နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် သွင်းဂိုးတွေနဲ့ တိုက်စစ် အားပြိုင်ကြမယ့်ပွဲ | လိဒ်စ်ယူနိုက်တက် – အဲဗာတန် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် vs အဲဗာတန်

လိဒ်စ်ယူနိုက်တက် – အဲဗာတန်အခုတစ်ပတ် စနေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက လိဒ်စ်ယူနိုက်တက်နဲ့ အဲဗာတန်ပွဲ ကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ဘောလုံးရသ အပြည့်အဝ ပေးနိုင်မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု အစဉ်အလာအရ တစ်သင်းနဲ့ တစ်သင်း အပြတ်အသတ် အသာရခဲ့တာ မရှိသလို  လက်ရှိ ကစားသမား အင်အားနဲ့ ခြေစွမ်းပိုင်း ကလည်း ကွာဟမှု သိပ်မရှိတာကြောင့် ဘယ်အသင်း အနိုင်ရမယ် ဆိုပြီး ခန့်မှန်း ဖို့တော့ ခက်ပါတယ်။

ပရီးမီးယားလိဂ် အတွေ့အကြုံ အများကြီး ရှိသလို အောင်လည်း အောင်မြင်ခဲ့တဲ့ ဘင်နီတက်ဇ် တစ်ယောက် မနှစ်က အန်ဆယ်လော့တီ လိုမျိုး ဖြစ်မသွားဖို့တော့ လိုပါတယ်။
အဲလန်ရုတ်ဒ်မှာ လိဒ်စ်ယူနိုက်တက်နဲ့ သွားရောက် ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းခဲ့တဲ့ ဘင်နီတက်ဇ်

လိဒ်စ်ယူနိုက်တက် အကြောင်း အရင်ဆုံး ပြောရမယ် ဆိုရင် မာဆယ်လို ဘီရဲယ်ဆာရဲ့ အသင်းက လုပ်အားနှုန်း ကောင်းကောင်း၊ High Pressing ကစားပုံနဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ ပွဲချိန်ပြည့် ကြိုးစားတတ်တဲ့ အသင်း ဆိုတာ အားလုံးလည်း သိပြီးသားပါ။ အန္တရာယ်များလွန်းတဲ့ ၄-၁-၄-၁ ကစားကွက် ကိုမှ အစဉ်တစိုက် သုံးခဲ့တဲ့ ဘီရဲယ်ဆာ အနေနဲ့  ယူနိုက်တက်နဲ့ ပွဲ အခြေအနေကို အကောင်းဆုံး သာဓကယူပြီး ပရီးမီးယားလိဂ် မှာ ရေရှည် ရပ်တည်နိုင်ရေး စဉ်းစားသင့်ပြီ ဆိုပေမယ့် ခေါင်းမာတဲ့ အာဂျင်တီးနား နည်းပြကြီး ကတော့ ဒီပုံစံ အတိုင်းပဲ ဆက်သွားဖို့ များနေပါတယ်။ ကျိန်းသေပေါက် အခုပွဲ မှာလည်း ၄-၁-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာဦးမယ့် သဘောရှိနေပြီး အဓိက ကွင်းလယ် ဗိုလ်ချုပ် ကယ်ဗင် ဖီးလစ် ပြန်ပါလာဖို့ များပါတယ်။ အဓိက ကစားသမားတွေ ဖြစ်တဲ့ စတူးဝပ် ဒါးလက်စ်၊ ရိုဒရီဂို၊ ရာဖင်ညာ၊ ဂျက်ဟာရစ်ဆင်၊ အေးလင်း၊ ကူပါး၊ စထရုအင်ခ်၊ ကလစ်ခ်၊ ဘမ်းဖို့ဒ်၊ မက်စ်လဲယားတို့နဲ့ ကျိန်းသေပေါက် ပွဲထွက်လာပါလိမ့်မယ်။ နည်းစနစ်ပိုင်းအရ ဗဟို ကွင်းလယ် နေရာမှာ ကယ်ဗင်ဖီးလစ်ကို ပြန်သုံးပြီး ဒါးလက်စ် ကိုတော့ ကွင်းလယ် တိုက်စစ် နေရာမှာ ထားမယ့် သဘော ရှိပါတယ်။ ဘယ်နောက်ခံလူ နေရာမှာ ကစားသမားသစ် ဖီရာပို ကို မြင်တွေ့ရဖို့ ရှိပြီး ဗဟိုခံစစ် မှာတော့ ကူပါးနဲ့ စတရုအစ်ခ် ကိုပဲ အသုံးပြုလာနိုင်ချေ ရှိပါတယ်။ လိဒ်စ်ရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး သိပ်များများစားစား ပြောစရာ မရှိပေမယ့် ဘီရဲယ်ဆာ အနေနဲ့ ပြိုင်ဘက် အဲဗာတန်ရဲ့ တောင်ပံတွေနဲ့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒူကိုရေး၊ ရစ်ချာလီဆင်၊ တောင်ဆန် တို့ကို နေရာ လွတ်တွေ ပေးမိလို့ကတော့ ယူနိုက်တက်နဲ့ ပွဲတုန်းကလိုပဲ သေချာပေါက် ဂိုးပြတ် ရှုံးပွဲမျိုး ထပ်ပြီး ရင်ဆိုင်သွား ရနိုင်ပါတယ်။
 

