နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ အောင်မြင်မှုတွေ ရယူဖို့ စိတ်အားထက်သန်နေတဲ့ ရိုစီနီယာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး နည်းပြသစ် လီယမ် ရိုစီနီယာ ကတော့ သူ့အနေနဲ့ လက်ရှိ အသင်းမှာ ရှိတဲ့ လူငယ်တွေနဲ့ ဆုဖလားတွေ သိမ်းပိုက်လိုကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ရိုစီနီယာက ဆာ အဲလက်စ် ဖာဂူဆန် လက်ထက် ယူနိုက်တက်ရဲ့ ရွှေရောင်မျိုးဆက်လိုမျိုး ခေတ်တစ်ခေတ် ထူထောင်ဖို့ လက်ရှိမှာ လူငယ် ကစားသမားတွေ အသင်းမှာ အလုံအလောက် ရှိနေကြောင်း ရိုစီနီယာက ယုံကြည်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ချဲလ်ဆီး နည်းပြသစ် အနေနဲ့ ယခင် နည်းပြတွေလိုမျိုး နာမည်ကြီး ကစားသမားတွေကို ငွေပုံပေး ခေါ်ယူဖို့ စိတ်ဝင်စားသူ မဟုတ်ကြောင်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ ဒါ့အပြင် အသင်းပိုင်ရှင်တွေ ကိုယ်တိုင် ကလည်း အင်္ဂလန်သား အပေါ် ရာနှုန်းပြည့် ယုံကြည် စိတ်ချနေပြီး ရိုစီနီယာ ကိုယ်တိုင် ကလည်း အသင်းရဲ့ ကစားသမား အပြောင်းအရွှေ့ ကိစ္စတွေကို အဓိက ဦးဆောင်လိုနေပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက ပရီးမီးယားလိဂ်ရဲ့ အသက်ငယ်ဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပြီး ဒီရာသီ ပွဲထွက် လူစာရင်းက ၂၄ နှစ် ၁၉၈ ရက်သာ ရှိပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ ရိုစီနီယာက “ကျွန်တော်က မန်ချက်စတာယူနိုက်တက် ပရိသတ် တစ်ယောက်ပါ။ အခုတော့ ချဲလ်ဆီး ပရိသတ် တစ်ယောက် ဖြစ်နေပါပြီ။ ဖလားရတဲ့ အသင်းထဲ အသက် ၁၉ နှစ်နဲ့ ၂၁ နှစ်ကြား ရှိတဲ့ လူငယ်ကစားသမား ၆ ယောက် သို့မဟုတ် ၇ ယောက်လောက်ကို ဆာ အဲလက်စ် ဖာဂူဆန် ရဲရဲဝံ့ဝံ့ထည့်သွင်းခဲ့တာကို ပြန်ပြောင်း အမှတ်ရမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ဒီလူငယ်တွေကို ယုံကြည်မှု ရှိလို့ပါပဲ။ သူတို့က ရင့်ကျက်လာပြီး ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။”

“ဒါက ကလပ် အသင်း သမိုင်းမှာ အံ့အားသင့်စရာ ကောင်းတဲ့ အချိန်ကာလ တစ်ခုပါပဲ။ ရဲဝံ့မှု မပါဘဲနဲ့ ဒါတွေ ဖြစ်မလာပါဘူး။ ဒီမှာလည်း အဲဒီလို အလားအလာ ရှိနေပါတယ်။ ကျွန်တော်တို့ အသင်းမှာ ရှိနေတဲ့ ကမ္ဘာ့အဆင့် ပါးလ်မား၊ ဖာနန်ဒက်ဇ်၊ ရိစ် ဂျိမ်းစ်၊ ကိုင်စီဒို တို့ အားလုံး ကလည်း လူငယ်တွေချည်းပါပဲ၊ စထရာဘိုးနဲ့တုန်း ကလည်း ကျွန်တော် လူငယ်တွေ နဲ့ပဲ လုပ်ပြခဲ့တာပါ၊ ကျွန်တော် သူတို့ကို တိုးတက်အောင် လုပ်ပြီး ပွဲတွေ အနိုင်ယူနိုင်ခဲ့ပါတယ်။ စတမ်းဖိုဒ်ဘရစ်ချ် မှာလည်း ကျွန်တော် ဘာလို့ မလုပ်ပြနိုင်ရမှာလည်းဗျာ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ရိုစီနီယာဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ ပိုင်ရှင်တူ ညီမအမ ကလပ် ဖြစ်တဲ့ စထရာဘိုးကို ၁၈ လကြာ ကိုင်တွယ်ခဲ့စဉ် ကလည်း အသင်းကို လူငယ်တွေနဲ့ ဖွဲစည်းခဲ့တာ ဖြစ်ပါတယ်။
စထရာဘိုး ကိုလည်း လူငယ် ကစားသမားတွေနဲ့ပဲ တည်ဆောက်ခဲ့တဲ့ ရိုစီနီယာ

ရိုစီနီယာဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ ပိုင်ရှင်တူ ညီမအမ ကလပ် ဖြစ်တဲ့ စထရာဘိုးကို ၁၈ လကြာ ကိုင်တွယ်ခဲ့စဉ် ကလည်း အသင်းကို လူငယ်တွေနဲ့ ဖွဲစည်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်း ကလပ် စထရာဘိုးရဲ့ ပျမ်းမျှ အသက်က ၂၁ နှစ် ၁၇၁ ရက်သာ ရှိခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ အသက်ငယ်ဆုံး ဖြစ်ခဲ့ပါတယ်။ စထရာဘိုးဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ အဆင့် ၇ နေရာ ရပ်တည်နိုင်ခဲ့ပြီး ၈ နှစ် အတွင်း ပထမဦးဆုံး အကြိမ် အဖြစ် ဥရောပဝင်ခွင့် ရရှိခဲ့ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိ လူစာရင်းနဲ့တင် တော်တော်လေး တောင့်တင်းနေပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ရိုစီနီယာ ပြောခဲ့သလိုပဲ ချဲလ်ဆီးက လူငယ် ကစားသမားတွေ တော်များများ ရှိနေတာကြောင့် လာမယ့် ဆယ်စုနှစ် တစ်ခုလောက် အထိ အေးအေးဆေးဆေး အသုံးချနိုင်ဦးမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ရိုစီနီယာ စတင် ကိုင်တွယ်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာပဲ ချန်ပီယံရှစ် ကလပ် ချာလ်တန်ကို အဝေးကွင်းမှာ ၅-၁ ရလဒ်နဲ့ အနိုင်ရပြီး စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလို ဂိုးပြတ် အနိင်ရခဲ့တဲ့ အပေါ် မှာလည်း ရိုစီနီယာက ပရော်ဖက်ရှင်နယ် တစ်ယောက် အတွက် ကောင်းမွန်တဲ့ စတင်မှု ဖြစ်ကြောင်း မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။

ရိုစီနီယာက “ပရော်ဖက်ရှင်နယ် အနေနဲ့ ကောင်းမွန်တဲ့စတင်မှုပါ။ ပထမဆုံး ဂိုးက ပွဲရဲ့ အရေပါးတဲ့ အချိန်မှာ ရောက်လာခဲ့တယ်လို ကျွန်တော် ယူဆပါတယ်။ ချာလ်တန် ကလည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ခံစစ်က ပထမပိုင်းမှာ ကျော်ဖြတ်ရ ခက်ခဲခဲ့ပါတယ်။” လို့ ရိုစီနီယာက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီနိုင်ပွဲကြောင့် နောက်ဆုံး ၅ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်တယ်။ ချဲလ်ဆီးဟာ လာမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ အာဆင်နယ်နဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အိမ်ကွင်း ပွဲစဉ် ကစားရဖို့ ရှိနေပြီး ရိုစီနီယာ ကတော့ ဒီပွဲ အတွက် အဆင်သင့် ဖြစ်နေကြောင်း ပြောဆိုထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်