နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရိုက်တန်ဆိုတာ မန်ချက်စတာစီးတီးအတွက် ပြိုင်ဘက်မဟုတ်ခဲ့ပါဘူး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာစီးတီး vs ဘရိုက်တန်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ရဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ ဘရိုက်တန်တို့ကတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီခွဲမှာ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ တောက်လျောက် ရလဒ်တွေကောင်းနေတဲ့ မန်ချက်စတာစီးတီးတို့ သရေပွဲနဲ့ ရှုံးပွဲတွေကြားမှာ တစ်လှည့်စီရုန်းကန်နေရတဲ့ ဘရိုက်တန်နဲ့ တွေ့ဆုံနေလို့ လွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

မန်ချက်စတာစီးတီးတို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင်ရထားပြီး ပရီးမီးယားလိဂ်မှာလည်း နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ပြန်လည်တက်လှမ်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ဇယားထိပ်က အသင်းတွေ ရလဒ်ပိုင်းယိုင်မှုကြောင့် မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိ အဆင့် ၅ နေရာမှာ ရပ်တည်နေပေမယ့် ထိပ်ဆုံးက လစ်ဗာပူးလ်ထက် ၂ ပွဲလျော့၊ ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်ထက် ၁ ပွဲလျော့ ကစားပြီး ၄ မှတ်သာ ကွာဟတဲ့ အနေအထားကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ မန်ချက်စတာစီးတီးတို့ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ဖလား ၄ လုံး လမ်းကြောင်းပေါ် မှာ ရှိနေပြီး ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေတာကြောင့်လည်း ဘာမဆို မျှော်လင့်နိုင်ပါတယ်။ တစ်ချက်ရှိတာက ဒီရာသီမှာ မန်ချက်စတာစီးတီးတို့ ဒဏ်ရာရကစားသမား များနေပြီး လာပေါ့တ်၊ ဂါစီယာ၊ ပလ်မာ၊ ဖာရန်းတောရက်စ်၊ နေသန်အေခီ၊ ရာဟင်မ်စတာလင်၊ အဂွဲရိုး တို့လည်း အခု ဘရိုက်တန်နဲ့ ပွဲမှာ ပါဝင်လာနိုင်ဖို့ မသေချာပါဘူး။ မန်ချက်စတာစီးတီးတို့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်လည်း ၇ ပွဲကစားရာမှာ ၄ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၁ ပွဲရှုံးထားပါတယ်။

ထူးခြားချက်က သရေပွဲ ၈ ပွဲအထိ ရှိထားတာ ဖြစ်ပြီး ဒါဟာ ၂၀၂-၂၀၂၁ ပရီးမီးယားလိဂ်မှာ သရေအများဆုံးကျထားတဲ့ အသင်း ဖြစ်နေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

ဘရိုက်တန်ကတော့ ခြေစွမ်းကျဆင်းနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားပါတယ်။ ဇင်ယော်တို့ရဲ့ ဒီရာသီ ခြေစွမ်းက အဆိုးဆုံးကြီး မဟုတ်ပေမယ့် ကောင်းလည်း ကောင်းမနေတာကြောင့် လက်ရှိ ပရီးမီးယားလိဂ်မှာ ၂ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၇ ပွဲရှုံးထားပြီး အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။ ထူးခြားချက်က သရေပွဲ ၈ ပွဲအထိ ရှိထားတာ ဖြစ်ပြီး ဒါဟာ ၂၀၂-၂၀၂၁ ပရီးမီးယားလိဂ်မှာ သရေအများဆုံးကျထားတဲ့ အသင်း ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ အက်စတွန်ဗီလာကို အနိုင်ရပြီးကတည်းက သရေပွဲနဲ့ ရှုံးပွဲတွေ များနေခဲ့တဲ့ အသင်းပါ။ နောက်ဆုံးကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာတောင် အောက်တန်းကလပ် နယူးပို့တ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာတော့ ၄ ပွဲသရေကျပြီး အာဆင်နယ်ကို ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်ရမယ်ဆိုရင် ၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှံးထားလို့ ရမှတ် ၉ မှတ်ပဲ ရှာဖွေထားနိုင်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မန်ချက်စတာစီးတီးနဲ့ ဘရိုက်တန်တို့ရဲ့ ၂၀၁၇ ခုနှစ် နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ်မှာ ၇ ကြိမ်စလုံး မန်ချက်စတာစီးတီးက အနိုင်ရထားပါတယ်။ တွေ့ဆုံမှု တော်တော်များများမှာလည်း မန်ချက်စတာစီးတီးတို့ အနည်းဆုံး ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရထားခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ မန်ချက်စတာစီးတီးက ၀-၅၊ ၀-၄ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကြေးဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာစီးတီး vs ဘရိုက်တန် 1X2 မန်ချက်စတာစီးတီး @ 1.18
ဇန်နဝါရီလ ၁၄ ရက်, မနက် ၁၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၁၄ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁၆.၀၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၈.၅၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ မန်ချက်စတာစီးတီးတို့ နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းရဲ့ ဟန်ချက် ပြန်ညီလာပြီး ပုံမှန်ခြေစွမ်းပြန်ရလာခဲ့တာ တွေ့ရပါတယ်။ ပြိုင်ပွဲစုံ နိုင်ပွဲဆက်နေတဲ့ မန်ချက်စတာစီးတီးတို့ အတွက် နောက်ထပ် ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဘရိုက်တန်က မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံချိန်တိုင်း ပြိုင်ဘက် အဆင့်မှာ မရှိခဲ့ပါဘူး။ မန်ချက်စတာစီးတီးတို့ အနည်းဆုံး ၃ ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်