နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘီအေ အရှေ့ကွန်းဖရင့်ဗိုလ်လုပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်

countdown banner

အန်ဘီအေ ကွန်းဖရင့်ဖိုင်နယ်ပွဲစဉ်တွေကတော့ အရှေ့ပိုင်းမှာရော အနောက်ပိုင်းမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်နေခဲ့ပြီး ၂၀၂၀  အန်ဘီအေ အရှေ့ကွန်းဖရင့်ဗိုလ်လုပွဲမှာတော့ ချန်ပီယံရှစ်ဆုဖလားကို အများဆုံးရရှိထားတဲ့ ဘော်စတွန်ဆဲလ်တစ်နဲ့ နာမည်ကြီး မီယာမီဟိထ်တို့ ယှဉ်ပြိုင်ကစားနေကြပါတယ်။
 

ဘော်စတွန်ဆဲလ်တစ် Vs မီယာမီဟိထ်

အရင်ဆုံး နိုင်ပွဲ ၄ ပွဲရတဲ့ အသင်းဟာ ကွန်းဖရင့်ချန်ပီယံဖြစ်လာမှာ ဖြစ်သလို  အန်ဘီအေ ချန်ပီယံရှစ်ဗိုလ်လုပွဲကိုလည်း တက်ရောက်က ကစားခွင့်ရမှာ ဖြစ်ပါတယ်။ လက်တလောမှာတော့ မီယာမီဟိထ်က ဘော်စတွန် ဆဲလ်တစ်ကို ၃ပွဲ၁ပွဲနဲ့ ဦးဆောင်ထားနိုင်လို့ လာမယ့် ပွဲစဉ် ၅ မှာ အနိုင်ရတာနဲ့ ဟိထ်တို့ အရှေ့ကွန်းဖရင့် ရဲ့ ၆ ကြိမ်မြောက်  ချန်ပီယံ ဖြစ်လာဖို့ ရှိနေသလို ၂၀၂၀ အန်ဘီအေ ချန်ပီယံရှစ်ကို တက်ရောက်သွားနိုင်မှာ ဖြစ်ပါတယ်။

မီယာမီဟိထ်တို့ အန်ဘီအေ အရှေ့ကွန်းဖရင့်မှာ ချန်ပီယံ ၅ကြိမ်ဖြစ်ထားပြီး အန်ဘီအေ ချန်ပီယံရှစ်ဆုကိုတော့ ၃ကြိမ်ထိရရှိထားပါတယ်။ ၁၉၈၉ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ မီယာမီဟိထ်အနေနဲ့ ၃၂ရာသီ ဖြတ်သန်းထားခဲ့ပြီး ရှုံးထွက်အဆင့်ကို ၂၁ ကြိမ်တက်ရောက်ထားနိုင်ပြီး အန်ဘီအေ ချန်ပီယံရှစ်ကို ဗိုလ်လုပွဲကို ၅ကြိမ်တက်ရောက်ထားနိုင်ခဲ့ပါတယ်။ အန်ဘီအေ ချန်ပီယံရှစ်ဆုကို ၃ကြိမ်အထိရရှိထားပြီး ၂၀၁၁ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကာလတွေဟာ ဟိထ်တို့အတွက် ရွှေရောင်လွှမ်းခဲ့တဲ့ ကာလတွေလို့ ပြောလို့ ရပြီး အန်ဘီအေ ချန်ပီယံရှစ် ဗိုလ်လုပွဲကို ၄ နှစ်ဆက်တိုက်တက်ရောက်ခဲ့ပြီး ချန်ပီယံ ၂ကြိမ်ဖြစ်ခဲ့ပါတယ်။

အန်ဘီအေရဲ့ အအောင်မြင်ဆုံးအသင်း ဘော်စတွန်ဆဲလ်တစ်အသင်းဟာ အရှေ့ကွန်းဖရင့် ချန်ပီယံ ၂၁ကြိမ်အထိ ဖြစ်ထားပြီး  အန်ဘီအေ ချန်ပီယံရှစ် ဗိုလ်လုပွဲ ကို ၂၁ကြိမ်အထိ တက်ရောက်ထားနိုင်ခဲ့ပါတယ်။ အန်ဘီအေ ချန်ပီယံရှစ် ဆုကိုတော့ ၁၇ ကြိမ် အထိရရှိထားတဲ့ ဆဲလ်တစ်တို့ ၂၀၀၇ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ချန်ပီယံရှစ်ဆုဖလား ကို ရရှိထားပြီး ၂၀၁၀ ခုနှစ်မှာတော့ ဗိုလ်လုပွဲအထိတက်ရောက်ခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ နောက်ပိုင်းနှစ်တွေမှာလည်း အရှေ့ကွန်းဖရင့် ဗိုလ်လုပွဲကို တက်ရောက်နိုင်တာကလွဲရင် ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တာ ၁၃ နှစ်ကြာမြင့်နေခဲ့ပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း မီယာမီဟိထ်နဲ့ အရှေ့ကွန်းဖရင့် ဗိုလ်လုပွဲစဉ် ၄ ပွဲအထိကစားထားပြီးချိန်မှာ  ၃-၁ ပွဲ နဲ့ ဦးဆောင်ခြင်း ခံထားရပါတယ်။

