နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြင်းထန်လာဦးမယ့် ဂျာမန်ဘီလူးနဲ့ ပါရီသားတွေရဲ့ ချန်ပီယံလိဂ် စီးချင်းထိုးပွဲ

countdown banner

ဘေယန်မြူးနစ် Vs ပီအက်စ်ဂျီ

ဩဂုတ်လ ၂၄ရက်နေ့ မနက်ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့ရဲ့ ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲ ရှိပါတယ်။ ချန်ပီယံလိဂ် ဆိုပြီး နာမည် ပြောင်းလဲလိုက်ချိန်ကစလို့  ၂၉ကြိမ်မြောက် ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ အသင်းပေါင်း ၇၉ သင်းကနေ နောက်ဆုံး ၂သင်းပဲ ကျန်ပါတော့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ SBOTOP ဘောလုံးပရိသတ်တွေ အတွက် ၂၀၁၉/၂၀၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ပတ်သတ်လို့ အဓိက အကြောင်းအရာ အချက်အလက်တချို့ နဲ့ ပွဲကြိုခန့်မှန်းမှုတွေကို ဖော်ပြပေးလိုက်ရပါတယ်။

 

အဓိကအကြောင်းအရာ အချက်အလက်များ

၂၀၁၉/၂၀၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲကတော့ ‌ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့က ဘင်ဖီကာအသင်းပိုင် အက်စတက်ဒီယို ဒါ လက်ဇ် ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ၁၉၅၅ခုနှစ်ကနေ စလို့ ၆၆ကြိမ်မြောက် အဖြစ်ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ချန်ပီယံ ၅ကြိမ်ဖြစ်ထားတဲ့ ‌ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်တို့ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပထမဆုံးအကြိမ် တက်လှမ်းလာတဲ့ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီ နဲ့ ဗိုလ်လုရတော့မှာလည်း ဖြစ်ပါတယ်။ ဂျာမန်ပြည်တွင်းဖလား နှစ်လုံးရရှိထားတဲ့ ဘေယန်မြူးနစ် အတွက် တစ်ရာသီတည်း ဖလား ၃လုံး ကိုင်မြှောက်ဖို့ အခွင့်အရေးရှိနေသလို တစ်ဖက်က ပီအက်စ်ဂျီ အနေနဲ့လည်း ပြည်တွင်းမှာ လီဂူး၀မ်း၊ ကိုပါဒယ်ဖရန့်စ်၊ ကိုပါဒယ်လိဂ် ဖလားတွေ ရရှိထားပြီး ဖြစ်လို့ ဖလား ၄လုံးထိ စံချိန်တင်ရနိုင်မယ့် အခွင့်အရေးကလည်း လက်တစ်ကမ်းအကွာ ရောက်နေပါပြီ။ ချန်ပီယံလိဂ် ရဲ့ စတုတ္ထမြောက် အအောင်မြင်ဆုံးအသင်း အဖြစ် ရပ်တည်နေတဲ့ ဘေယန်မြူးနစ် တို့ကတော့ ၂၀၁၃ ခုနှစ်မှာ နောက်ဆုံးတစ်ကြိမ် ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဗိုလ်လုပွဲကို ၁၁ကြိမ်မြောက် ရောက်ရှိလာခဲ့တဲ့ ဘေယန်မြူးနစ်တို့ ပြီးခဲ့တဲ့ ၁၀ကြိမ်မှာ ချန်ပီယံ ၅ကြိမ် ဖြစ်ထားပါတယ်။ ပီအက်စ်ဂျီ ကတော့ ပြည်တွင်းမှာ အောင်မြင်တဲ့အသင်းတစ်သင်း ဖြစ်ပေမယ့် ဥရောပပြိုင်ပွဲတွေ မှာတော့ ကျရှုံးမှုများတဲ့ အသင်းပါ။ ချန်ပီယံလိဂ် မှာဆိုရင် ပြင်သစ်ကလပ်တွေ မျက်နှာငယ်ရလောက်အောင် မာဆေးလ်တစ်သင်းပဲ ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ စိန့်အက်တီယန်နီ၊ ရိမ်းစ်၊ မိုနာကို တို့ ဗိုလ်လုပွဲထိ တက်ဖူးပေမယ့် ဒုတိယနဲ့ ပဲကျေနပ်ခဲ့ရတဲ့ အစဉ်အလာရှိ နေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ ဖြတ်သန်းမှုများ

