နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်ဟာ ‘set-piece FC’ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ချဲလ်ဆီး နည်းပြ ရိုစီနီယာ | ပရီးမီးယားလိဂ်

ချဲလ်ဆီး နည်းပြသစ် လီယမ် ရိုစီနီယာ ကတော့ အာဆင်နယ်နဲ့ ကစားမယ့် ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် မတိုင်ခင် ပြိုင်ဘက်ကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ တခြားသော ပြိုင်ဘက် အာလုံးထက် Set Piece ကနေ ဂိုးအများဆုံး သွင်းထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ကို Set Piece FC ဆိုပြီး ဝေဖန်လှောင်ပြောင်နေကြပြီး ဒါကိုတော့ ရိုစီနီယာက လက်မခံကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုစီနီယာက အာဆင်နယ်က တခြားသော နေရာပေါင်းစုံမှာ အန္တရာယ်ရှိတဲ့ အသင်း ဖြစ်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ခရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ အာဆင်နယ်နဲ့ တွေ့ဆုံနေပြီး တခြားတဖက် မှာတော့ နယူးကာဆယ်နဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ခရာဘောင်ဖလားမှာ အာဆင်နယ်နဲ့ ၆ ကြိမ် ကစားထားပြီး ဆီမီးဖိုင်နယ် မှာတော့ တတိယအကြိမ်မြောက် တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ယခင် တွေ့ဆုံမှု ၂ ကြိမ် မှာတော့ တစ်ကြိမ်စီ အနိုင်ရထားကြပြီး ၁၉၉၇-၉၈ ရာသီမှာ ချဲလ်ဆီးနဲ့ ၂၀၁၇-၁၈ ရာသီမှာတော့ အာဆင်နယ်က အနိုင်ရထားတာပါ။

ရိုစီနီယာ ကတော့ ချဲလ်ဆီးနဲ့ ပွဲဦးထွက် အဖြစ် ပြီးခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ ချဲလ်တန်ကို ၁-၅ နဲ့ အနိုင်ရထားခဲ့သလို အာဆင်နယ် ကလည်း ပို့စ်မောက်ကို ဂိုးပြတ်နိုင်ထားပါတယ်။ ဒါ့အပြင် ချဲလ်ဆီး အခု တွေ့ဆုံရမယ့် အသင်းက ပရီးမီးယားလိဂ် ဇယား ထိပ်ကနေ ၆ မှတ်ဖြတ် ဦးဆောင်နေတဲ့ အသင်း ဖြစ်သလို ချန်ပီယံလိဂ် မှာလည်း အဆင့် ၁ နေရာမှာ ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်သား နည်းပြက သူတို့ ရင်ဆိုင်ရမယ့် ပြိုင်ဘက် အပေါ် လေးစားရမှာ ဖြစ်ကြောင်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ set-piece တွေကနေ ဂိုးကန်သွင်းချက် ၈၈ ကြိမ် ရှိထားပြီး စတုတ္ထ အများဆုံး အသင်း ဖြစ်နေပါတယ်။
ခရာဘောင်ဖလား ပွဲစဉ် မတိုင်ခင် ပြိုင်ဘက် အာဆင်နယ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ လီယမ် ရိုစီနီယာ

ရိုစီနီယာက “ဘယ်သူက သူတို့ကို set-piece FC လို့ ခေါ်လဲ ဆိုတာတော့ ကျွန်တော် မသိဘူး။ ကျွန်တော် ကတော့ လုံးဝ လက်မခံပါဘူး။ အာဆင်နယ်က အရာအားလုံးမှာ ထူးချွန်နေပါတယ်။ သူတို့က ကောင်းတဲ့ အသင်းပါ။ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်အောင် နည်းလမ်းအမျိုးမျိုးနဲ့ အနိုင်ရဖို့ အတွက် ကိုယ့်ရဲ့ ၁ ရာခိုင်နှုန်း ကိုတောင် စီမံခန့်ခွဲရပါမယ်။”

“ကျွန်တော် သူတို့ကို လေးစားပါတယ်။ သူတို့ ကလည်း ကျွန်တော်တို့ကို လေးစားလိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့ကလည်း အသင်းကောင်း တစ်သင်းမို့လို့ပါ။ သူတို့က ဘောလုံး မရှိတဲ့ အချိန်မှာတောင် အရမ်းကောင်းတဲ့ အသင်း တစ်သင်းပါ။ သူတို့မှာ ဘောလုံးနဲ့ ဘယ်လိုကစားချင်လဲ ဆိုတာကို အရမ်းပဲ ရှင်းရှင်းလင်းလင်း သိထားပါတယ်။ ဒါ့အပြင် သူတို့ဟာ set-play တွေမှာ ကောင်းမွန်တဲ့ ပေးပို့မှုတွေနဲ့ အတူ အရမ်းကောင်းကောင်း စီစဉ်ထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ ပင်နယ်တီ မပါပဲ Set Piece ကနေ ၁၂ ဂိုး သွင်းယူထားပြီး ဒီရာသီ ပရီးမီးယားလိဂ် မှာတော့ လိဒ်စ်ယူနိုက်တက်၊ ချဲလ်ဆီး တို့နဲ့ အတူ ပူးတွဲ အများဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ set-piece တွေကနေ ဂိုးကန်သွင်းချက် ၈၈ ကြိမ် ရှိထားပြီး စတုတ္ထ အများဆုံး အသင်း ဖြစ်နေပါတယ်။ ဒါပေမယ့် ဒါဟာ သူတို့ရဲ့ စုစုပေါင်း ကန်သွင်းချက်တွေရဲ့ ၃၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါကြောင့် ဂန်းနားတွေက set-play တွေမှာ မှီခိုမှု အနည်းဆုံး ၈ သင်းထဲမှာ ပါဝင်နေတာလည်း တွေ့ရပါတယ်။ မန်ချက်စတာစီးတီး ကတော့ set-play မှီခိုမှု အနည်းဆုံး ဖြစ်ပြီး သူတို့ရဲ့ ကန်သွင်းချက်တွေရဲ့ ၂၀.၆ ရာခိုင်နှုန်း သာ set-play တွေကနေ လာတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ရိုစီနီယာက “ကျွန်တော် အသင်းကို စရောက်ကတည်းက အာဆင်နယ်မှာ နည်းဗျူဟာကျကျ လုပ်ဆောင်နေခဲ့တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ သူတို့ရဲ့ ပွဲစဉ်အားလုံးကို ကြည့်ရှုခဲ့ပြီး သူတို့ရဲ့ ပွဲစဉ်တိုင်းကို ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်၊ set-play တွေ အပါအဝင် သူတို့ အရမ်းကောင်းတဲ့ ပွဲစဉ်တွေကိုပါ ကြည့်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ခြင်း အားဖြင့် သက်ရောက်မှု ရှိနိုင်တာ အများကြီး ရှိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်