နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ အန်ဘီအေ ချန်ပီယံဆုကို ၁၇ကြိမ်မြောက် သိမ်းပိုက်နိုင်ခဲ့တဲ့ အဲလ်အေလိတ်ကာစ်

countdown banner

၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ

ပွဲစဉ် (၆) အဲလ်အေလိတ်ကာစ် ၁၀၂ – ၉၆ မီယာမီဟိထ်

ပွဲစဉ် ၆ မှာတော့ အဲလ်အေလိတ်ကာစ်တို့ တစ်သင်းလုံး အကောင်းဆုံးလက်စွမ်းပြပြီး မီယာမီဟိထ်ကို အနိုင် ယူခဲ့လို့ ၁၀ နှစ်ကြာဝေးကွာနေတဲ့ အန်ဘီအေ ဆုဖလားကြီးကို တကျော့ပြန်ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အဲလ်အေ လိတ်ကာစ် အတွက် ၁၇ ကြိမ်မြောက်ရရှိခဲ့တဲ့ ဆုဖြစ်ပြီး နာမည်ကျော် လီဘရွန်ဂျိမ်းစ်ဟာလည်း အန်ဘီအေ ဆုဖလားကို မတူညီတဲ့ အသင်း ၃ သင်းနဲ့ ရရှိခဲ့တဲ့ ကစားသမားဖြစ်လာခဲ့သလို အန်ဘီအေ အကောင်းဆုံးကစား သမား ဆုကို ၄ ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ စံချိန်သစ်တွေ ထပ်တင်နိုင်ခဲ့ပါတယ်။

