နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အလွန်ဆိုရဲ့ အရောင်တင်မှုနဲ့ တကျော့ပြန် တောက်ပလာတဲ့ လေဗာကူဆင် (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဒီတစ်ပတ် ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေ အပြီး မှာတော့ အလွန်ဆိုရဲ့ လေဗာကူဆင်က အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဦးဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီ လေဗာကူဆင်ရဲ့ ခြေစွမ်းပိုင်းက တော်တော်လေး ချီးကျူးစရာ ကောင်းနေပြီး လက်ရှိအချိန်အထိလည်း ရှုံးပွဲ မရှိသေးပါဘူး။ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၆) ပွဲအထိ ကစားပြီးချိန်မှာ လေဗာကူဆင်က (၅) ပွဲနိုင်၊ တစ်ပွဲ သရေကျထားပါတယ်။ ရဂိုး ကလည်း (၂၀) အထိ ရှိနေပြီး ပေးဂိုး ကလည်း (၆) ဂိုးသာ ရှိပါသေးတယ်။

သရေကျခဲ့တဲ့ တစ်ပွဲ ကလည်း ဘေယန်မြူးနစ်ကို သရေကျခဲ့တာ ဖြစ်ပြီး အဝေးကွင်းမှာ တူတူတန်တန် ယှဉ်ကစားရင်း နှစ်ဂိုးစီ သရေနဲ့ ကျေနပ်ခဲ့ရတာပါ။ မိန့်ဇ်နဲ့ အဝေးကွင်း ပွဲမှာလည်း လက်ဖျားခါလောက်စရာ ကစားပုံနဲ့ အဆင့်အတန်းကို ပြသခဲ့ပြီး သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့နောက် အခုလိုမျိုးပဲ အမှတ်ပေးဇယား ထိပ်ဆုံးကို

ထိုက်ထိုက်တန်တန်နဲ့ တက်ရောက်လာခဲ့တာပါ။ ဒီရာသီ အလွန်ဆိုရဲ့ အသင်းက ဘွန်ဒက်စ်လီဂါမှာ ဂိုးသွင်း အများဆုံး အသင်း ဖြစ်နေပြီး အလွန်ဆိုရဲ့ တိုက်စစ် ကစားဟန်က ဘယ်လောက် အထိ အသုံးတည့်နေသလဲ ဆိုတာ မြင်သာပါတယ်။

အခွင့်အရေး ဖန်တီးမှု အပိုင်းတွေက အစ ဘေယန်မြူးနစ်က လွဲလို့ အခြားသော ဘွန်ဒက်စ်လီဂါ အသင်းတွေထက် ခေါင်းတစ်လုံး ပိုမြင့်တဲ့ အခြေအနေထိပါ ရောက်နေခဲ့တာပါ။
ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လေဗာကူဆင်

အခွင့်အရေး ဖန်တီးမှု အပိုင်းတွေက အစ ဘေယန်မြူးနစ်က လွဲလို့ အခြားသော ဘွန်ဒက်စ်လီဂါ အသင်းတွေထက် ခေါင်းတစ်လုံး ပိုမြင့်တဲ့ အခြေအနေထိပါ ရောက်နေခဲ့တာပါ။ အလွန်ဆိုနဲ့ ပတ်သက်လို့ ချီးကျူးစရာတွေက မကုန်နိုင်ပါဘူး။

လေဗာကူဆင်ဟာ ဂျာမနီရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ တဖြည်းဖြည်း ကျရိပ်ပြခဲ့ပါသေးတယ်။ ဒါပေမယ့် အလွန်ဆိုရဲ့ ဆွဲတင်မှုတွေကြောင့်ပဲ အခုလိုမျိုး လူရိုသေ၊ ရှင်ရိုသေ အဆင့်အတန်းမျိုး အထိ ရောက်ရှိလာခဲ့တာပါ။ ဘေယန်မြူးနစ်လို အသင်းမျိုး ရှိနေချိန်မှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို မျက်စောင်းထိုးဖို့က မလွယ်ကူပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေ ကိုသာ ဆက်ထိန်းသွားရင် အလွန်ဆိုနဲ့ လေဗာကူဆင်တို့ အတွက် ထိုက်တန်တဲ့ ရလဒ်တစ်ခုနဲ့ ရာသီသိမ်းနိုင်ဖို့ သေချာသလောက် ရှိနေတယ် လို့ပဲ ရဲရဲကြီး ဟောကိန်းထုတ်ပါရစေ။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
နာပိုလီ
ရီးယဲလ်မက်ဒရစ်
1X2 ရီးယဲလ်မက်ဒရစ် @ 2.50
ဂိုးအောက် 3.00 @ 1.70
ဂိုးပေါင်း 2-3 @ 1.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချန်ပီယံလိဂ် မှာတော့ အလွန်ဆိုရဲ့ ဥရောပ အတွေ့အကြုံ မရှိမှုနဲ့ အတူပဲ အနည်းငယ် ရုန်းကန်ရမလား ဆိုတာတော့ စိုးရိမ်စရာ ရှိပါလိမ့်မယ်။ ဒါပေမယ့်လည်း ပြည်တွင်းမှာတော့ ဒီအသင်းက မက်လောက်စရာ ကစားပုံကို ပွဲတိုင်း ပြသနေပါတယ်။ ရလဒ်ကောင်းဖို့တင် မဟုတ်ဘဲ ခြေစွမ်းကောင်းဖို့၊ အလွန်ဆိုက သူ့ရဲ့ ဖလော်ဆော်ဖီ အတိုင်း ကစားနိုင်ဖို့ သေချာ စီစဉ်ထားပြီး ဒါကပဲ လေဗာကူဆင်ကို အခုလိုမျိုး ရလဒ်ကောင်းတွေနဲ့ ပန်းပန်နိုင်စေခဲ့ပါတယ်။

ရာသီအဖွင့်မှာတင် လေဗာကူဆင်တို့ ဘေယန်မြူးနစ်ကို ခြိမ်းခြောက်နိုင်မလား၊ စိန်ခေါ်နိုင်မလား ပြောဖို့က စောပါတယ်။ ဒါပေမယ့် နာမည်ကြီးကစားသမားတွေ များပြားနေတဲ့ ဘေယန်မြူးနစ်ကို စိန်ခေါ်ကစားနိုင်ခဲ့တာ၊ Style of Play အရ အခြားအသင်းတွေထက် ပိုမိုကောင်းမွန်လာခဲ့တာတွေက ဒီရာသီမှာ အလွန်ဆိုရဲ့ လေဗာကူဆင်က စောင့်ကြည့်ချင်စရာ ကောင်းလွန်းနေပြီလို့ ပြောကြားရင်း…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်