ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကတော့ လာမယ့် နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖွယ် ရှိကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ပေါ်တူဂီသားဟာ မကြာသေးခင်က ယူနိုက်တက်နဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့သလို အခုလည်း အသင်းရဲ့ ဆက်တိုက် ကျရှုံးမှုတွေ အပေါ် စိတ်ပျက် အားလျော့လျက် ရှိနေတယ်လို့ သိရပါတယ်။
တကယ်တော့ ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက် အပေါ်မှာ တော်တော်လေး သံယောဇဉ် ရှိတဲ့ ကစားသမား ဖြစ်ပြီး အသင်း ကျရှုံးနေချိန်မှာတောင် အကောင်းဆုံး စွမ်းဆောင်ပေးနေတဲ့ ရှားရှားပါးပါး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုတော့ ဘရူနိုက ယူနိုက်တက်ရဲ့ စိတ်ပျက်စရာ အခြေအနေတွေ အပေါ် သည်းခံစိတ် ကုန်ဆုံးနေတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ အသင်းသစ် တစ်သင်းနဲ့ အတူ ကစားသမား ဘဝသစ် ပြန်လည် စတင်ဖို့ ကြိုးစားသွားဖွယ် ရှိနေပါတယ်။
အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပေါ်တူဂီ ဒုတိယ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကိုတော့ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ဆော်ဒီပရိုထိပ်သီး ကလပ် အဲလ်ဟီလာက ပေါင်သန်း ၁၀၀ တန်ကြေး ရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက နည်းပြဟောင်း ရူဘင် အမော်ရင်ရဲ့ တားဆီးမှုကြောင့် ယူနိုက်တက် မှာပဲ ဆက်ရှိနေခဲ့ပြီး သူကိုယ်တိုင် ကလည်း ယူနိုက်တက်မှာ အမှန်တကယ်ပဲ ဆက်ရှိချင်ခဲ့ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ရဲ့ တာဝန်ရှိသူတွေ ကတော့ သူ့ကို အဲလ်ဟီလာထံ ရောင်းထုတ်ချင်ခဲ့တာပါ။
ဘရူနို ဖာနန်ဒက်စ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီး မှာတော့ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် အသင်းဖော်တွေ ကလည်း ဘရူနို ဖာနန်ဒက်စ် အနေနဲ့ ဆုံးဖြတ်ချက် တစ်ခု အခိုင်အမာ ချမှတ်ထားပြီး ဖြစ်ကြောင်း ယုံကြည်နေကြပါတယ်။ ယူနိုက်တက်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက လူတစ်ဦး ကတော့ “ဘရူနိုဟာ ယူနိုက်တက်မှာ ရင်ဆိုင်နေရတဲ့ ကျရှုံးမှုတွေဟာ သူ့အတွက် လုံလောက်သွားပြီလို ခံစားနေရတယ် ဆိုပြီး အသင်းဖော်တွေက ထင်နေကြပါတယ်။ အဲဒီအတွက်လည်း သူတို့က ဘရူနိုကို အပြစ်မတင်ကြပါဘူး။”
“သူက ယူနိုက်တက် အတွက် ၁၀၀ ရာခိုင်နှုန်းပြည့် ပေးဆပ် ကစားပြီး အသင်းကို စရောက်ချိန်က စလို့ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူက ယူနိုက်တက် ပိုင်ရှင်သစ်တွေရဲ့ စီမံကိန်းနဲ့ အမော်ရင်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အတွက် စိတ်ပျက်နေပါတယ်။ သူ့ကို ဘယ်သူကမှ အသင်း ကနေ မထွက်စေချင်ကြပေမယ့် တကယ်လို ယူနိုက်တက်နဲ့ ဘရူနို လမ်းခွဲ ဖြစ်ခဲ့မယ် ဆိုရင်လည်း အသင်းဖော်တွေက နားလည်ပေးနိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ် ကတော့ ပရီးမီးယားလိဂ် ကလပ် အတွက် ၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၃၁၀ ကစားပြီး ၁၀၃ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၉၂ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဘရူနိုက ယူနိုက်တက်နဲ့ အတူ ဆုဖလား အောင်မြင်မှု ဆိုလို့ အက်ဖ်အေဖလား တစ်လုံးသာ ရရှိထားနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