၂၀၂၀ အန်ဘီအေ ပြိုင်ပွဲကတော့ အရင်နှစ်တွေလို မဟုတ်ခဲ့ပဲ ကိုဗစ်ကပ်ရောဂါကြောင့် ပွဲစဉ်တွေ အားလုံး ၄ လနီးပါး ရပ်နားခဲ့ရပြီးနောက်မှာ အရင်နဲ့မတူညီတဲ့ ပြိုင်ပွဲပုံစံသစ်နဲ့ အန်ဘီအေ ပြိုင်ပွဲ ကို ပြန်လည်စတင် နိုင်ခဲ့ ပါတယ်။ ပုံမှန်ရာသီပွဲစဉ်တွေ ဆက်လက်ကစားခဲ့ပြီး အဲ့နောက်မှာတော့ ရှံးထွက်အဆင့်၊ ကွန်းဖရင့်ပထမ အဆင့်၊ ကွန်းဖရင့် ဆီမီးဖိုင်နယ်၊ ကွန်းဖရင့်ဖိုင်နယ်နဲ့ ၂၀၂၀ အန်ဘီအေ ဖိုင်နယ်စတဲ့ ပွဲစဉ်တွေ အားလုံးကို ဖလော်ရီဒါ ပြည်နယ်၊ အော်လန်ဒိုစီးတီးမှာရှိတဲ့ ဒစ်စနေး အပန်းဖြေစခန်းကြီးမှာ အောင်အောင်မြင်မြင်ပဲ ကျင်းပ နိုင်ခဲ့တာ ဖြစ်ပါတယ်။ အသားအရောင်မခွဲခြားရေး၊ ကိုဗစ်ရောဂါကြောင့် တစ်ဦးနဲ့တစ်ဦး ၆ ပေခွာနေရေးတွေ အပြင် ကွင်းထဲ လာရောက် ကြည့်ရှုခွင့်မရတဲ့ ပရိသတ်တွေအတွက် ဘတ်စကတ်ဘောကွင်း ဘေးကနေ တိုက်ရိုက်အားပေး နေရ သလို ခံစားရမယ့် နည်းပညာသစ် တွေလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီနှစ်အတွက် အန်ဘီအေ ချန်ပီယံဆုကို ရရှိခဲ့တဲ့ အဲလ်အေလိတ်ကာစ် အသင်းကတော့ အနောက်ကွန်းဖရင့်ရဲ့ ဆီဒင် ထိပ်ဆုံးနေရာကနေ ရှုံးထွက်ပထမအဆင့်ကို တက်ရောက်ခဲ့ပြီး ပိုတ့်လန်းထရေးလ်ဘလေဇာ ကို ၄-၁နဲ့ ကျော်ဖြတ်ခဲ့သလို ဆီမီးဖိုင်နယ်အဆင့်မှာ ဟောက်စတန်ရော့တ်ကတ်၊ ကွန်းဖရင့် ဗိုလ်လုပွဲမှာ ဒန်ဗားနူးဂတ်စ် တို့ကို ၄-၁ ရလဒ်တွေနဲ့ပဲ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဗိုလ်လုပွဲမှာတော့ အရှေ့ကွန်းဖရင့် ချန်ပီယံ မီယာမီဟိထ်ကို ၆ပွဲအထိ ကစားခဲ့ရပြီး နောက်ဆုံးပွဲစဉ်မှာတော့ လီဘရွန်ဂျိမ်းစ်၊ အန်တိုနီ ဒေးဗစ်၊ ဒန်နီ ဂရင်း၊ ရာဂျန်ရွန်ဒိုတို့ လက်စွမ်းပြပြီး ၁၀၆ မှတ် – ၉၃ မှတ်နဲ့ အနိုင်ရခဲ့လို့ ၂၀၂၀ အန်ဘီအေ ဆုဖလားကြီးကို ကိုင် မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း လီဘရွန်ဂျိမ်းစ် တစ်ဦးတည်း ရမှတ် ၂၈ မှတ်၊ ရီဘောင်း ၁၄ကြိမ်၊ ဖန်တီးမှု ၁၀ ကြိမ်အထိရှိခဲ့ပြီး အန်တိုနီဒေးဗစ်ကတော့ ၁၉မှတ်၊ ရီဘောင်း ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တော့ ထူးထူးခြားခြားပဲ ကလ်ဒ်ဝဲလ်ပုပ်နဲ့ ရွန်ဒိုတို့ရဲ့ လက်စွမ်းပြမှုတွေ ကို မြင်တွေ့ခဲ့ရပြီး ပထမပိုင်းမှာ ၂၈-၂၀၊ ဒုတိယပိုင်းမှာ ၃၆-၁၆၊ တတိယပိုင်းမှာ ၂၃-၂၂ နဲ့ လိတ်ကာစ်တို့ အပြတ်အသတ် အသာစီးရယူကစားခဲ့သလို မာကျောတဲ့ခံစစ် ကစားပုံကြောင့်  မီယာမီဟိထ်တို့ ရုံးကန်ခဲ့ရပါတယ်။ စတုတ္ထပိုင်းမှာ မီယာမီဟိထ် တို့ ၁၉-၃၅နဲ့ ပြန်လိုက်လာနိုင်ပေမယ့် ပွဲပြီးတဲ့အချိန်မှာတော့ ၁၃ မှတ်အကွာနဲ့ အဲလ်အေလိတ်ကာစ်ကို အရှုံးပေးခဲ့ရလို့ အန်ဘီအေ ချန်ပီယံဆု ၄ကြိမ်မြောက် ကိုင်မြှောက်ခွင့်ကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ပွဲစဉ် ၅ မှာ ကပ်ပြီး အရှုံးပေးခဲ့ရတဲ့ လီဘရွန်ဂျိမ်းစ်တို့ အုပ်စုရဲ့ တောက်ပမှုကိုတော့  မီယာမီဟိထ်ရဲ့ ဂျင်မီ ဘတ်တလာတို့ အုပ်စု မကျော်နိုင်ခဲ့ပါဘူး။ ဘမ်အဒီဘာယို အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ဂျင်မီ ဘတ်တလာ၊ တိုင်လာဟီးရိုး၊ ဒန်ကန်ရော်ဘင်ဆင်တို့ ပုံမှန်လက်စွမ်း မပြသနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ လီဘရွန်ဂျိမ်းစ် ကတော့ အန်ဘီအေ အကောင်းဆုံး ကစားသမားဆု ကို ၄ကြိမ်မြောက် ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ၆ ကြိမ်ထိရရှိထားတဲ့ မိုက်ကယ်ဂျော်ဒန်ရဲ့ နောက်မှာရပ်တည်နိုင်ခဲ့ပါတယ်။ လီဘရွန်ဂျိမ်းစ် ကတော့ မီယာမီဟိထ်၊ ကလိဗ်လန်ကာဗယ်လီယာစ်၊ အခု အဲလ်အေလိတ်ကာစ်နဲ့ အန်ဘီအေ ချန်ပီယံဆုကို ၃ ကြိမ် မြောက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မိုက်ကယ်ဂျော်ဒန် ကတော့ ချီကာဂိုဘူးလ်စ်အသင်းနဲ့ အန်ဘီအေ ချန်ပီယံဆု ၆ ကြိမ် ရရှိပြီး အကောင်းဆုံးကစားသမားဆု ၆ ကြိမ်အထိ ရရှိထားခဲ့တာပါ။

 

၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ ရလဒ်များ

အဲလ်အေလိတ်ကာစ်နဲ့ အန်ဘီအေ ချန်ပီယံဆုကို ၃ ကြိမ် မြောက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
မတူညီတဲ့အသင်း ၃ သင်းနဲ့ အန်ဘီအေ ချန်ပီယံဆု ၃ ကြိမ်ရရှိခဲ့တဲ့ လီဘရွန်ဂျိမ်းစ်

ပွဲစဉ် (၁) မီယာမီဟိထ် ၉၈ – ၁၁၆ အဲလ်အေလိတ်ကာစ်

ပွဲစဉ် (၂) မီယာမီဟိထ် ၁၁၄ – ၁၂၄ အဲလ်အေလိတ်ကာစ်

ပွဲစဉ် (၃) အဲလ်အေလိတ်ကာစ် ၁၀၄ – ၁၁၅ မီယာမီဟိထ်

ပွဲစဉ် (၄) အဲလ်အေလိတ်ကာစ် ၁၀၂ – ၉၆ မီယာမီဟိထ်

ပွဲစဉ် (၅) မီယာမီဟိထ် ၁၁၁ – ၁၀၈ အဲလ်အေလိတ်ကာစ်

ပွဲစဉ် (၆) အဲလ်အေလိတ်ကာစ် ၁၀၆ – ၉၃ မီယာမီဟိထ်

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်