးရဲလ်မက်ဒရစ် ကတော့ ထရန့် အလက်ဇန္တား-အာနိုးလ် အတွက် အပြိုင်အဆိုင် ဖြစ်ဖို့ မျှော်လင့်နေပါတယ်။

ဘာစီလိုနာဟာ ဒီဆောင်းရာသီမှာ ခံစစ် ညာအစွန်ကို ဦးစားပေး ဖြည့်တင်းဖို့ထက် ဗဟိုနောက်ခံလူသစ် တစ်ဦးကို ခေါ်ယူဖို့ အာရုံစိုက်နေပါတယ်။ ဒါပေမယ့်လည်း ဒေါ့မန်က ဂျူလီယန် ရိုင်ယာဆန် ကတော့ ဂျူးလ်စ် ကွန်ဒေးရဲ့ နေရာမှာ အစားထိုးမယ့် ကစားသမား အဖြစ် ဘာစီလိုနာက စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

ဒင်းန် ဟောက်ဆန် ကတော့ ဒီနွေရာသီမှာ ဘုန်းမောက် ကနေ ရောက်ရှိလာပြီးနောက်ပိုင်း ရီးယဲလ်မက်ဒရစ်မှာ တာဝန်ရှိသူတွေကို အထင်ကြီးအောင် မလုပ်နိုင်ဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကလပ် အသင်းရဲ့ တာဝန်ရှိသူတွေက လာမယ့်လတွေမှာ ကစားသမားရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ဖို့ စီစဉ်ထားပါတယ်။ 

ဒူဆန် ဗလာဟိုဗစ်ဟာ မကြာခင်မှာ ဂျူဗင်တပ်စ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဘာစိလိုနာနဲ့ အေစီမီလန် နှစ်သင်းစလုံးက ဆားဘီးယားသားကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဂျူဗင်တပ်စ် ကတော့ သူ့ရဲ့ နေရာမှာ အက်တလက်တီကိုမက်ဒရစ်က အလက်ဇန္တား ဆောလော့သ်နဲ့ အစားထိုးဖို့ အသင့် ရှိနေပါတယ်။

ဂျာမန်သားဟာ ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံး ကျင်လည်ခဲ့သူ ဖြစ်ပြီး အခုတော့ နယ်မြေသစ်မှာ ပုံစံကောင်း ပြန်လည် ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။
အေစီမီလန်မှာ အငှားနဲ့ သွားရောက် ကစားမယ့် နစ်ကလပ်စ် ဖူးလ်ခရက်ဂျ်

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က ဒီဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ နောက်ခံလူ တစ်ဦး ခေါ်ယူဖို့ လိုအပ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဘာစီလိုနာက ဒီရာသီ လာလီဂါ ၁၈ ပွဲမှာ ဂိုး ၂၀ အထိ ပေးထားခဲ့ရပါတယ်။ ဒါဟာ ထိပ်ဆုံး ၇ သင်းထဲမှာ ဂိုးအများဆုံး ပေးခဲ့ရတဲ့ အသင်းလည်း ဖြစ်နေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ၆ ပွဲ ကစားထားရာ မှာလည်း ၁၁ ဂိုး အထိ ပေးခဲ့ရပါတယ်။ ဘာစီလိုနာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ခရစ္စတန်ဆန် ဒူးအရွတ် ဒဏ်ရာ ရခဲ့ပြီး အာရူဟို ကိုလည်း စိတ်ကျန်းမာရေး အခြေအနေကြောင့် တစ်လလောက် အနားပေးခဲ့ရပါတယ်။ ဒါကြောင့် နည်းပြ ဟန်ဆီ ဖလစ်ခ် အနေနဲ့ ဆယ်ကျော်သက် ကူဘာဆီကို ဘယ်နောက်ခံလူ ဂျရတ် မာတင်နဲ့ ဗဟိုခံစစ် အတွင်းနေရာမှာ တွဲဖက် ကစားစေခဲ့ရပါတယ်။

အေစီမီလန်ဟာ ဝက်စ်ဟမ်းက ဂျာမန် တိုက်စစ်မှူး နစ်ကလပ်စ် ဖူးလ်ခရက်ဂျ်ကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူခဲ့ပြီး အပြီးသတ် ခေါ်ယူခွင့် ရှိတဲ့ အချက်လည်း ပါဝင်နေပါတယ်။ ဂျာမန်သားဟာ ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံး ကျင်လည်ခဲ့သူ ဖြစ်ပြီး အခုတော့ နယ်မြေသစ်မှာ ပုံစံကောင်း ပြန်လည် ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။

ဘရိုက်တန် ကတော့ ဒေါ့မန်က‌ သူတို့ရဲ့ ကွင်းလယ်လူဟောင်း ပါစကယ် ဂရော့စ်ကို ပေါင် ၁.၃ သန်းနဲ့ ပြန်လည် ခေါ်ယူပြီး ၁၈ လ သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာ ပေါ်တူဂီကလပ် ဂီလ်ဗင်းဆင်တေးက ဘရာဇီးလ် တိုက်စစ်မှူး ပါဘလို ဖိလစ်ပီကို ပေါင် ၂၁.၈ သန်းနဲ့ ခေါ်ယူပြီး ၄ နှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်