ချန်ပီယံလိဂ် မှာဆိုရင် ပြင်သစ်ကလပ်တွေ မျက်နှာငယ်ရလောက်အောင် မာဆေးလ်တစ်သင်းပဲ ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။
ကလပ်တည်ထောင်ပြီး နှစ် ၅၀ပြည့်မှာ ချန်ပီယံလိဂ် အောင်မြင်မှုရဖို့ ပြင်ဆင်နေတဲ့ ပါရီသားများ

နောက်ဆုံး ၃ကြိမ်ထိပ်တိုက်တွေ့ဆုံမှုအရ ချန်ပီယံဖလားပြိုင်ပွဲမှာ ဘေယန်က ၃-၁နဲ့ အနိုင်ရထားပြီး ၂၀၁၇ ချန်ပီယံလိဂ် အုပ်စု(ခ) ပထမအကျော့မှာ ပီအက်စ်ဂျီက ၃-၀နိုင်ပြီး ဒုတိယ‌အကျော့မှာ ဘေယန်မြူးနစ်က  ၃-၀ နဲ့ ပြန်အနိုင်ရထားပါတယ်။ ဘေယန်မြူးနစ် တို့ ပြိုင်ပွဲစုံ နောက်ဆုံးကစားခဲ့တဲ့ ၂၈ပွဲမှာ ၂၇ပွဲ အနိုင်ရထားပြီး အခုရာသီ ချန်ပီယံလိဂ် ၁၀ပွဲကစားထားရာမှာ‌တော့ ၁၀ပွဲလုံး အနိုင်ရထားပါတယ်။ ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ် ၁၀ပွဲကစားထားရာမှာ ၈ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံးထားပါတယ်။ ဘေယန်မြူးနစ်တို့ ဒီနှစ် ချန်ပီယံလိဂ်မှာ သွင်းဂိုး ၄၂ဂိုး ရရှိထားပြီး ၁၉၉၈-၂၀၀၀ခုနှစ်က ဘာစီလိုနာတင်ထားတဲ့ ၁၆ပွဲကစား ၄၅ဂိုးသွင်းယူထားတဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ၃ဂိုးသာ လိုပါတော့တယ်။ အကောင်းဆုံး တိုက်စစ်ပိုင်ဆိုင်ထားတဲ့ ဘေယန်မြူးနစ်ဟာ ဗိုလ်လုပွဲမှာ ခံစစ်အကောင်းဆုံးအသင်း ပီအက်စ်ဂျီ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအနေနဲ့ ၁၀ပွဲကစားပြီး ရဂိုး ၂၅ဂိုးနဲ့ ပေးဂိုးကတော့ ၅ဂိုးပဲရှိထားလို့ အခုနှစ် ချန်ပီယံလိဂ်ရဲ့ ပေးဂိုး အနည်းဆုံး အသင်းဖြစ်နေပါတယ်။

 

