နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဇန်နဝါရီမှာ ကစားသမား ခေါ်ယူဖို့ အစီအစဉ် မရှိတဲ့ ရီးရဲလ်၊ မာ့ခ် ဘာနယ်ကို အငှားချဖို့ စဉ်းစားထားတဲ့ ဘာစီလိုနာ | လာလီဂါ

ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်း အထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ဒီဇန်နဝါရီလမှာ လစ်ဗာပူးလ်ရဲ့ ဗဟိုနောက်ခံလူ အီဘရာဟီမာ ကိုနာတေးကို ယူရို ၂၀ သန်း (ဒေါ်လာ ၂၃.၃ သန်း) နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လာလီဂါ ကလပ်ဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလ အတွင်း ဘယ်ကစားသမား ကိုမှ ခေါ်ယူဖို့ အစီအစဉ် မရှိကြောင်း DefensaCentral က ဖော်ပြပါတယ်။

ဘာစီလိုနာက သူတို့ရဲ့ ဆယ်ကျော်သက် ကစားသမားလေး မာ့ခ် ဘာနယ်ကို ပုံမှန် ကစားချိန်တွေ ရရှိပြီး တိုးတက်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ၂၀၂၅-၂၀၂၆ ရာသီကုန် အထိ အငှားချဖို့ စဉ်းစားနေကြောင်း SPORT က ဖော်ပြပါတယ်။ လာလီဂါ ကလပ်ဟာ လာမယ့် အပြောင်းအရွှေ့တွေမှာ အသင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ စဉ်းစားထားကြောင်းလည်း သိရပါတယ်။

မကြာသေးခင်က ထင်ကြေးပေးမှုတွေ ရှိနေပေမယ့် ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာတို့ အကြားမှာ တရားဝင် ဆက်သွယ်မှု မရှိသေးကြောင်း သိရပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကစားသမားဟာ လာလီဂါ ကလပ် နဲ့ပဲ စာချုပ်သက်တမ်းတိုးဖို့ အာရုံစိုက်နေဆဲ ဖြစ်ပါတယ်။

ဖက်ဒရီကို ခီယေဇာရဲ့ အစားထိုး အနေနဲ့ ဂျူဗင်တပ်စ်က အက်တလက်တီကိုမက်ဒရစ် ကွင်းလယ် ကစားသမား သီယာဂို အဲလ်မေးဒါးကို မျက်စိကျနေတယ်လို့ သိရပါတယ်။ အီတလီ ထိပ်သီး ကလပ်ဟာ အာဂျင်တီးနားသားကို အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

ဘာစီလိုနာ ကတော့ ကတ်တလိုးနီးယားမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ယူရို ၃၀ သန်း (ဒေါ်လာ ၃၄.၉ သန်း) တန် အပြီးသတ် ဝယ်ယူခွင့်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေပါတယ်။ 

လာလီဂါ ကလပ်ဟာ လာမယ့် အပြောင်းအရွှေ့တွေမှာ အသင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ စဉ်းစားထားကြောင်းလည်း သိရပါတယ်။
လာမယ့် အပြောင်းအရွှေ့တွေမှာ ကစားသမားတချို့ကို အငှားချသွားမယ့် ဘာစီလိုနာ

ဒီဇန်နဝါရီမှာ အင်အားဖြည့်တင်းမှုများ အလွန်အမင်း လိုအပ်နေတဲ့ ဆီဗီလာ ကတော့ ပြီးခဲ့တဲ့ နွေရာသီက သူတို့ရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့တဲ့ အဲဗာတန် ညာနောက်ခံလူ နေသန် ပက်တာဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီကစားသမား ကိုတော့ လာဇီယိုနဲ့ ဘိုလော့ဂ်နာ တို့ကလည်း စောင့်ကြည့်နေကြပါတယ်။

ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ ဆော်ဒီအာရေဗျကို ဖြစ်နိုင်ချေ ရှိတဲ့ ခရီးစဉ် တစ်ခု အဖြစ် ရှုမြင်ထားခြင်း မရှိကြောင်း သိရပါတယ်။ ဘရာဇီးလ် တောင်ပံကစားသမား အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ရင်တော့ တခြားသော ဥရောပ ထိပ်သီး အသင်း တစ်သင်းဆီကိုသာ ပြောင်းရွှေ့မှာ ဖြစ်ကြောင်း ESPN က ဖော်ပြပါတယ်။

အက်စတွန်ဗီလာ ကတော့ လာလီဂါ ကလပ် အက်တလက်တီကို မက်ဒရစ် ကွင်းလယ်လူ ကော်နာ ဂယ်လာဟာ အတွက် အပြီးသတ် လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမား ကိုတော့ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးနဲ့ နယူးကာဆယ်တို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။ 

မာဆေးလ် နောက်ခံလူ ဘင်ဂျာမင် ပါဗက် ကတော့ သူတို့ အသင်းက ပီအက်စ်ဂျီကို အနိုင်ယူပြီး ပြင်သစ် စူပါဖလား ရဖို့ ထိုက်တန်မှု ရှိခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ မာဆေးလ်ဟာ ပီအက်စ်ဂျီကို အချိန်ပိုအထိ ၁-၂ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ပီအက်စ်ဂျီ ဘက်က ၉၀+၅ မိနစ် ချေပဂိုးကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီ မှာတော့ ပီအက်စ်ဂျီ ဂိုးသမား ချီဗာလီယာရဲ့ လက်စွမ်းပြမှုတွေကြောင့် မာဆေးလ်တို့ ၄-၁ နဲ့ ရှုံးပြီး ပြင်သစ် စူပါဖလားကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာ လူငယ် ကြယ်ပွင့် လာမင်း ယာမယ်က လာလီဂါ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို နှစ်လ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယာမယ်က နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ နှစ်လ ဆက်တိုက် ရရှိခဲ့တာ ဖြစ်ပြီး ၂၀၂၄ စက်တင်ဘာလ ကလည်း ရရှိခဲ့ဖူးလို့ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ၂၀၁၃-၁၄ ရာသီက စတင် ချီးမြှင့်ခဲ့တဲ့ လာလီဂါ တစ်တာ အကောင်းဆုံးဆု သမိုင်းမှာ ယာမယ် ဘယ်လင်ဂမ်၊ ဗင်နီးစီးယပ်စ်၊ လီဝမ်ဒေါစကီး၊ အမ်ဘာပေး၊ ရော်နယ်ဒို တို့နဲ့ အတူ ၃ ကြိမ်စီနဲ့ စတုတ္ထအများဆုံး အဖြစ် ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်