နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံမှုနဲ့ အကြိတ်အနယ်ရှိလာဦးမယ့် အန်ဘီအေ

countdown banner

SBOTOP ရဲ့ အန်ဘီအေ ပရိသတ်တွေအတွက် လာမယ့် ဩဂုတ်လ ၁ရက်နေ့မှာတော့ ပွဲကောင်းတွေရှိနေပါတယ်။ပွဲစဉ် ၅ပွဲရှိနေပြီး အဲ့ထဲကမှ မီယာမီဟိထ် နဲ့ ဒန်ဗားနူးဂတ်စ်၊ အူတာဂျက်ဇ်နဲ့ အိုကလာဟားမားစီးတီးသန်ဒါ၊ အဲလ်အေလိတ်ကာ နဲ့ တိုရွန်တိုရက်ပ်တာစ့် ပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ဖော်ပြပေးသွားမှာပါ။
 

မီယာမီဟိထ် နဲ့ ဒန်ဗားနူးဂတ်စ်

နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုအရကြည့်မယ်ဆိုရင် နောက်ဆုံး ၅ပွဲမှာ နူးဂတ်စ်တို့ ၄ပွဲအနိုင်ရထားပြီး မီယာမီဟိထ်က ၁ပွဲပဲပြန်အနိုင်ရထားပါတယ်။ မီယာမီဟိထ်အနေနဲ့ ၄၁ပွဲနိုင်၊ ၂၄ပွဲရှုံးနိမ့်ပြီး အရှေ့ကွန်းဖရင့်အဆင့် ၄‌ နေရာမှာရပ်တည်နေပါတယ်။နူးဂတ်စ်တို့ကတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မြောက်ကွန်းဖရင့်မှာ ၄၃ပွဲနိုင် ၂၂ပွဲရှုံးနိမ့်ပြီး အဆင့်၃နေရာမှာရပ်တည်နေပါတယ်။ဒီနှစ်သင်းဟာ ဒီနှစ်အတွက် အန်ဘီအေချန်ပီယံရှစ်အတွက် ဖျက်မြင်းအသင်းတွေလို့ သုံအန်ဘီအေးသပ်ထားကြပြီး အခုတွေ့ဆုံမှုကလည်း ပြိုင်ဆိုင်မှုပြင်းထန်လာဦးမှာပါ။နူးဂတ်စ်ကစား နစ်ကိုလာဂျိုကစ်ဟာ အသင်းဖော် ဂျမဲလ်မူရေးနဲ့ တွဲဖက်ပြီး လက်စွမ်းတွေပြနေပါတယ်။ဟိထ်အသင်းကတော့ ဂျင်မီဘတ်လာ နဲ့ ဒန်ကန်ရော့ဘင်ဆင်အသင်းတို့ အပေါ်မှီခိုနေရပြီး ရော့ဘင်ဆင်လက်စွမ်းမပြနိုင်တဲ့ပွဲဆိုရင် နိုင်ပွဲရဖို့ခက်ခဲနေပါတယ်။လက်စွမ်းမကွာဟပေမယ့် နူးဂတ်စ်တို့ပဲ အသာရသွားမယ့်ပွဲပါ။

အန်ဘီအေပွဲတွေပြန်စပြီးနောက် အူတာဂျက်ဇ်ရဲ့ ဒုတိယပွဲစဉ်ဖြစ်ပါတယ်။
၁၀၆မှတ်-၁၀၁မှတ်နဲ့ ပယ်လီကန်စ်ကို အနိုင်ရထားတဲ့ ဂျက်ဇ်

 