စောင့်ကြည့်ရမယ့် ကစားသမားများ

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေ ပိုင်ဆိုင်ထားတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ စောင့်ကြည့်ရမယ့် ကစားသမားတွေရှိနေပါတယ်။ ဘေယန်မြူးနစ်ရဲ့ တိုက်စစ်မှူး လီ၀န်ဒေါစကီးဟာ အခုနှစ်ချန်ပီယံလိဂ်မှာ ၁၅ဂိုးရရှိထားလို့  စီရော်နယ်ဒို ၁၇ဂိုးနဲ့ တင်ထားတဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ၂ဂိုးပဲလိုပါတယ်။ အရပ်အမောင်း ကောင်းကောင်းနဲ့ ‌နေရာစုံကနေ ပုံစံမျိုးစုံနဲ့ ဂိုးသွင်းယူတတ်တဲ့ ပိုလန်သားအနေနဲ့ သွင်းဂိုးတွေ ထပ်ရပြီး သူ့ရဲ့ကစားသမားဘ၀ ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ပီအက်စ်ဂျီဘက်မှာတော့ လူငယ်ကြယ်ပွင့် အန်ဘာပေးရှိနေပါတယ်။ အန်ဘာပေးမပါတဲ့ ပွဲဆိုရင် ပီအက်စ်ဂျီတို့ ဂိုးရဖို့‌ရုံးကန်ရလေ့ရှိလို့ ပြင်သစ်ကြယ်ပွင့်ရဲ့ အရေးပါမှုက တော်တော်ကြီးမားပါတယ်။ အသက် ၂၀မပြည့်ခင်မှာပဲ  ရထားတဲ့ ကမ္ဘာ့ဖလားရထားတဲ့ အန်ဘာပေးဟာ ပြည်တွင်းဆုဖလားတွေပဲ ကိုင်မြှောက်ခဲ့ရလို့ ချန်ပီယံလိဂ်ဖလားကိုလည်း ကိုင်မြှောက်ချင်နေမှာ သေချာပါတယ်။ ဘေယန်မြူးနစ်မှာ လီ၀န်ဒေါစကီး အပြင် မူလာ၊ ဂနာဘရီ၊ ပယ်ရီဆစ်၊ ကင်မစ်ခ်ျ၊ အလ်ဖွန်ဆိုဒေးဗီးစ် တို့ တစ်သင်းလုံးနီးပါး ခြေစွမ်း ထက်မြက်နေပေမယ့် ပီအက်စ်ဂျီ နေမာ၊ အီကာဒီ၊ ဒီမာရီယာ တို့ဟာ ကစားသမားကောင်းတွေ ဖြစ်ပေမယ့် အပိုင်အခွင့်အရေးတွေ ဖြုန်းတီးတတ်သူတွေ ဖြစ်လို့ စိတ်မချရပါဘူး။ လူစာရင်းကတော့ ပြီးခဲ့တဲ့ ပွဲတွေတုန်းကအတိုင်း ပွဲထွက်လာဖို့ များပါတယ်။ ဂျာမန်လူမျိုး နည်းပြတွေဖြစ်တဲ့ ဟန်ဆီဖလစ်ခ် နဲ့ သောမက်စ်တူချယ် တို့ရဲ့ နည်းစနစ်ပိုင်း ဘယ်သူအသာရသွားမလဲ စောင့်ကြည့်ရမှာ ဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံးအသင်းက ဘယ်အသင်းလဲဆိုတာလည်း အဖြေထုတ်ပေးမယ့် ပွဲဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘေယန်မြူးနစ် Vs ပီအက်စ်ဂျီ အချိန်ပြည့် 1×2 အိမ်ရှင် @ ၂.၀၅ဆ
ဩဂုတ် ၂၄ ရက် , မနက် ၁:၃၀ နာရီ(GMT + ၆:၃၀)

1×2 ကတော့ ဘေယန်မြူးနစ်ဘက်ကနေမယ့် သူတွေအတွက် ၂.၀၅ဆ သတ်မှတ်ထားပြီး ပီအက်စ်ဂျီ ဘက်ကသူတွေနဲ့ မိနစ် ၉၀ သရေရလဒ် အတွက်ကိုတော့ ၃.၃၀ဆ အထိ လောင်းကြေးဖွင့်ပေးထားပါတယ်။ ဒီရာသီမှာ ဘေယန်မြူးနစ်ကို ဘယ်အသင်းမှ တားဆီးလို့မရသေးပါဘူး။ ပီအက်စ်ဂျီတို့ ဘယ်လောက်ပဲ ကောင်းနေပါစေ ဘေယန်မြူးနစ်ကိုတော့ ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ အချိန်ပိုထိ‌မရောက်ပဲ ဘေယန်မြူးနစ်ပဲ အနိုင်ရသွားဖို့များလို့ ကျိန်းသေပေါက် ဘေယန်မြူးနစ်ကို ယုံကြည်တာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်