နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေနဲ့ ဖရန့်ဖတ်ကို အနိုင်ရခဲ့တဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ (ပွဲပြီးသုံးသပ်ချက်)

countdown banner

ဘေယန်မြူးနစ် ၂-၁ ဖရန့်ဖတ်

အခုတစ်ပတ် မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃၁ မှာတော့ ဘေယန်မြူးနစ်က ဖရန့်ဖတ်ကို ဟယ်ရီကိန်းရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ ဦးဆောင်ဂိုး အရင် သွင်းနိုင်ခဲ့ပေမယ့် ဖရန့်ဖတ်ရဲ့‌ ချေပဂိုးကြောင့် နိုင်ပွဲ ရဖို့ လက်ကျန် မိနစ်တွေမှာ အားစိုက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

သောမက်စ် တူချယ်က ဘေယန်မြူးနစ်က ၄-၂-၃-၁ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီးတော့ နော်အာ၊ ဒီလစ်ဂျ်၊ ဒိုင်ယာ၊ မက်ဇရာရူအီ၊ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ လိုင်မာ၊ ဂွာရဲရိုး၊ မူလာ၊ ချူပိုမော့တင်း၊ ကိန်းတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဖရန့်ဖတ် ကလည်း သူတို့ရဲ့ အတောင်းတင်းဆုံး လူစာရင်း ဖြစ်တဲ့ ထရပ်၊ ကော့ချ်၊ တူတာ၊ ပါချို၊ ဆက်ခ်ဟီရီ၊ ဂေါ့တ်ဇီ၊ ဘူတာ၊ အီဘင်မ်ဘီ၊ ကေနော့ဖ်၊ မာမို့ရှ်၊ အီကီတီကီ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ 

ဘေယန်မြူးနစ်ဟာ ဒီနေ့ပွဲမှာ ပွဲစဉ် တစ်လျှောက်လုံး ဖရန့်ဖတ်ကို အပြည့်အဝ လွှမ်းမိုးသွားနိုင်ခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှုလည်း ၆၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ပွဲစပြီး ၁၀ မိနစ် မပြည့်ခင်မှာပဲ ဘေယန်မြူးနစ်တို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဖရန့်ဖတ် နောက်တန်းရဲ့ ပေါ့ဆမှု ကနေ လိုင်မာက ဖောက်ထွက်ပြီး ဖန်တီးပေးရာကနေ တိုက်စစ်မှာ အသင့်ပါလာတဲ့ ဟယ်ရီကိန်းက အမှားအယွင်း မရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ လိုင်မာ အနေနဲ့ ကိုယ်တိုင် ဂိုးကန်သွင်းလို့ ရပေမယ့် တစ်ကိုယ်ကောင်း မဆန်ပဲ ပိုပြီး သေချာစေဖို့ ဟယ်ရီကိန်းကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

ဖရန့်ဖတ် ကတော့ လက်ရှိမှာ ရမှတ် ၄၅ မှတ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး သူတို့လည်းပဲ ဥရောပ ဝင်ခွင့် တစ်နေရာရဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။
ဥရောပ ဝင်ခွင့် တစ်နေရာရဖို့ အခြေအနေကောင်းနေပြီဖြစ်တဲ့ ဖရန့်ဖတ်

ဒါပေမယ့် ပွဲချိန် ၂၃ မိနစ် မှာတော့ ဖရန့်ဖတ်က ချေပဂိုး ပြန်သွင်းသွားခဲ့ပြီး တိုက်စစ်မှူး အီကီတီကီက ဘေယန်မြူးနစ် နောက်ခံလူတွေကို လိမ်ခေါက် ကျော်ဖြတ်ပြီး အဝေးကန်ချက်နဲ့ လှလှပပ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဘေယန်မြူးနစ် တို့ ဖရန့်ဖတ် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပြီး မူလာရဲ့ ကန်ချက် နှစ်ကြိမ် အံ့အားသင့်ဖွယ် လွဲချော်ခဲ့တာကြောင့် ဘေယန်မြူးနစ်တို့ နစ်နာခဲ့ရပါတယ်။ 

ဒုတိယပိုင်းမှာ ဘေယန်မြူးနစ်တို့ တရစပ် တိုက်စစ်ဆင်နေရင်း ကနေ အနိုင်ဂိုး ရရှိဖို့ အကြောင်းဖန်လာခဲ့ပြီး ပွဲချိန် ၆၁ မိနစ် မှာတော့ ပင်နယ်တီ ကတဆင့် ဟယ်ရီကိန်းက သွင်းယူပေးခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ဖရန့်ဖတ်က ချေပဂိုး ရဖို့ ကြိုးစားခဲ့ပေမယ့် ဘေယန်မြူးနစ်က အနိုင်ရလဒ်ကို ထိန်းသွားခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ ၁၁ ရာသီ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တဲ့ စံချိန် တစ်ခု ရပ်တန့်သွားခဲ့ရပေမယ့် ဂုဏ်သိက္ခာအရ နိုင်ပွဲတွေနဲ့ ရာသီသိမ်းနိုင်ဖို့ ကြိုးစားနေပုံပါပဲ။ ချန်ပီယံလိဂ်မှာ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် တက်သွားခဲ့ပြီး‌နောက် ဘေယန်မြူးနစ်တို့ ယုံကြည်ချက်လည်း ပြန်ရလာပြီး ခြေစွမ်းပိုင်းလည်း တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ တောင်ပံမှာ ကစားပေးနေတဲ့ ဂွာရဲရိုး ကလည်း ထင်ထားတာထက် ပွဲတိုင်းလိုလို ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနေပြီး ဘေယန်မြူးနစ်တို့ ရလဒ်ကောင်းနေခြင်းရဲ့ သော့ချက် တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ အဆင့် ၃ နေရာက စတုဂတ်ကို ၅ မှတ် ဖြတ်နိုင်ခဲ့ပြီး အဆင့် ၂ နေရာက ရာသီသိမ်းဖို့ များနေပြီ ဖြစ်ပါတယ်။ ဖရန့်ဖတ် ကတော့ လက်ရှိမှာ ရမှတ် ၄၅ မှတ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး သူတို့လည်းပဲ ဥရောပ ဝင်ခွင့် တစ်နေရာရဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ဟာ လာမယ့် မေလ ၁ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကစားဖို့ ရှိပြီး ဖရန့်ဖတ် ကတော့ ၅ ရက်နေ့မှာ လေဗာကူဆင်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်