အာဆင်နယ် ၂ – ၁ တော့တင်ဟမ်ဟော့စပါး
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီပွဲစဉ်မှာတော့ အာဆင်နယ်တို့ မာတင်အိုဒီဂတ်၊ လာကာဇက်တို့ရဲ့ သွင်းဂိုးတွေနဲ့ တော့တင်ဟမ်ဟော့စပါးကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်တို့ အခုပွဲမှာ တော့တင်ဟမ်ဟော့စပါးကို ပွဲချိန်ပြည့် ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲ တစ်ပွဲ ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
အာဆင်နယ်တို့ အခုပွဲမှာ တိုက်စစ်က လာကာဇက် ပါဝင်လာခဲ့ပြီး ကွင်းလယ်မှာ ဆာကာ၊ အိုဒီဂတ်၊ စမစ်ရိုးဝ်၊ ပါတေး၊ ရှာကာ၊ နောက်တန်းမှာ စီဒရစ် ဆွာရက်စ်၊ ဒါးဗစ်လူးဝစ်ဇ်၊ ဂါဘရီရယ်၊ တီယာနီ၊ ဘန်လန်နို တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးရဲ့ ပထမပွဲထွက်လူစာရင်းမှာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း၊ တောင်ပံနှစ်ဖက်မှာ ဆွန်ဟောင်မင်၊ ဂါရက်ဘေးလ်၊ ကွင်းလယ်မှာ လူးကပ်စ် မော်ရာ၊ ဟော်ဂျ်ဘာ့ဂ်၊ အန်ဒွန်ဘီလီ၊ နောက်တန်းမှာတော့ ရက်ဂီလွန်၊ အန်ဒါဝီရယ်၊ ဆန်းချက်ဇ်၊ ဒိုဟာတီ၊ ဂိုးမှာ ဟူဂို လိုရစ်တို့ကို အသုံးပြုခဲ့ပါတယ်။ အာဆင်နယ်တို့ ပွဲစတာနဲ့ အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုး ရရှိခဲ့တာကတော့ တော့တင်ဟမ်ဟော့စပါး အသင်းပဲ ဖြစ်ပါတယ်။ ဒီဂိုးကိုတော့ လူးကပ်စ်မော်ရာရဲ့ ပံ့ပိုးပေးမှုကနေ အဲရစ်ခ်လာမယ်လာ ကသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်တို့ ပထမပိုင်းပြီးခါနီးမှာ ကီရင်တီယာနီရဲ့ ပေးပို့မှုကနေ မာတင်အိုဒီဂတ်က ချေပဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ အဲ့နောက် ဒုတိယပိုင်း တစ်ပိုင်းလုံး အာဆင်နယ်တို့ တော့တင်ဟမ်ဟော့စပါး ဘက်ကို ပိုမို လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ အာဆင်နယ်တို့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ တိုက်စစ်မှူး လာကာဇက်က ပင်နယ်တီပြစ်ဒဏ်ဘောကနေ တစ်ဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဒီပွဲမှာတော့ အာဆင်နယ် တိုက်စစ်က စပါး နောက်တန်းကို အကောင်းဆုံး ထိုးဖောက်နိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေလည်း အများအပြား ရရှိခဲ့ပါတယ်။ ပွဲပြီးအချက်အလက်တွေ ပြန်ကြည့်မယ်ဆိုရင် တစ်ပွဲလုံး အတိုင်းအတာ အနေနဲ့ အာဆင်နယ်တို့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး စပါးကတော့ ၆ ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာလည်း အာဆင်နယ်တို့ ပိုသာခဲ့ပြီး တောင်ပံမှာ ထွက်ကစားခဲ့တဲ့ စမစ်ရိုးဝ်ရဲ့ တောက်ပမှုတွေကိုလည်း အခုပွဲမှာ ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ ထပ်ပြီး ချီးကျူးရမှာက အာဆင်နယ် ဘယ်တောင်ပံ ကစားသမား ကီရင်တီယာနေး ဖြစ်ပြီး သူ့ရဲ့ ဖြတ်တင်ပေးပို့မှု တော်တော်များများက အလုပ်ဖြစ်ခဲ့သလို ထိရောက်တဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးကတော့ အစောပိုင်းမှာ ကစားအားကောင်းကောင်းနဲ့ အချိတ်အဆက်မိခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အမှားတွေ များလာခဲ့လို့ အာဆင်နယ် ကို အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ စပါးနည်းပြ မော်ရင်ဟိုကတော့ နည်းပြ သက်တမ်းတစ်လျှောက် ၃ ကြိမ်မြောက် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ်တို့ အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပေမယ့် ထိပ်ဆုံး ကအသင်းတွေနဲ့တော့ ရမှတ်ကွာဟချက် ကျဉ်းမြောင်းလာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ တိုက်ရိုက် အမှတ်လုဖက် တော့တင်ဟမ်ဟော့စပါး ကတော့ အခုရှုံးပွဲကြောင့် အဖိုးတန် ၃ မှတ် ဆုံးရှုံးသွားခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
အာဆင်နယ်တို့ လာမယ့် ကြားရက်မှာ ယူရိုပါလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ် ကစားရဖို့ ရှိနေပြီး တော့တင်ဟမ်ဟော့စပါးကလည်း ဒိုင်နမိုဇာဂရပ်ဘ်နဲ့ ကစားဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.