နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ရာသီ လေဗာကူဆင်မှာပဲ ဆက်ရှိနေဖို့ များသွားတဲ့ အလွန်ဆို၊ ဒီယာဘီကို အရှိန်မြှင့် ကြိုးပမ်းလာဖွယ် ရှိနေတဲ့ အာဆင်နယ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

countdown banner

နောက်ရာသီ လေဗာကူဆင်မှာပဲ ဆက်ရှိနေဖို့ များသွားတဲ့ အလွန်ဆို၊ ဒီယာဘီကို အရှိန်မြှင့် ကြိုးပမ်းလာဖွယ် ရှိနေတဲ့ အာဆင်နယ် စတဲ့ သတင်းတွေ အပါအဝင် မေလ ၅ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နောက်ရာသီ လေဗာကူဆင်မှာပဲ ဆက်ရှိနေဖို့ များနေတဲ့ အလွန်ဆို 

လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆို ကတော့ ထိပ်တန်း အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်ရှိ အသင်းနဲ့ပဲ လာမယ့် ရာသီကို ဖြတ်သန်းဖို့ အာရုံစိုက်ထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

စပိန် လူမျိုး နည်းပြဟာ သူ့ရဲ့ နည်းပြ ဘဝ ပထမဆုံး ရာသီမှာတင်ပဲ လေဗာကူဆင်ကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်ထိ ပို့ဆောင်ပေးထားနိုင်သလို ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား မှာလည်း အဆင့် (၆) နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။ 

ဒါကြောင့်လည်း သူ့ကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးက ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အသင်းဟောင်း ရီးရဲလ်မက်ဒရစ် ကလည်း ရေရှည် အတွက် စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဖော်ပြလျက် ရှိနေပါတယ်။ 

ဒါပေမယ့် အလွန်ဆို ကတော့ ကျွန်တော် ဘောလုံး လောကမှာ ကောလာဟလတွေက ပုံမှန်ပဲ ဖြစ်ကြောင်း၊ အဲ့ဒါကြောင့်လည်း ဒီအသင်း အတွက် ရာနှုန်းပြည့် အာရုံစိုက်နိုင်ခဲ့ကြောင်း၊ လာမယ့်ရာသီ မှာလည်း ဒီအသင်းမှာ ဆက်ရှိဖို့ ရာနှုန်းပြည့် ခေါင်းထဲထည့်ထားကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ 


ဒီယာဘီကို အရှိန်မြှင့် ကြိုးပမ်းလာဖွယ် ရှိနေတဲ့ အာဆင်နယ်

အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟာ အာဆင်နယ်ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်ခဲ့ပြီး သူ့ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ကလည်း စိတ်ဝင်စားနေပါတယ်။
ရီးစ် နယ်လ်ဆင် နေရာ အတွက် ဒီယာဘီနဲ့ အစားထိုးချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်ရဲ့ လူငယ် ကြယ်ပွင့် ရီးစ် နယ်လ်ဆင်ဟာ အသင်းရဲ့ ပထမအကြိမ် စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်တာကြောင့် အသင်း တာဝန်ရှိသူတွေက လေဗာကူဆင် ကြယ်ပွင့် မူဆာ ဒီယာဘီကို ပိုမို အလေးအနက်ထား စဥ်းစားနေကြပြီလို့ သိရပါတယ်။ 

နယ်လ်ဆင် အနေနဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်သည့် တိုင်အောင် ဆွေးနွေးမှုတွေ ကတော့ ဆက်ရှိနေဆဲ ဖြစ်ပြီး သူ့နေရာ အတွက် ကြယ်ပွင့် ကစားသမား တစ်ဦး ထပ်ခေါ်ယူဖို့ ကိုလည်း အာဆင်နယ်က စီစဥ်နေတာပါ။ 

အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟာ အာဆင်နယ်ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်ခဲ့ပြီး သူ့ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ကလည်း စိတ်ဝင်စားနေပါတယ်။ လေဗာကူဆင် ဘက်က ဒီယာဘီ အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) သတ်မှတ်ထားပြီး အာဆင်နယ် အားကစား ဒါရိုက်တာ အက်ဒူး ကလည်း ဒီယာဘီကို သဘောကျလျက် ရှိပါတယ်။ 

ဘန်ဒက် လီဂါ
ဒေါ့မွန်
ဝုဖ်ဘတ်
1X2 သရေ @ 4.40
ဒေါ့မွန် အာရှ ဟန်းဒီးကပ် -1.25 @ 2.05
ဂိုးပေါ် 3.50 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ဖွယ် မရှိတဲ့ လေဗာကူဆင် အမှုဆောင် အရာရှိချုပ်

လေဗာကူဆင် အမှုဆောင် အရာရှိချုပ် ဖာနန်ဒို ကာရိုဟာ ဘာစီလိုနာကို ပြောင်း‌ရွှေ့ဖို့ အတွက် သတင်းတွေ ထွက်‌ပေါ်လာခဲ့ကြောင်း သိရပါတယ်။ 

ဘာစီလိုနာဟာ အသင်းရဲ့ ဒါရိုက်တာ မက်တယူး အယ်လ်မန်နီနဲ့ လမ်းခွဲခဲ့ပြီးနောက် သူ့နေရာကို အစားထိုးဖို့ ဂျော်ဒီ ခရိုက်ဖ်နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဂျော်ဒီခရိုက်ဖ်နဲ့သာ အဆင်မပြေခဲ့ရင်တော့ ဘာစီလိုနာတို့ ဘွန်ဒက်စ်လီဂါရဲ့ သြဇာရှိ ပုဂ္ဂိုလ် သုံးဦးထဲက တစ်ဦး အပါအဝင် ဖြစ်တဲ့ လေဗာကူဆင် အမှုဆောင် အရာရှိချုပ် ကာရိုကို ခေါ်ယူဖို့ ပစ်မှတ်ထားလာနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။ 

ကာရိုဟာ ဥရောပ ဘောလုံးလောက အကြောင်းကို ကောင်းစွာ သိရှိသူ တစ်ယောက် အဖြစ် ထင်ရှားပြီး သူ့မိခင်ဖြစ်သူ ကလည်း စပိန်လူမျိုး တစ်ယောက် ဖြစ်သလို ကာရို ကလည်း ဘာစီလိုနာဖွား သြစတြီးယား နိုင်ငံသား တစ်ယောက် ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်