နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှက်ဖီးလ်ကို လူငယ်တွေနဲ့ ဂိုးပြတ်တီးလိုက်တဲ့ အာကြီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ရှက်ဖီးလ်ယူနိုက်တက် ၀ – ၃ အာဆင်နယ်

ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ အာဆင်နယ်တို့ မနေ့ညက ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲမှာတော့ လူငယ်တွေနဲ့ ကစားပြီး ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ် တိုက်စစ်က အလက်ဇန္တား လာကာဇက်နဲ့ လူငယ်တစ်စုရဲ့ အကောင်းဆုံး ပုံစံကို မြင်တွေ့ခဲ့ရပြီး အာတေးတား အနေနဲ့ လူငယ်တွေကို ယုံကြည်ရင် မမှားဘူးဆိုတာ သိသင့်နေပါပြီ။

အာဆင်နယ်တို့ ကြားရက်မှာ ဆလားဗီယားပရက်ဂ်နဲ့ အရေးကြီးတဲ့ ယူရိုပါလိဂ် ပွဲစဉ် ကစားဖို့ ရှိလို့ အဓိက ကစားသမား အများစုကို အနားပေးခဲ့ပြီး လာကာဇက်၊ ပါတေး၊ ဆာကာ၊ ရှာကာတို့ကို မာတင်နယ်လီ၊ ပေပေ၊ ဆယ်ဘာလော့စ်၊ ပါဘလိုမာရီ၊ ချမ်ဘာစ် တို့နဲ့ တွဲဖက်ကစားစေခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် ဘက်မှာတော့ နော်ဝုဒ်၊ ဘာကီ၊ မက်ဂိုးဒရစ်ခ်၊ လောင်းစတွမ်း၊ ဘောလ်ဒေါ့ခ်၊ ရမ်းစ်ဒေးလ် စတဲ့ အဓိကကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ် လာကာဇက် ဦးဆောင်တဲ့ တိုက်စစ် စုဖွဲ့မှုက လျင်လျင်မြန်မြန်နဲ့ ပြိုင်ဘက်နောက်တန်းကို ထိုးဖောက်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိနေလို့ ဂိုးတွေ စောစောစီးစီး မရခဲ့တာ ဖြစ်ပါတယ်။  ပွဲချိန် ၃၃ မိနစ်မှာ အာဆင်နယ်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဆာကာနဲ့ ဆဘာလော့စ် တွဲဖက်မှုကနေ ဆဘာလော့စ် နောက်ပေါက်နဲ့ ပါးပါးနပ်နပ် ပြန်ချပေးတာကို လာကာဇက်က ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာတော့ ၁-၀နဲ့ အာဆင်နယ်တို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်စချိန်မှာလည်း နောက်ထပ် သွင်းဂိုးတွေ ထပ်မံရရှိဖို့ ဆာကာအစား ဝီလျံကို ထည့်ခဲ့ပါတယ်။ အဲ့နောက် ၂ မိနစ် အကြာမှာတော့ နီကိုလာစ် ပေပေရဲ့ တစ်ကိုယ်တော် အစွမ်းနဲ့လိမ်ခေါက်ပြီး ကန်သွင်းမှုကို ဂိုးသမား ရမ်းစ်ဒေးလ် ပုတ်ထုတ်ရာက ပြန်ထွက်လာတဲ့ ဘောလုံးကို အသင့်ရှိနေတဲ့ မာတင်နယ်လီက ပိတ်သွင်းခဲ့လို့ အာဆင်နယ်တို့ ဒုတိယဂိုး ရပါတယ်။ ပွဲပြီးဖို့ ၅ မိနစ် အလိုမှာတော့ သောမတ်စ်ပါတေး ရဲ့တိကျတဲ့ ကန်တင် ပေးပို့မှုကနေ လာကာဇက်က ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ အပိုင် ပိတ်သွင်းသွားခဲ့လို့ အာဆင်နယ်တို့ ပွဲအပြီးမှာ ၀-၃ ရလဒ်နဲ့ ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်လည် ရှာတွေ့သွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်တို့ ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေရာ ကနေ ကစားသမားတွေ ခြေစွမ်းပြပြီး အနိုင်ရခဲ့လို့ အာတေးတား အတွက် စိတ်သက်သာရာ ရခဲ့ပါတယ်။ အာဆင်နယ်တို့ လူငယ်ကစားသမားတွေ အများစုနဲ့ ပွဲထွက် ကစားတိုင်းမှာ ရလဒ်ကောင်းလေ့ ရှိတာကို အာတေးတား အနေနဲ့ ကောင်းကောင်း နားလည်သင့်နေပါပြီ။ ဒီနိုင်ပွဲဟာ အာဆင်နယ်အတွက် လာမယ့် ယူရိုပါလိဂ်မှာ ဆလားဗီးယားပရက်ဂ်ကို ရင်ဆိုင်ဖို့ အနည်းဆုံး စိတ်ခွန်အားတော့ ဖြစ်စေခဲ့မှာ သေချာပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် ပရီးမီးယားလိဂ် ၄ ပွဲဆက် ရှုံးပွဲပြန်တွေ့ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၂၀ ရာသီကုန်ရင် တန်းဆင်းရတော့မှာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်မျာ

ရှက်ဖီးလ်ယူနိုက်တက်တို့ လာမယ့် တစ်ပတ်မှာ ဝုဗ်ရဲ့ အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်သွားကစားဖို့ ရှိပြီး အာဆင်နယ် ကတော့ ကြားရက်မှာ ဆလားဗီးယား ပရက်ဂ်နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် ချက်မြေမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်