နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမယ့်နှစ် အန်ဘီအေမှာ ဘလေဇာအသင်းနဲ့ ဆက်ကစားချင်နေတဲ့ ကာမယ်လို အန်တိုနီ

countdown banner

ပို့တ်လန်းထရေးလ်ဘလေဇာ အသင်းဟာ နာမည်ကြီး အဲလ်အေလိတ်ကာစ် အသင်းကို အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ခဲ့ပေမယ့်လည်း ၄-၁ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး အန်ဘီအေ ရှုံးထွက်အဆင့်ကနေ နှုတ်ဆက်ခဲ့ရပါတယ်။ ပထမအကျော့မှာ ဘလေဇာတို့ အနိုင်ရခဲ့လို့ ဒီနှစ်မှာ မထင်မှတ်တဲ့ စွမ်းဆောင်မှုတွေ လုပ်ပြနိုင်မလားဆိုပြီး ခန့်မှန်းခဲ့ကြပေမယ့် နောက်ထပ် ကစားရတဲ့ ပွဲတွေအားလုံးမှာ  အဲလ်အေလိတ်ကာစ် အသင်းက ပြန်လည် အနိုင်ရခဲ့လို့ ဘလေဇာတို့ အခုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ပဉ္စမမြောက်ပွဲစဉ်ကတော့ အမှတ်တရရှိခဲ့ပြီးတော့ အဲ့ဒီပွဲမှာ အကောင်းဆုံး စွမ်းဆောင်သွားခဲ့တဲ့ ကစားသမားကတော့ ထရေးလ်ဘလေဇာအသင်းရဲ့ ကစားသမား ကာမယ်လို အန်တိုနီပဲ ဖြစ်ပါတယ်။

အခုရာသီကမှ ထရေးလ်ဘလေဇာ အသင်းကို ရောက်ရှိလာနဲ့ ကာမယ်လိုဟာ ဘတ်စ်ကတ်ဘောပွဲတွေနဲ့ တစ်နှစ်နီးပါးလောက် အဆက်ပြတ်‌နေခဲ့ပေမယ့် ပါ၀င်ကစားထားတဲ့ အန်ဘီအေ ၅၈ပွဲမှာ တစ်ပွဲပျမ်းမှာ ၁၅.၄မှတ်၊ ရီဘောင်း ၆.၃၊ ဖန်တီးပေးပို့မှု ၁.၅ကြိမ်ထိရှိခဲ့ပါတယ်။ အဲလ်‌လိတ်ကာစ့် နဲ့ကစားခဲ့ ရှုံးထွက်နောက်ဆုံးပွဲမှာလည်း ကာမယ်လို အပါအ၀င် ‌ ဘလေဇာ အသင်းသားတွေ အားလုံး အဲလ်လေလိတ်ကာစ်ကို သူတင်ကိုယ်တင် ရင်ဆိုင်နိုင်ခဲ့ပေမယ့် အန်ဘီအေ ဘုရင်ကြီးလို့ သတ်မှတ်ထားကြတဲ့ လီဘရွန်ဂျိမ်းစ်နဲ့ အန်တိုနီ ဒေးဗစ်တို့ရဲ့ တစ်ဦး‌ချင်း စွမ်းဆောင်ရည်ကောင်းတွေ ကို မယှဉ်နိုင်ခဲ့ဝာာ ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ရလို့ ပျော်ရွှင်နေတဲ့ လီဘရွန်ဂျိမ်းစ်က ကာမယ်လို အန်တိုနီရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။ လီဘရွန်ဂျိမ်းစ်က ဘတ်စ်ကတ်ဘောကွင်းထဲကို စွမ်းဆောင်ရည်ကောင်းတွေနဲ့ တကျော့ပြန်၀င်လာခဲ့တဲ့ ကာမယ်လို အတွက် ချီးကျူးဂုဏ်ယူမိကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ကာမယ်လိုက ‌ဘလေဇာတို့အတွက် ၂၇မှတ်၊ ရီဘောင်း ၇ကြိမ်နဲ့ ဖန်တီးမှု၁ကြိမ် စွမ်းဆောင်ပေးခဲ့ပြီး လီဘရွန်ဂျိမ်းစ်ကတော့ ၃၆မှတ်၊ ရီဘောင်း ၁၀ကြိမ် နဲ့ ဖန်တီးမှု ၁၀ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။

