နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကွန်မြူနတီဒိုင်း ရထားကြောင်း ပြောလာလို့ အလှောင်ခံနေရတဲ့ အာတေးတား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ပရိသတ်တွေ ကတော့ နည်းပြ မီခဲလ် အာတေးတားရဲ့ ဆုဖလား အောင်မြင်မှုတွေနဲ့ ပတ်သတ်ပြီး အင်တာဗျူး ဖြေကြားမှုကို လှောင်ပြောင် ဝေဖန်မှုနေခဲ့ကြပါတယ်။ အာတေးတားက ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲစဉ် မတိုင်ခင် အင်တာဗျူးမှာ ကွန်မြူနတီဒိုင်းကို ဆုဖလား အောင်မြင်မှု အဖြစ် သတ်မှတ် ပြောဆိုခဲ့တာ ဖြစ်ပြီး ဒီပြောစကားကို ပရိသတ်တွေက လူမှုကွန်ရက်တွေ အပေါ်မှာ လှောင်ပြောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

မီခဲလ် အာတေးတား ကတော့ အာဆင်နယ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင် ကိုင်တွယ်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မီခဲလ် အာတေးတားက အာဆင်နယ်ကို ၅ နှစ်တာ ကာလ အတွင်း ဆုဖလား အောင်မြင်မှု အဖြစ် အက်ဖ်အေဖလား တစ်လုံးသာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ရာသီသစ် မစတင်ခင်တိုင်း ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် မှာတော့ နှစ်ကြိမ် အောင်မြင်မှု ရထားခဲ့တာ ဖြစ်ပါတယ်။ 

သတင်းထောက် တစ်ဦးက ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ် မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အာဆင်နယ် အနေနဲ့ မီခဲလ် အာတေးတား လက်ထက်မှာ အက်ဖ်အေဖလား ဖလား တစ်လုံးသာ ရရှိခဲ့တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြောဆိုမှုကို မီခဲလ် အာတေးတားက “ကျွန်တော်တို့ ကွန်မြူနတီဒိုင်းလည်း ရထားတယ်လေ။ ဒါကိုရော ထည့်မတွက်ဘူးလား။ ကျွန်တော်တို့ အခုထက် ပိုပြီး ဆုဖလားတွေ လိုချင်ပါသေးတယ်။” ဆိုပြီး တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။  

ဒါ့အပြင် အာဆင်နယ်က လစ်ဗာပူးလ်ထက် ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ထားပြီး လစ်ဗာပူးလ် ထက်လည်း တစ်ပွဲ ပိုကစားထားပါသေးတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုနဲ့ နှစ်ရာသီ ဆက်တိုက် လွဲချော်ခဲ့တဲ့ အာဆင်နယ်

အခုလိုမျိုး အာတေးတားရဲ့ ပြောစကားကို အာဆင်နယ် ပရိသတ်တွေက ချက်ချင်းဆိုသလိုပဲ ဝေဖန်ခဲ့တာ ဖြစ်ပြီး အသင်း အနေနဲ့ သူ့ကို ချက်ချင်း ထုတ်ပယ်ပစ်ဖို့လည်း ပြင်းပြင်းထန်ထန် တိုက်တွန်း ပြောဆိုခဲ့ပါသေးတယ်။ အာဆင်နယ် ပရိသတ်တွေက လူမှုကွန်ရက် ကနေ တဆင့် ‘အရှက်မရှိတဲ့ နည်းပြ၊ ‘ကွန်မြူနတီဒိုင်း ကိုများ ဆုဖလား အဖြစ် ထည့်တွက်သေးတယ်ပေါ့။ ဒါက တကယ့်ကို ရှက်စရာကြီးပါ’ ‘ဖလား ၃ လုံးတောင် ရထားတယ်ပေါ့’၊ ‘ဒီငနဲကို အခု ချက်ချင်းပဲ ရာထူး ကနေ ထုတ်ပယ်လိုက်စမ်းပါ’၊ ‘ကွန်မြူနတီဒိုင်း ရတာ ကျေနပ်စရာကြီးပေါ့’ စသဖြင့် ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိခဲ့ပေမယ့် ဒုတိယ နဲ့ပဲ ကျေနပ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒီရာသီ မှာတော့ အာဆင်နယ် ပရိသတ်တွေက အသင်းကို ပြီးခဲ့တဲ့ ရာသီတွေကထက် ပိုပြီး မြင့်မားတဲ့ အခြေအနေနဲ့ မြင်တွေ့ချင်နေကြပေမယ့် အသင်း ကတော့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့တော့ ၆ မှတ် ပြတ်နေပါတယ်။ ဒါ့အပြင် အာဆင်နယ်က လစ်ဗာပူးလ်ထက် ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ထားပြီး လစ်ဗာပူးလ် ထက်လည်း တစ်ပွဲ ပိုကစားထားပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်