နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူကာကူကို ခေါ်ယူဖို့ အချိန် (၅) ရက်ပဲ ယူခဲ့ရတယ် ဆိုတဲ့ ရိုးမား အကြီးအကဲ (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၈ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လူကာကူကို ခေါ်ယူဖို့ အချိန် (၅) ရက်ပဲ ယူခဲ့ရတယ် ဆိုတဲ့ ရိုးမား အကြီးအကဲ

ရိုးမားရဲ့ အားကစားပိုင်းဆိုင်ရာ အကြီးအကဲ တီယာဂိုပင်တိုက ရိုမီလူ လူကာကူကို ခေါ်ယူဖို့ အတွက် အချိန် (၅) ရက်သာ လိုအပ်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးမှာ ရိုးမားကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။ 

လူကာကူ အနေနဲ့ အပြောင်းအရွှေ့ကာလ တစ်လျှောက်လုံးမှာ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အင်တာမီလန်၊ ဂျူဗင်တပ်စ် တို့နဲသာ သတင်းထွက်ခဲ့ပြီး ရိုးမား ကတော့ ကြားဖြတ် ဝင်ခေါ်သွားခဲ့တာပါ။ ဒီအပေါ်မှာ ပင်တိုက ဇွန်လနဲ့ ဇူလိုင်လတို့မှာ လူကာကူကို ခေါ်ယူဖို့ မကြိုးစားခဲ့ကြောင်း၊ ဒါပေမယ့် မှန်ကန်တဲ့ အချိန်ကို ရောက်ဖို့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ 

ပေါ်လို ဒီဘားလား တုန်းကလိုပဲ လူကာကူ အတွက် (၅) ရက်ပဲ အချိန်ယူခဲ့ကြောင်း၊ စကားတွေ အများကြီး ပြောနေရင် အခွင့်အရေးနဲ့ လွဲချော်နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ခဗီချာ ကေဗာရက်ခီလီရာရဲ့ စာချုပ်သစ်သတင်းတွေကို ငြင်းဆန် ပယ်ချလိုက်တဲ့ နာပိုလီ 

အသင်းရဲ့ စီးရီးအေ ချန်ပီယံဆု ခရီးလမ်းမှာ အရေးပါတဲ့ ကဏ္ဍကနေ ရှိနေခဲ့တဲ့ ဒီကစားသမားကို ခေါ်ယူဖို့ ထိပ်တန်း အသင်းအချို့ ကလည်း စောင့်ကြည့်ခဲ့ကြပါတယ်။
စီးရီးအေ ချန်ပီယံ နာပိုလီရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့တဲ့ ခဗီချာ ကေဗာရက်ခီလီရာ

နာပိုလီရဲ့ စီမံခန့်ခွဲရေး တာဝန်ရှိသူတွေဟာ အသင်း ကြယ်ပွင့် ခဗီချာ ကေဗာရက်ခီလီရာရဲ့ စာချုပ်သစ် သတင်းတွေကို ငြင်းဆန် ပယ်ချလိုက်ကြောင်း သိရှိရပါတယ်။ အဆိုပါ ဂျော်ဂျီယာ လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နာပိုလီအတွက် အထူး ခြေစွမ်းပြခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ 

အသင်းရဲ့ စီးရီးအေ ချန်ပီယံဆု ခရီးလမ်းမှာ အရေးပါတဲ့ ကဏ္ဍကနေ ရှိနေခဲ့တဲ့ ဒီကစားသမားကို ခေါ်ယူဖို့ ထိပ်တန်း အသင်းအချို့ ကလည်း စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ခီလီရာရဲ့ ပတ်သက်လို့ တရားဝင် ကမ်းလှမ်းမှု တစ်စုံတစ်ရာမှ မရရှိခဲ့ပါဘူး။ 

နာပိုလီဥက္ကဌ အော်ရီလီယို ဒီလော်ရန်းတစ် ကတော့ ဒီကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ကြိုးစားနေကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကို နာပိုလီ တာဝန်ရှိသူတွေ ဘက်က မဟုတ်မှန်တဲ့ သတင်းတွေသာ ဖြစ်ကြောင်း၊ ကစားသမားနဲ့ စာချုပ်သက်တမ်းက (၄) နှစ် ကျန်ရှိနေသေးကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။ 

ယူအီးအက်ဖ်အေ ယူရို 2024
အင်္ဂလန်
ယူကရိန်း
1X2 သရေ @ 4.50
အဂ်လန် အာရှ ဟန်းဒီးကပ် -1.25 @ 1.90
ဂိုးအောက် 2.50 @ 2.01
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မော်ရင်ဟိုကို ဝေဖန်တိုက်ခိုက်ခဲ့ပြန်တဲ့ ကာဆာနို 

အီတလီ တိုက်စစ်မှူးဟောင်းကြီး အန်တိုနီယို ကာဆာနို ကတော့ ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုကို ထပ်မံထိုးနှက် တိုက်ခိုက်ခဲ့ပြန်ကြောင်း သိရှိရပါတယ်။ ရိုးမားဟာ ဒီရာသီ စီးရီးအေ အဖွင့်ပွဲတွေမှာ ရလဒ်ကောင်း ရရှိဖို့ ရုန်းကန်နေရပြီး ဒီအပေါ်မှာ ကာဆာနိုက ပစ်မှတ်ထား ဝေဖန်ခဲ့တာပါ။ 

ကာဆာနိုက နောက်ဆုံး ဆယ်နှစ် အတွင်းမှာ အဆိုးရွားဆုံး နည်းပြက မော်ရင်ဟို ဖြစ်ကြောင်း၊ သူက ရိုးမားကို ရှက်ဖို့ကောင်းတဲ့၊ စိတ်ပျက်ဖို့ ကောင်းတဲ့ ကစားပုံနဲ့ သွတ်သွင်းခဲ့ကြောင်း၊ ဆလာနီတာနာ၊ ဗီရိုနာတို့နဲ့ ပွဲမှာ ကစားပုံဆိုးရွားခဲ့သလို ဆယ်ယောက်ကျန် အေစီမီလန်နဲ့ ပွဲမှာလည်း အလားတူပဲ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ 

ဒ့ါအပြင် ဒီလို ရှက်ဖို့ ကောင်းတဲ့ ပုံစံမျိုးကို မကြည့်နိုင်တော့ကြောင်း၊ ကွင်းထဲ လာကြည့်တဲ့ ပရိသတ်တွေ အတွက်လည်း မထိုက်တန်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်