ဆောက်သမ်တန် – ဘရိုက်တန်
အခုတစ်ပတ် ပရီးမီးယားလိဂ် စူပါဆန်းဒေး ညနေရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် ဆောက်သမ်တန်နဲ့ ဘရိုက်တန်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ နှစ်သင်းစလုံး တပ်ပျက်နေပေမယ့် အစဉ်အလာအရ ဆောက်သမ်တန် က ပိုသာခဲ့ပြီး ကစားသမားကောင်းတွေလည်း ပိုမို ပိုင်ဆိုင်ထားလို့ အနိုင် ၃ မှတ်အတွက် ဆိုရင်တော့ အိမ်ရှင်ဘက်က အပြည့်အဝ အားသာနေပါတယ်။
ဆောက်သမ်တန်တို့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နိုင်ပွဲ ပြန်ရခဲ့ပေမယ့် နောက်ဆုံး ပွဲစဉ်မှာ မန်ချက်စတာစီးတီးကို ၅-၂ နဲ့ ဂိုးပြတ်အရေးနိမ့်ထားခဲ့ပြန်ပါတယ်။ လက်တလော ဆောက်သမ်တန်ရဲ့ ခြေစွမ်းက ခန့်မှန်းရခက်ပြီး တစ်ပွဲနဲ့ တစ်ပွဲ အတက်အကျ လုံးဝမမှန်ပါဘူး။ အဆိုးဆုံးက တိုက်စစ်က ဒန်နီအင့်ဂ်နဲ့ ချေးအက်ဒမ်တို့ ဂိုးပေါက်ပျောက်ဆုံးနေတာ ဖြစ်ပြီး ရာသီအစက တောက်ပခဲ့တဲ့ ဝဲလ်ကော့တ်၊ အိုဘာဖေမီ၊ ရိုမီယူ၊ ဒီဂျန်ပိုတို့ ဒဏ်ရာ ရရှိနေဆဲ ဖြစ်လို့ ဆောက်သမ်တန်တို့ ရှုံးပွဲတွေ တောက်လျောက် ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ ဆောက်သမ်တန်တို့ရဲ့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင်လည်း နိုင်ပွဲ ၁ ပွဲသာ ရှိထားပြီး ရှုံးပွဲ ၃ ပွဲ၊ သရေ ၁ ပွဲ ရှိထားပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၇ မှတ်သာ ကွာဟနေလို့ အန္တရာယ်တော့ ရှိနေပြီး လက်ကျန်ပွဲတွေမှာ တတ်နိုင်သမျှ နိုင်ပွဲရရှိဖို့ လိုအပ်နေပါတယ်။ ဆောင်သမ်တန်တို့ရဲ့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၆ ပွဲရှုံးနိမ့်ထားလို့ အခြေအနေ ကောင်းနေတယ်လို့တော့ ပြောလို့မရပါဘူး။
ဘရိုက်တန်တို့ လက်တလော ပရီးမီးယားလိဂ် အဆင့် ၁၇ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်ထဲက ဖူလ်ဟမ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဘရိုက်တန်တို့ရဲ့ ပရီးမီးယားလိဂ် အပါအဝင် နောက်ဆုံး ၅ ပွဲ ရလဒ်ကို ကြည့်မယ်ဆိုရင်တော့ ၄ ပွဲရှုံးပြီး ၁ ပွဲသရေကျထားပါတယ်။ ရှုံးနိမ့်ခဲ့တာကလည်း အသင်းကြီးတွေကို မဟုတ်ပဲ အသင်းငယ်တွေကိုပဲ ဖြစ်လို့ ဘရိုက်တန်တို့ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနေပြီလို့ ပြောလို့ရပါတယ်။ ဒီရာသီ အစပိုင်းလောက်မှာ ခြေစွမ်းမာကျောခဲ့တဲ့ ဘရိုက်တန်တို့ လက်ရှိမှာတော့ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် နေရာစုံမှာ အားနည်းနေလို့ နောက်ထပ် ရှုံးပွဲ တစ်ပွဲ ဖြစ်သွားနိုင်ပါတယ်။ အသင်းရဲ့ ဒဏ်ရာရ/ပွဲပယ် စာရင်းကို ကြည့်မယ်ဆိုရင်တော့ ကိုနိုလီ၊ ဝက်ဘ်စတား၊ မာ့ချ်၊ လမ့်တေး၊ အန်ဒန်းတို့ ရှိနေပါတယ်။ ဘရိုက်တန်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည် ကတော့ ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲ ရှုံးနိမ့်ထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဆောက်သမ်တန်နဲ့ ဘရိုက်တန်တို့ရဲ့ ၂၀၁၀ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု ၁၃ ကြိမ်မှာ ဆောက်သမ်တန်က ၇ ကြိမ် အနိုင်ရပြီး ဘရိုက်တန်က ၁ ကြိမ်သာ ပြန်လည်အနိုင်ရကာ သရေပွဲ ၅ ပွဲအထိ ရှိထားပါတယ်။ ဒီရာသီ ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဆောက်သမ်တန်က ဘရိုက်တန်ကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
ဆောက်သမ်တန် – ဘရိုက်တန်
ဆောက်သမ်တန် – ဘရိုက်တန် | 1×2 အိမ်ရှင် @ ၂.၉၆ ဆ | |
မတ်လ ၁၄ ရက်, ည ၆:၃၀ နာရီ (GMT + ၆:၃၀) |
1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၉၆ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၆၁ ဆ ကြေးဖွင့် ပြီး သရေအတွက် ၂.၈၇ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘရိုက်တန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ဆောက်သမ်တန် ကတော့ ၁ ပွဲပဲ အနိုင်ရထားလို့ ခြေစွမ်း မကောင်းတာခြင်း အတူတူပါပဲ။ ဒါပေမယ့် အစဉ်အလာ အရ ဘရိုက်တန်ဟာ ဆောက်သမ်တန်အတွက် ငယ်နိုင်လို ဖြစ်နေလို့ အခုပွဲမှာ မဖြစ်မနေ နိုင်ပွဲရှာမယ့် ဆောက်သမ်တန် ဘက်မှာပဲ ရပ်တည်ပါမယ်။ ဆောက်သမ်တန် အနိုင်သေချာပြီး ခန့်မှန်းရလဒ်ကတော့ ၁-၀ သို့မဟုတ် ၂-၀ ပါ။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.