 
အဲဗာတန် ကတော့ အန်ဆယ်လော့တီ နေရာမှာ ရာဖာ ဘင်နီတက်ဇ်နဲ့ အစားထိုးခဲ့တာ မှန်ကန်ခဲ့တယ်လို့ ဆိုရပါမယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံ အများကြီး ရှိသလို အောင်လည်း အောင်မြင်ခဲ့တဲ့ ဘင်နီတက်ဇ် တစ်ယောက် မနှစ်က အန်ဆယ်လော့တီ လိုမျိုး ဖြစ်မသွားဖို့တော့ လိုပါတယ်။ စပိန်သား နည်းပြ အနေနဲ့ ၄-၂-၃-၁ ကစားကွက်ကိုမှ ပွဲထွက် ကစားသမား အပြောင်းအလဲ တချို့ ပြုလုပ်နေတာ ကလွဲရင် အန်ဆယ်လော့တီ တည်ဆောက်ခဲ့တဲ့ အတိုင်း ဆက်သွားနေတယ်လို့ ပြောလို့ ရပါတယ်။ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ မီနာ အစား လူငယ် ကစားသမား ဟိုးလ်ဂိတ် ကို ကင်းန်နဲ့ တွဲပေးခဲ့ပြီး ခံစစ် အစွန်နေရာတွေမှာ ဒီနီး၊ ကိုးလ်မန်း၊ ကွင်းလယ်မှာ အဲလန်နဲ့ ဒူကိုရေး၊ တောင်ပံ နှစ်ဖက်မှာ ရစ်ချာလီဆင်နဲ့ ဒီရာသီမှ ခေါ်ယူထားတဲ့ တောင်ဆန် တို့ကို အသုံးပြုခဲ့တာ တွေ့ရပါတယ်။ အထောင် တိုက်စစ် နေရာ အတွက် စမ်းသုံးခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့ ဂရေး ကိုတော့ နောက်ချန် တိုက်စစ် နေရာမှာ ပြန်သုံးပြီး အထောင် တိုက်စစ်မှူး အဖြစ် အဆုံးသတ် ပိုသေချာတဲ့ ဒေါမနစ် ကလဲဗက်-လီဝင်းကိုပဲ တာဝန်ပေးခဲ့ပါတယ်။ တကယ်တမ်း ကစားတဲ့ အချိန်မှာလည်း အဲဗာတန်ရဲ့ ကစားပုံ တော်တော်လေး ကောင်းခဲ့တာကြောင့် ဘင်နီတက်ဇ် အနေနဲ့ ဒီကစားသမားတွေကိုပဲ အခုပွဲမှာလည်း ဆက်ပြီး အသုံးပြုဖို့ များပါတယ်။

