CIES ကတော့ လက်ရှိဘောလုံးလောကရဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးသမား စာရင်းကို ထုတ်ပြန်လာခဲ့ပါတယ်။ ဒီစာရင်း ကိုတော့ လာလီဂါ ကလပ် ဘာစီလိုနာ တောင်ပံ တိုက်စစ် ကြယ်ပွင့် လာမင်း ယာမယ်က ဦးဆောင်နေခဲ့ပြီး မနှစ်က ပထမနေရာမှာ ရှိနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ဂျု့ဒ် ဘယ်လင်ဟမ် ကတော့ ထိပ်ဆုံး နေရာကနေ ဖယ်ပေးခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ် အရွယ် အင်္ဂလန် ကြယ်ပွင့် ဂျု့ဒ် ဘယ်လင်ဟမ်က ပြီးခဲ့တဲ့ နှစ်၊ ဇန်နဝါရီလတုန်းက CIES ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပေါင် ၂၁၈ သန်းနဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဘယ်လင်ဟမ်က တန်ကြေး ပေါင် ၈၅.၅ သန်း အထိ လျော့ကျသွားခြင်းနဲ့ အတူ ကမ္ဘာ့တန်ဖိုး အကြီးဆုံး ဘောလုံးသမား နေရာ ကနေ ဖယ်ပေးလိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘယ်လင်ဟမ်ရဲ့ တန်ဖိုးက ပေါင် ၁၃၂.၅ သန်းသာ ရှိတော့တာကြောင့် မနှစ်ကထက် ၃၈ ရာခိုင်နှုန်း လျှော့ကျသွားပြီး စတုတ္ထနေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။
ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ပခုံးဒဏ်ရာ ခွဲစိတ်မှုကြောင့် အနားယူခဲ့ရသလို ပုံမှန် ခြေစွမ်းပြဖို ရုန်းကန်ခဲ့ရတာကြောင့် အခုလို တန်ဖိုးကျဆင်းသွားခဲ့တာ ဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဘယ်လင်ဟမ်က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပွဲထွက်ကစားခွင့် တစ်နေရာ ရရှိဖို့ အက်စတွန်ဗီလာ ကြယ်ပွင့် မော်ဂန် ရော်ဂျာစ်နဲ့ အပြိုင်လုရဖို့ပါ ရှိနေပြီ ဖြစ်ပါတယ်။
ဘာစီလိုနာ လူငယ် ကြယ်ပွင့် လာမင်း ယာမယ် ကတော့ မနှစ်က စာရင်းမှာ စတုတ္ထနေရာသာ ချိတ်ခဲ့ပေမယ့် တစ်နှစ် အတွင်းမှာပဲ သူ့ တန်ဖိုးက ၂ ဆ နီးပါး မြင့်တက်လာပြီး ယူရို ၃၄၃.၁ သန်း (ပေါင် ၂၉၇ သန်း) နဲ့ အဆင့် ၁ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ယာမယ်ရဲ့ နောက်မှာတော့ မန်စီးတီးရဲ့ နော်ဝေ ဂိုးသွင်းစက် အာလင်း ဟာလန်းက ယူရို ၂၅၅.၁ သန်းနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ဘယ်လင်ဟမ်ရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖော် ကီလီယန် အမ်ဘာပေး ကတော့ အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၂ လက ပေါင် ၁၅၂ သန်းသာ ရှိတာကနေ အခုအချိန်မှာ ဘာပေက ပေါင် ၁၇၄ သန်း (ယူရို ၂၀၁.၃ သန်း) အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီစာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦး ထဲမှာတော့ ဘူကာယို ဆာကာ၊ ကိုးလ် ပါးလ်မာတို့ ပါဝင်လာခဲ့ခြင်း မရှိတော့ပဲ ပြီးခဲ့တဲ့နှစ်က အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ပါးလ်မားဟာ အဆင့် ၁၇ နေရာ အထိ ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် နောက်ထပ် အံ့အားသင့်စရာ တစ်ခုက ၂၀၂၅ ခုနှစ် အတွင်း ဘယ်လွန်ဒေါ၊ ဖီဖာ The Best ဆုတွေနဲ့ ဆုဖလား အားလုံးနီးပါး သိမ်းကျုံး ရယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အူစမန်နီ ဒမ်ဘီလီ ကတော့ ဒီစာရင်းရဲ့ ထိပ်ဆုံး အယောက် ၁၀၀ ထဲမှာတောင် ပါဝင်လာခဲ့ခြင်း မရှိပါဘူး။
CIES Football Observatory က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးသမား ၁၀ ဦး ကတော့ အခုလိုပဲ ဖြစ်ပါတယ်။
၁။ လာမင်း ယာမယ် (တန်ကြေး – ယူရို ၃၄၃.၁ သန်း)
၂။ အာလင်း ဟာလန်း (တန်ကြေး – ယူရို ၂၅၅.၁ သန်း)
၃။ ကီလီယန် အမ်ဘာပေး (တန်ကြေး – ယူရို ၂၀၁.၃ သန်း)
၄။ ဂျူ့ဒ် ဘယ်လင်ဟမ် (တန်ကြေး – ယူရို ၁၅၃.၁ သန်း)
၅။ မိုက်ကယ် အိုလီဆေး (တန်ကြေး – ယူရို ၁၃၆.၉ သန်း)
၆။ ဖလော်ရီယန် ဗစ်ဇ် (တန်ကြေး – ယူရို ၁၃၅.၈ သန်း)
၇။ ဒီဇိုင်းရား ဒူရေး (တန်ကြေး – ယူရို ၁၃၄.၆ သန်း)
၈။ ယာအို နီးဗက်စ် (တန်ကြေး – ယူရို ၁၃၀.၆ သန်း)
၉။ အာဒါ ဂူလာ (တန်ကြေး – ယူရို ၁၃၀.၃ သန်း)
၁၀။ ပက်ဒရီ (တန်ကြေး – ယူရို သန်း ၁၃၀)
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


