ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဘေယန်မြူးနစ်၊ ဘယ်လင်ဟမ်လို ကစားသမားတွေ အီတလီ မှာလည်း ရှိတယ်လို့ ဆိုလိုက်တဲ့ မန်စီနီ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၉ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဘေယန်မြူးနစ်
ကိုင်ဟာဗက်ဇ်ဟာ ဘွန်ဒက်စ်လီဂါ အတွေ့အကြုံ ရှိတဲ့ ကစားသမား တစ်ယောက် ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် ကမှ လေဗာကူဆင် ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဘယ်လင်ဟမ်လို ကစားသမားတွေ အီတလီ မှာလည်း ရှိတယ် ဆိုတဲ့ မန်စီနီ
အီတလီ လက်ရွေးစင် အသင်း နည်းပြ ရော်ဘတ်တို မန်စီနီက ဒေါ့မန်နဲ့ အင်္ဂလန် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်လို အရည်အချင်းမျိုးနဲ့ ကစားသမားတွေ အီတလီ မှာလည်း ရှိကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
အသက် (၁၉) နှစ် အရွယ် အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟာ လက်ရှိအချိန်မှာ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) အနည်းဆုံး တန်ကြေး ရှိနေပြီလည်း ဖြစ်ပါတယ်။
လိုင်မာကို တရားဝင် ခေါ်ယူလိုက်နိုင်တဲ့ ဘေယန်မြူးနစ်
ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ အသင်း တစ်သင်းပဲ ဖြစ်တဲ့ လိုက်ပ်ဇစ် ကွင်းလယ်လူ ကွန်ရာ့ဒ် လိုင်မာကို တရားဝင် ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
အဆိုပါ ကစားသမား အတွက် ပြီးခဲ့တဲ့လ အနည်းငယ်တည်းက သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ဒီကစားသမားကို ဘွန်ဒက်စ်လီဂါ ဘီလူးကြီးတို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိခဲ့တာပါ။ ဒါပေမယ့် လက်ရှိ ဆောင်းရာသီမှာ ဘေယန်မြူးနစ်နဲ့ ပူးပေါင်းဦးမှာ မဟုတ်ဘဲ လာမယ့် နွေရာသီမှသာ အသင်းကို ရောက်ရှိလာမယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.