နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဆင်မ်ဟန်ရဲ့ ပြောင်းရွှေ့ကြေးကို မေးခွန်းထုတ်ခဲ့တဲ့ အိုလီဗာခန်း၊ ယူနိုက်တက် ဂိုးသမားဟောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လစ်ဗာပူးလ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

အိုဆင်မ်ဟန်ရဲ့ ပြောင်းရွှေ့ကြေးကို မေးခွန်းထုတ်ခဲ့တဲ့ အိုလီဗာခန်း၊ ယူနိုက်တက် ဂိုးသမားဟောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လစ်ဗာပူးလ် စတဲ့ သတင်းတွေ အပါအဝင် မေလ ၁၁ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အိုဆင်မ်ဟန်ရဲ့ ပြောင်းရွှေ့ကြေးကို မေးခွန်းထုတ်ခဲ့တဲ့ အိုလီဗာခန်း

ဘေယန်မြူးနစ် အမှုဆောင်အရာရှိချုပ် အိုလီဗာခန်းက နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး အပေါ် မေးခွန်းထုတ် ဝေဖန်လိုက်ပါတယ်။ 

အဆိုပါ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ဟာ လာမယ့် နွေရာသီမှာ အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေပြီး အိုဆင်မ်ဟန် ကလည်း သူတို့ရဲ့ ပစ်မှတ် ကစားသမားထဲမှာ ပါဝင်နေပါတယ်။ 

ဒါပေမယ့် နာပိုလီ ဘက်ကတော့ ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၁၃၀) အထိ သတ်မှတ်ထားပြီး ဒီပမာဏ ကိုတော့ ဘေယန်မြူးနစ် ဘက်က ပေးချေလိုခြင်းမရှိပါဘူး။ 

အိုလီဗာခန်းက ဒီလို ပြောင်းရွှေ့ကြေး အပေါ်ကို မေးခွန်းထုတ်ရမှာ ဖြစ်ကြောင်း၊ ကစားသမား ဘက်က ဒီငွေကြေး အတွက် တစ်စုံတစ်ရာ အာမခံချက် ပေးနိုင်မလား ဆိုတာ ရှိသေးကြောင်း၊ ဒါက လုံးဝကို ကြီးမားတဲ့ စွန့်စားမှု တစ်ခု ဖြစ်ကြောင်း ဝေဖန် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

ဘေယန်မြူးနစ်ရဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း (၈၀) ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ နောက်ခံလူ လူးကပ်စ် ဟာနန်ဒက်ဇ် အတွက် ပေးချေခဲ့ရတာပါ။ 

ယူရိုပါလိဂ်
ဂျူဗင်တပ်စ်
ဆီဗီလာ FC
1X2 သရေ (Draw) @ 3.45
ဂိုးပေါ် 2.25 @ 2.02
ဂိုးပေါင်း 2-3 @ 1.82
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ် ကနေ မူလာ ထွက်ခွာမှာ မဟုတ် 

သောမတ်စ် မူလာဟာ လာမယ့် နွေရာသီမှာ ဘေယန်မြူးနစ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီသတင်းတွေကို ကာယကံရှင် ကိုယ်တိုင်ရော၊ အသင်း ဘက်ကပါ ငြင်းဆန်ခဲ့ပါတယ်။ 

အဆိုပါ ဘွန်ဒက်စ်လီဂါ ဝါရင့်ကစားသမားကြီးဟာ နည်းပြ သောမတ်စ် တူချယ် လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပါတယ်။ အဲ့ဒါကြောင့်လည်း မူလာ တစ်ယောက် လာမယ့်နွေမှာ အသင်းကို စွန့်ခွာနိုင်ကြောင်း ဂျာမန် နာမည်ကျော် သတင်းဌာန တချို့က ဖော်ပြခဲ့တာပါ။ 

ဒါပေမယ့်လည်း မူလာ ကိုယ်တိုင်က “မြင်းတွေသာ သတင်းစာ ဖတ်တတ်ခဲ့ရင်…” ဆိုပြီး အဆိုပါ သတင်းတွေကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် အိုလီဗာခန်း ကလည်း မူလာက အသင်း ကနေ ထွက်ခွာခွင့် တောင်းမယ့် ကစားသမားမျိုး မဟုတ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ 


ဟန်နိုဗာ ဂိုးသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အသင်း ကတော့ ဘွန်ဒက်စ်လီဂါ – ၂ ကလပ် ဟန်နိုဗာရဲ့ ဂိုးသမား ရွန် ရောဘတ်ဇီလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ လစ်ဗာပူးလ်ဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့ အရန် ဂိုးသမား နေရာကို ဖြည့်တင်းဖို့ အတွက် ပြင်ဆင်နေပြီး ဇီလာက အခုလိုပဲ အသင်းရဲ့ ပစ်မှတ် တစ်ခု ဖြစ်လာခဲ့တာပါ။ 

အသက် (၃၄) နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဇီလာဟာ ဟန်နိုဗာရဲ့ အသင်းခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ပြီး အင်္ဂလန် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးသမားဟောင်းလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်ရဲ့ လက်ရှိ နံပါတ် (၂) ဂိုးသမား ကိုင် ရိုဟင်မ်ကယ်လာဟာ,ဟာ လာမယ့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာမှာ ဖြစ်တာကြောင့်လည်း လစ်ဗာပူးလ်တို့ ဂိုးသမား အသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ ဇီလာဟာ (၂၀၁၄) ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီ လက်ရွေးစင် အသင်းရဲ့ လူစာရင်း မှာလည်း ပါဝင်ခဲ့ပြီး အဲ့ဒီအချိန်က ဂျိုအာချင်လိုးရဲ့ တတိယမြောက် ဂိုးသမား ဖြစ်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်