အန်ဘီအေရဲ့ အအောင်မြင်ဆုံးအသင်း ဘော်စတွန်ဆဲလ်တစ်အသင်းဟာ အရှေ့ကွန်းဖရင့် ချန်ပီယံ ၂၁ကြိမ်အထိ ဖြစ်ထားပြီး
အန်ဘီအေ ချန်ပီယံရှစ် ဗိုလ်လုပွဲ ကို ၂၁ကြိမ်အထိ တက်ရောက်ထားနိုင်ခဲ့တဲ့ ဘော်စတွန်ဆဲလ်တစ်

စောင့်ကြည့်ရမယ့်ကစားသမားများ

 
ဘမ် အက်ဒီဘာယို (မီယာမီဟိထ်)

ဘမ်အက်ဒီဘာယိုကတော့ ဘော်စတွန်ဆဲလ်တစ်အတွက် ကြောက်စရာကောင်းလောက်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြသထားနိုင်ခဲ့ပါတယ်။ အရှေ့ကွန်းဖရင့် ဖိုင်နယ် မှာ တစ်ဦးတည်း ပျမ်းမျှ ၂၁ မှတ် ရီဘောင်း ၉ ကြိမ်အထိရရှိထားပါတယ်။ လက်ရှိ မီယာမီဟိထ် မှာ အက်ဒီဘာယို နဲ့အတူ ဂျင်မီဘတ်လာ၊ ဒန်ကန်ရော်ဘင်ဆင် အပြင် အသက် ၂၀ အရွယ်သာရှိသေးတဲ့ တိုင်လာဟဲရိုးကလည်း အံ့အားသင့်စရာ လက်စွမ်းတွေနဲ့ အတူ နောက်ဆုံးပွဲမှာ တစ်ဦးတည်း ၃၇ မှတ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဂျေလန်ဘရောင်း (ဘော်စတွန်ဆဲလ်တစ်)

ဂျေလန်ဘရောင်း အနေနဲ့ လက်ရှိကွန်းဖရင့်ဖိုင်နယ်မှာ အသင်းအတွက် တစ်ပွဲကိုပျမ်းမျှ ၂၁ မှတ်လောက်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဘရောင်းအနေနဲ့ မိနစ်အများဆုံးကစားထားပြီး ဆဲလ်တစ်ကို ဦးဆောင်နေခဲ့ပေမယ့် ပွဲအပြီးရလဒ်ပိုင်းမှာတော့ စိတ်ကျေနပ်စရာမရှိတာကိုတွေ့ရပါတယ်။ ဆဲလ်တစ်မှာလည်း ဂျေလန်ဘရောင်း၊  ဂျေဆန်တက်တမ်၊ ကမ်ဘာဝေါလ်ကာ၊ မားကပ်စ် စမတ်တို့လိုကစားသမားကောင်းတွေ ရှိနေပေမယ့် နိုင်ပွဲဆာလောင်စိတ်ပျောက်ဆုံးနေတာတွေ့ရပြီး ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ၃ပွဲမှာလည်း ရမှတ် သိပ်မကွာဟပဲ ရှုံးနိမ့်ထားခဲ့ရတာလည်း ဖြစ်ပါတယ်။
 

၂၀၂၀ အန်ဘီအေ အရှေ့ကွန်းဖရင့်ဖိုင်နယ်ပွဲစဉ်များ

ပွဲစဉ် (၁) မီယာမီဟိထ် ၁၁၇ – ၁၁၄  ဘော်စတွန်ဆဲလ်တစ်

ပွဲစဉ် (၂) မီယာမီဟိထ် ၁၀၆ – ၁၀၁  ဘော်စတွန်ဆဲလ်တစ်

ပွဲစဉ် (၃) ဘော်စတွန်ဆဲလ်တစ် ၁၁၇ – ၁၀၆ မီယာမီဟိထ်

ပွဲစဉ် (၄) ဘော်စတွန်ဆဲလ်တစ် ၁၀၉ – ၁၁၂ မီယာမီဟိထ်

ပွဲကြိုခန့်မှန်းမှု မီယာမီဟိထ်လိုပဲ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဘော်စတွန်ဆဲလ်တစ်တို့ရဲ့ လက်ရှိစွမ်းဆောင်ရည်အရ အသင်းကြီးတစ်သင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ပျောက်ဆုံးနေခဲ့တာကို သတိထားမိပါတယ်။ ဒါ့ကြောင့်လည်း အားထုတ်မှုအပိုင်းမှာ ကွာဟမှုရှိသွားပြီး မီယာမီဟိထ်တို့ အပြတ်အသတ်အသာရ ပြီး ဦးဆောင်နေနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ် ၅မှာ အနိုင်ကစားနိုင်တာနဲ့ ဟိထ်တို့ အန်ဘီအေချန်ပီယံရှစ် ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲနဲ့ လက်တစ်ကမ်းအကွာရောက်နေပြီး စိတ်ဓာတ်တက်ကြွနေတဲ့ မီယာမီဟိတ်တို့ပဲ ပွဲစဉ် ၅ မှာလည်း အနိုင်ထပ်ရသွားပါလိမ့်မယ်။
 
ပွဲစဉ် (၅) မီယာမီဟိထ် – နိုင်

ဘော်စတွန်ဆဲလ်တစ် ၁ – ၄  မီယာမီဟိထ်
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်