ကာမယ်လို အန်တိုနီဟာ နယူးယောခ့် နစ်ခ်စ် ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၇ကနေ ၂၀၁၉ခုနှစ်အထိ အိုကလာဟားမား စီးတီးသန်ဒါစ်နဲ့ ဟောက်စတန်ရောါတ်ကတ်အသင်းတို့မှာ ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကာမယ်လိုအတွက် ရုံးကန်ခဲ့ရပြီး ရော့တ်ကတ်အသင်းနဲ့  တစ်ရာသီလုံး‌ပေါင်းမှ ကစားခွင့်ရတဲ့ အချိန်ဟာ ၂၉၄မိနစ်သာ ရှိခဲ့ပါတယ်။

အန်ဘီအေ ဘုရင်ကြီးလို့ သတ်မှတ်ထားကြတဲ့ လီဘရွန်ဂျိမ်းစ်နဲ့ အန်တိုနီ ဒေးဗစ်တို့ရဲ့ တစ်ဦး‌ချင်း စွမ်းဆောင်ရည်ကောင်းတွေ ကို မယှဉ်နိုင်ခဲ့ဝာာ ဖြစ်ပါတယ်။
၂၀၂၀ခုနှစ် အန်ဘီအေရဲ့ ဖန်တီးမှု အများဆုံးကစားသမား လီဘရွန်ဂျိမ်းစ်

အသက် ၃၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာမယ်လိုဟာ လက်ရှိရာသီမှာ ပို့တ်လန်း‌ထရေးလ် ဘလေဇာနဲ့အတူ ၅၈ပွဲအထိ ကစားထားပြီး အသင်းသစ်နဲ့ အတူ လာမယ့်ရာသီကိုလည်း ထပ်မံဖြတ်သန်းချင်နေပါတယ်။ ကာမယ်လိုက သူ့အနေနဲ့ လာမယ့် အန်ဘီအေ ရာသီမှာ ပို့တ်လန်းထရေးလ် အသင်းမှာပဲ ဆက်ရှိနေဖို့ များနေတယ်လို့ ပြောကြားထားပါတယ်။ ၁၀နှစ်တိုင်တိုင် အန်ဘီအေ ကြယ်ပွင့်အသင်းမှာ လူစာရင်းမှာ ပါ၀င်ခဲ့ဖူးတဲ့ ကာမယ်လိုအနေနဲ့ ပြီးခဲ့တဲ့ အချိန်ကာလအတွင်း ‌အခက်အခဲတွေရှိခဲ့ပေမယ့် လက်ရှိ ဘလေဇာအသင်းဟာ သူရှာနေတဲ့ အိမ်လေးတစ်လုံး ဖြစ်ကြောင်း  ပြောပါတယ်။ အဲ့နောက်မှာတော့ ကာမယ်လိုက သူ့အနေနဲ့ ‌အဘက်ဘက်က အဆင်ပြေတဲ့နေရမှာ ရပ်တည်နေထိုင်‌နေရပြီး တန်ဖိုးထားတတ်တဲ့ ပတ်၀န်းကျင်မှာ ရပ်တည်ရမယ်ဆိုရင် တခြားမတူညီတဲ့ အရာတွေကို လိုက်လံရှာဖွေ နေတော့မှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

ကာမယ်လို အန်တိုနီဟာ တစ်ချိန်က ဒန်ဗားနူးဂတ်စ်၊ နယူးယောခ့် နစ်ခ်စ် နဲ့ အိုကလာဟားမား စီးတီးသန်ဒါစ်မှာ အကောင်းဆုံး လက်စွမ်းတွေ ပိုင်ဆိုင်ခဲ့ပြီး တစ်ဦးချင်း အောင်မြင်မှု များစွာရရှိထားပါတယ်။ ဒါပေမယ့် ဟောက်စတန်ရော့တ်ကတ်အသင်းကို ပြောင်းရွှေ့သွားခဲ့ချိန်မှာတော့ အပယ်ခံကစားသမားတစ်ဦးလို ဖြစ်ခဲ့လို့ ပိုတ့်လန်းထရေးလ်ဘလေဇာ အသင်းကို ပြန်လည် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဘလေဇာ နည်းပြ တယ်ရီစတော့တ်စ် ကတော့ ကာမယ်လို အပေါ်မှာ အကြွင်းမဲ့ယုံကြည်ထားပြီး ကာမယ်လိုရဲ့ နည်းပြဖြစ်ရတာ ဂုဏ်ယူသလို ကစားသမားဟာ အောင်မြင်မှု မှတ်တင်း၀င် ကစားသမား ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်