အူတာဂျက်ဇ် နဲ့ အိုကလာဟားမားစီးတီးသန်ဒါ

ဒီပွဲစဉ်ဟာလည်း မြောက်ကွန်းဖရင့်မှာ အဆင့်၄နဲ့ ၅နေရာမှာရပ်တည်နေတဲ့ နှစ်သင်းထိပ်တိုက်တွေ့ဆုံနေလို့ အကြိတ်အနယ်ရှိမယ့်ပွဲပါ။အန်ဘီအေပွဲတွေပြန်စပြီးနောက် အူတာဂျက်ဇ်ရဲ့ ဒုတိယပွဲစဉ်ဖြစ်ပါတယ်။အူတာဂျက်ဇ်တို့ ၄၂ပွဲနိုင် ၂၃ရှုံးနိမ့်ထားပြီး အိုကလားဟားမားသန်ဒါကတော့ ပွဲ၄၀နိုင်ပြီး ၂၄ပွဲရှုံးထားလို့ လက်စွမ်းသိပ်မကွာတဲ့ နှစ်သင်းပါ။အိုကလာဟားမားကတော့ ဆီဒင်ပွဲစဉ်တွေမစမီ လက်စွမ်းပွဲ ၃ပွဲလုံးအနိုင်ရထားပြီး ဒီနှစ်အတွက် ဖျက်မြင်းအသင်းလို့လည်း ပြောလို့ရနေပါတယ်။ အူတာဂျက်ဇ်ကတော့ လက်ရှိအဆင့်ရပ်တည်မှုအရ ပြိုင်ဘက်ရဲ့အထက်မှာရှိနေပေမယ့် လက်စွမ်းပိုင်းသိပ်ပြီးမတည်ငြိမ်သေးပါဘူး။နောက်ပြီးတော့ တစ်ပွဲကို ၂၄.၁မှတ်လောက်ရှာဖွေပေးထားနိုင်တဲ့ ဒိုနိုဗန်မစ်ချယ်ကို ကျိန်းသေပေါက်အားထားပြီးကစားသွားရမယ့် အခြေအနေမှာရှိနေပါတယ်။ဒီပွဲစဉ်ရဲ့ရလဒ်ဟာ နှစ်သင်းလုံးရဲ့ ဆီဒင်ရပ်တည်မှုအပေါ် သက်ရောက်မှုရှိလာဦးမှာပါ။လက်စွမ်းတက်နေတဲ့ အိုကလာဟားမားသန်ဒါ ကိုပိုသဘောကျပါတယ်။
 

အဲလ်အေလိတ်ကာ နဲ့ တိုရွန်တိုရက်ပ်တာစ့်

ဒီပွဲက‌တော့ အသင်းကြီးနှစ်သင်းတွေ့ဆုံမှုဖြစ်လို့ ပရိသတ်တွေကို ဖျော်ဖြေမှုရသအပြည့်အ၀ပေးပြီး ပြိုင်ဆိုင်မှုလည်း ပြင်းထန်ဦးမှာပါ။အရှေ့ပိုင်းဆီဒင် ၂နဲ့ မြောက်ပိုင်းကဆီဒင် ၁အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နှစ်သင်းစလုံးရဲ့ ခံစစ်ပိုင်းကလည်း အန်ဘီအေမှာ အတောင့်တင်းဆုံးဖြစ်နေလို့ ရမှတ်နည်းနည်းနဲ့ ပွဲပြီးဆုံးသွားမှာပါ။ လိတ်ကာကတော့ ပြီးခဲ့တဲ့ အန်ဘီအေ ပွဲမှာ ကလစ်ပါစ်ကို ၁၀၁-၁၀၃နဲ့ ခက်ခက်ခဲခဲအနိုင်ရထားပါတယ်။ပြီးခဲ့တဲ့ ၅ပွဲတွေ့ဆုံမှုမှာ ရက်ပ်တာ့စ်တို့ လိတ်ကာကို ၅ပွဲလုံး အနိုင်ရထားပါတယ်။လိတ်ကာရဲ့ အန်တိုနီဒေးဗီးစ်၊လီဘရွန်ဂျိမ်းစ် နဲ့ ရက်ပ်တာ့စ်ရဲ့ ပါစကယ်ဆီရာကမ်၊ဆာ့ဂ်ျအီဘက်ကာတို့ အားပြိုင်မယ့်ပွဲဆိုရင်လည်းမမှားပါဘူး။ဒီနှစ်အတွက် ချန်ပီယံဖြစ်ဖို့ ထင်ကြေးပေးခံထားရတဲ့ လိတ်ကာတို့ပဲ ကပ်နိုင်သွားမယ်လို့ ယူဆရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်