နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ်ကို ထိုက်ထိုက်တန်တန် အနိုင်ယူပြီး စပိန်စူပါဖလားမှာ အကြိမ် ၂၀ မြောက် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘာစီလိုနာ

ဒီကနေ့ မနက်အစောပိုင်း ကစားခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲ မှာတော့ ဘာစီလိုနာက ၃-၂ နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ စပိန်စူပါဖလားကို ၂၀၁၁ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ၂ နှစ် ဆက် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီနေ့ပွဲမှာ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေးကို အရန်မှာ ထားပြီး ဂွန်ဇာလို ဂါစီယာ၊ ဗင်နီးစီးယပ်စ်၊ ကာမာဗင်ဂါ၊ ဘယ်လင်ဟမ်၊ ဗယ်လ်ဗာဒီ၊ ရိုဒီဂို တို့ကို ပွဲထုတ်လာခဲ့ပါတယ်။ ဗဟိုခံစစ် မှာတော့ ချူအာမန်နီနဲ့ ဒင်းဟောက်ဆန်တို့ ကစားခဲ့ပြီး အဆန်စီယို၊ ကာရီးရက်စ်၊ ကော့တွာစ် တို့ ပွဲထွက်လာခဲ့ပါတယ်။ ဘာစီလိုနာ မှာတော့ တိုက်စစ်က ရောဘတ် လီဝမ်ဒေါစကီး ဦးဆောင်လာခဲ့ပြီး ဖာမင်း လိုပက်ဇ်၊ ရာဖင်ညာ၊ ယာမယ်၊ ပက်ဒရီ၊ ဒီယောင်၊ အဲရစ်ခ် ဂါစီယာ၊ ကူဘာဆီ၊ ဘဲလ်ဒီ၊ ကွန်ဒေး၊ ဂါစီယာတို့ ပွဲထွက်ခဲ့ပါတယ်။

ပွဲစကတည်းက ဘာစီလိုနာက ပြိုင်ဘက်ကို ဆက်တိုက် ဖိအားပေးနိုင်ခဲ့ပြီး ၃၆ မိနစ်မှာ ရာဖင်ညာ အဖွင့်ဂိုး စတင် သွင်းနိုင်ခဲ့ပေမယ့် ပထမပိုင်း နာကျင် အချိန်ပိုမှာ ဗင်နီးစီးယက်စ် ဂျူနီယာက ချေပခဲ့ပါတယ်။ ပထမပိုင်း နာကျင် အချိန်ပို ၄ မိနစ်မှာ လီဝမ်ဒေါစကီးက ဦးဆောင်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပြီး အချိန်ပို ၆ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ် ဘက်က ဂွန်ဇာလို ဂါစီယာက ထပ်မံ ချေပခဲ့လို့ ၂-၂ ဖြစ်နေခဲ့ပါတယ်။ 

ဘာစီလိုနာဟာ အသင်း သမိုင်းတလျှောက် စပိန်စူပါဖလားကို အကြိမ် ၂၀ မြောက် ဗိုလ်စွဲခဲ့တာ ဖြစ်ပြီး အအောင်မြင်ဆုံး အသင်း အဖြစ် ဆက်လက် ရပ်တည်နေပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်မှာ ၅ ကြိမ် အနိုင်ရခဲ့တဲ့ ဘာစီလိုနာ

ဒုတိယပိုင်း မှာလည်း ဘာစီလိုနာ ကပဲ ပုံစံကောင်း တစ်ခုနဲ့ အတူ ဖိအားပေး ကစားနိုင်ခဲ့ပြီး ဒီနေ့ပွဲမှာ တောက်လျောက် ခြေစွမ်းပြနေတဲ့ ရာဖင်ညာ ကပဲ အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ၃-၂ ဖြစ်သွားချိန်မှာ ရီးရဲလ်မက်ဒရစ် ဘက်က အမ်ဘာပေး၊ အလာဘာ၊ ဆယ်ဘာလော့စ်၊ မက်စတန်တူအိုနို တို့ ထည့်သွင်းခဲ့သလို ဘာစီလိုနာ ဘက်မှာလည်း မာတင်၊ ရက်ရှ်ဖို့ဒ်တို့ လူစားဝင်ခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် အပိုင်းအခြားတွေမှာ ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုးတွေ ပြန်ရဖို့ ဆက်တိုက် ကြိုးပမ်းခဲ့ကြပေမယ့် ဘာစီလိုနာ ကွင်းလယ်နဲ့ နောက်တန်းက အမှားယွင်းမရှိ ကစားသွားနိုင်ခဲ့တာကြောင့် ၃-၂ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး ဘာစီလိုနာတို့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

စပိန်စူပါဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ ဘာစီလိုနာက ၁၉၉၁ နဲ့ ၁၉၉၂၊ ၂၀၀၅ နဲ့ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ ဆက်တိုက် ရယူနိုင်ခဲ့ပြီးတဲ့နောက် အခု ၂၀၂၅ နဲ့ ၂၀၂၆ မှာလည်း ဆက်တိုက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ၄ နှစ် ဆက်တိုက် တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ဘာစီလိုနာက ၃ ကြိမ် အနိုင်ယူကာ မဟာပြိုင်ဘက် ရီးရဲလ်ကို ထပ်မံ အလဲထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တခြားသော အချက်အလက်တွေအရ ဘာစီလိုနာဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ချန်ပီယံလိဂ်မှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ပြိုင်ပွဲစုံ ၁၀ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ အဲလ်ကလက်ဆီကို တွေ့ဆုံမှု နောက်ဆုံး ၆ ကြိမ်မှာ ရီးရဲလ်မက်ဒရစ်ကို ၅ ကြိမ် အထိ အနိုင်ရခဲ့ပြီး ၁ ကြိမ်သာ ရှုံးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာဟာ အသင်း သမိုင်းတလျှောက် စပိန်စူပါဖလားကို အကြိမ် ၂၀ မြောက် ဗိုလ်စွဲခဲ့တာ ဖြစ်ပြီး အအောင်မြင်ဆုံး အသင်း အဖြစ် ဆက်လက် ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်