အခုပွဲကိုတော့ လိဒ်စ်ယူနိုက်တက် ဘက်က ကြွက်သားဒဏ်ရာကြောင့် အနားယူနေရတဲ့ ယော်ယန်းတေး လွဲချော်ဖို့ ရှိနေပြီး အဲဗာတန် မှာတော့ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ် လွဲချော်ဖို့ ရှိနေပြီး အန်ဒရီဂိုးမက်စ်၊ ဂဘ်အာမင်းနဲ့ မွိုက်စ် ကိန်း တို့ကတော့ ပါဝင်လာဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၆ ကြိမ်မှာ ၈ ကြိမ်စီ အနိုင်ရထားပြီး သရေပွဲ ၁၀ ပွဲ ရှိထားပါတယ်။ အဲလန်ရုတ်ဒ် မှာတော့ လိစ်ဒ်ယူနိုက်တက်တို့ ၇ ကြိမ် အနိုင်ရပြီး ဂူဒီဆင်ပါ့ခ် မှာတော့ တစ်ကြိမ်ပဲ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် မှာတော့ လိဒ်စ်ယူနိုက်တက်တို့ ပထမအကျော့ အဲဗာတန် အိမ်ကွင်းမှာ ၀-၁ နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့ လိဒ်စ်ကွင်း မှာတော့ အဲဗာတန် က ၁-၂ နဲ့ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ အဲလန်ရုတ်ဒ်မှာ ဆိုရင် ခြေစွမ်း ပိုကောင်းတဲ့ လိဒ်စ်တို့ ၂၀၀၁ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ် အိမ်ကွင်း ၃ ပွဲဆက် အနိုင်ရဖို့ ကြိုးစားခွင့် ရှိနေပါတယ်။  ၁၉၈၀/၈၁ ဘောလုံးရာသီ နောက်ပိုင်း အင်္ဂလန် အဆင့်မြင့်တန်း ပြိုင်ပွဲ အဖွင့် ၂ ပွဲဆက် မရှုံးခဲ့ဘူးတဲ့ အစဉ်အလာကို ဆက်ထိန်း ထားနိုင်မလား စောင့်ကြည့်ရပါမယ်။ တစ်ဖက်မှာတော့ ဘင်နီတက်ဇ်ဟာ လိဒ်စ်ယူနိုက်တက် အိမ်ကွင်းကို မတူညီတဲ့ အသင်း ၃ သင်း (လစ်ဗာပူးလ်၊ ချဲလ်ဆီး၊ နယူးကာဆယ်)နဲ့ သွားရောက် ရင်ဆိုင်ခဲ့ဖူးပြီး မတူညီတဲ့ ပြိုင်ပွဲ ၃ ခုရဲ့ တွေ့ဆုံမှု ၃ ကြိမ် စလုံးမှာ နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားသူ ဖြစ်ပါတယ်။
 

လိဒ်စ်ယူနိုက်တက် – အဲဗာတန်

??
လိဒ်စ်ယူနိုက်တက် vs အဲဗာတန် အချိန်ပြည့် ၃ ဂိုးနဲ့ အထက် @ ၁.၆၅ ဆ
ဩဂုတ်လ ၂၁ ရက် , ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အတွက် ၂.၂၅ ဆနဲ့ ဧည့်သည် အတွက် ၃.၀၀ ဆ ကြေးဖွင့်ပြီး သရေအတွက် ၃.၆၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အထက်မှာ ပြောခဲ့သလိုပါပဲ။ အဖွင့်ပွဲမှာ လိဒ်စ်တို့ ယူနိုက်တက် ကို ဂိုးပြတ် အရေးနိမ့်ခဲ့တယ် ဆိုတာ ဘီရဲယ်ဆာရဲ့ နည်းစနစ်ကြောင့် ဖြစ်ပါတယ်။ ဘီရဲယ်ဆာရဲ့ နည်းစနစ်နဲ့ ဆုံးဖြတ်ချက်ဟာ အနိုင်အရှုံး မှန်းရခက်တဲ့ အတွက် လိဒ်စ် ကစားတဲ့ ပွဲတိုင်းမှာ ဂိုးပေါင်းကိုပဲ အဓိကထား စဉ်းစားတာ ပိုပြီး အကျိုးရှိနိုင်ပါတယ်။ အခုပွဲ အတွက် ကိုတော့ ဂိုးပေါင်း ၃ ဂိုးနဲ့ အထက်ကို သဘောကျပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်