နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကက်ဂလီယာရီ ကို အဝေးကွင်းမှာ အနိုင်ယူပြီး ဇယား ထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်ခဲ့တဲ့ အေစီမီလန် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

countdown banner

ကက်ဂလီယာရီ ၀ – ၂ အေစီမီလန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီအေ ပွဲစဉ် ၁၈ ရဲ့ နောက်ကျပွဲတစ်ပွဲမှာတော့ အေစီမီလန်တို့ ကက်ဂလီယာရီကို အဝေးကွင်းမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဇလာတန် အီဗရာဟီမိုဗစ် ရဲ့ ခြေစွမ်းပြ သွင်းဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အေစီမီလန်တို့ ရမှတ် ၄၃ မှတ်နဲ့ စီးရီးအေ အမှတ်ပေးဇယား ဒုတိယနေရာက အင်တာမီလန်ကို ၃ မှတ်ဖြတ်ပြီး ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

ကက်ဂလီယာရီ ကတော့ ရမှတ် ၁၄ မှတ်နဲ့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ ကက်ဂလီယာရီ

အေစီမီလန်တို့ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ် ပြန်လည် ပါဝင်လာပြီး နောက်ပိုင်း ပုံမှန်ခြေစွမ်းပြန်ရနေခဲ့သလို အခုပွဲမှာလည်း ခြေစွမ်းမကောင်းတဲ့ ကက်ဂလီယာရီကို အဘက်ဘက်က အသာစီးရခဲ့တာ တွေ့ရပါတယ်။ နည်းပြ ပီအိုလီ အနေနဲ့ တိုက်စစ်မှာ အီဗရာဟီမိုဗစ်ကို အထောင်ထားပြီး ဟောက်ဂျ်၊ ဘရာဟင်မ်ဒီရာ့ဇ်၊ ကတ်စတယ်လီဂျို၊ ကွင်းလယ်မှာ တိုနာလီ၊ ကက်ဆီ၊ နောက်တန်းမှာ ဒါးလော့တ်၊ ရိုမက်ဂနိုလီ၊ ရှား၊ ကာလာဘရီယာ၊ ဂိုးမှာ ဒွန်နာရမ်မာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကက်ဂလီယာရီဘက် မှာတော့ ဆီမြွန်နီ၊ နိုင်ဂိုလန်၊ ပက်ဒရို၊ ဂိုဒင် တို့လို ကစားသမားတွေ ပါဝင်လာခဲ့ရုံကလွဲလို့ အေစီမီလန်ကို အသာရဖို့ ခက်ခဲခဲ့ပါတယ်။ ပွဲအစ ၇ မိနစ်မှာတင် အေစီမီလန်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဇလာတန် အီဗရာဟီမိုဗစ် အနေနဲ့ သူ့ကြောင့်ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင်ပဲ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အေစီမီလန်တို့ပဲ အိမ်ရှင်အသင်းဘက်ကို ပွဲချိန် အများစုမှာ အသာစီးရယူကစားခဲ့ပြီး ၅၂ မိနစ်မှာ ကာလာဘရီယာရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကပဲ ဒုတိယဂိုး ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ အေစီမီလန်တို့ ဂိုးတွေ ထပ်ပြီး မသွင်းနိုင်တော့သလို ကက်ဂလီယာရီ တို့လည်း ချေပနိုင်ခြင်း မရှိတော့လို့ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

အေစီမီလန်တို့ရဲ့ ကစားပုံက သိသာပါတယ်။ တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ် ပါဝင်လာတဲ့ ပွဲဆိုရင် နိုင်လို စိတ်ပြင်းထန်မှုကို မြင်တွေ့ရသလို အမှားနည်းနည်းနဲ့ အချိတ်အဆက်မိမိ ကစားနိုင်တာကို တွေ့ရပါတယ်။ အီဗရာဟီမိုဗစ်ကလည်း အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြပြီး ကန်ချက်တွေက အားပါးပြင်းထန်နေဆဲ ဖြစ်သလို အခုပွဲအပြီးမှာလည်းစံချိန်သစ်တချို့ ထပ်တင်နိုင်ခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် ရှိနေပေမယ့် ဒီရာသီ သူပါဝင် ကစားခဲ့တဲ့ ၈ ပွဲမှာ ၁၂ ဂိုး သွင်းယူပြီး ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဇလာတန် အနေနဲ့ အေစီမီလန် အသင်း ကစားခဲ့တဲ့ ပွဲစဉ် ၁၈ ပွဲမှာ ဒဏ်ရာပြသနာကြောင့် ၁၀ ပွဲအထိ လွဲချော်ခဲ့ပေမယ့်  ကစားခဲ့တဲ့ ပွဲတိုင်းမှာ အခုလိုပဲ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီး ၁၉၉၉ ခုနှစ် ကစလို့ ၂၀၂၁ ခုနှစ်အထိ နှစ်ပေါင်း ၂၃ နှစ် ဆက်တိုက် ဂိုးသွင်းယူနိုင်သူလည်း ဖြစ်လာခဲ့ပါတယ်။ အခုပွဲရလဒ်ကြောင့် အေစီမီလန်တို့ စီးရီးအေ ပွဲစဉ် ၁၈ ပွဲကစားအပြီး ၁၃ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁ ပွဲသာ ရှုံးနိမ့်ထားလို့ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ကက်ဂလီယာရီ ကတော့ ရမှတ် ၁၄ မှတ်နဲ့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အေစီမီလန်တို့ လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အတ္တလန်တာနဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ရှိနေပြီးတော့ ကက်ဂလီယာရီ အသင်းကတော့ ဂျီနိုအာနဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်