နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၆ ခုနှစ် အတွင်း ပထမဦးဆုံး ဆုဖလား အတွက် မာဆေးလ်ကို ကျော်ဖြတ်ရမယ့် ပီအက်စ်ဂျီ | ပြင်သစ်စူပါဖလား (ပွဲကြိုသုံးသပ်ချက်)

ပီအက်စ်ဂျီ – မာဆေးလ်

ပြင်သစ်စူပါဖလား ဗိုလ်လုပွဲ အဖြစ် ပီအက်စ်ဂျီနဲ့ မာဆေးလ်တို့ ကူဝိတ်က Jaber Al-Ahmad International Stadium မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဒီပြိုင်ပွဲရဲ့ နောက်ဆုံး ၁၁ ကြိမ်မှာ ၁၀ ကြိမ် အထိ ချန်ပီယံ ဖြစ်ထားတဲ့ ပီအက်စ်ဂျီတို့ ပြိုင်ဘက်ကောင်း ဖြစ်တဲ့ မာဆေးလ်ကို အသာရသွားမလား ဒါမှမဟုတ် မာဆေးလ် ကပဲ ပဲရစ် ကလပ်ရဲ့ အောင်မြင်မှုကို ရပ်တန့်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကတော့ လူးဝစ္စ အန်နရီကေး လက်အောက်မှာ ဆုဖလားတွေ တစ်လုံးပြီး တစ်လုံး ကိုင်မြှောက်နေတဲ့ အသင်းပါ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အတွင်း အဓိက ဆုဖလား ၆ လုံး အထိ ရရှိခဲ့ပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ခဲ့တဲ့ ပီအက်စ်ဂျီက ၂၀၂၆ ခုနှစ် အတွက် ပထမဦးဆုံး ဆုဖလားကို အရယူဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။ ပီအက်စ်ဂျီဟာ ပြင်သစ်စူပါဖလားမှာ နောက်ဆုံး ၁၁ ရာသီ အတွင်း ၁၀ ကြိမ် ချန်ပီယံ ဖြစ်ထားသလို နောက်ဆုံး ၃ ကြိမ်ဆက် ချန်ပီယံလည်း ဖြစ်ထားပါတယ်။ အန်နရီကေးရဲ့ အသင်းက နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိသလို ဒီရာသီ ပြိုင်ပွဲစုံမှာလည်း ရှုံးပွဲ ၃ ပွဲသာ ရှိထားပါတယ်။

ရော်ဘတ်တို ဒီဇာဘီရဲ့ မာဆေးလ် ကတော့ ပြင်သစ်စူပါဖလားမှာ ၂ ကြိမ်သာ ချန်ပီယံ ဖြစ်ထားပြီး ၂၀၁၂ က နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားတာပါ။ မာဆေးလ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလက စပြီး ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေခဲ့သလို ရှုံးပွဲတွေလည်း ရှိထားပါတယ်။ နောက်ဆုံး ပွဲမှာ ဆိုရင် မာဆေးလ်က ရုန်းကန်နေရတဲ့ နန့်စ်ကို အိမ်ကွင်းမှာတောင် ရှုံးထားပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ပီအက်စ်ဂျီက ဆာဖိုနော့ဗ်၊ လီကန်အင်၊ အန်ဂျန်တူတို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိပြီး ဟာကီမီနဲ့ အမ်ဘာရီ တို့ကတော့ အာဖရိကဖလား သွားရောက် ကစားနေပါတယ်။

မာဆေးလ် မှာတော့ အန်ဒီယာ၊ ဗာမီယာရန်း တို့ ပွဲပယ်ထိထားသလို နာယက်ဖ် အဂတ် ကတော့ အာဖရိကဖလား သွားကစားနေလို့ လွဲချော်မှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ရော်ဘတ်တို ဒီဇာဘီရဲ့ မာဆေးလ် ကတော့ ပြင်သစ်စူပါဖလားမှာ ၂ ကြိမ်သာ ချန်ပီယံ ဖြစ်ထားပြီး ၂၀၁၂ က နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားတာပါ။
ပီအက်စ်ဂျီနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၉ ကြိမ်မှာ သရေလုံးဝ မရှိခဲ့တဲ့ မာဆေးလ်

ပီအက်စ်ဂျီ – ချီဗာလီယာ၊ ဇိုင်းအမ်မရီ၊ မာကွင်ညော့စ်၊ ပါချို၊ ဟာနန်ဒက်ဇ်၊ နီးဗက်စ်၊ ဗစ်တင်ညာ၊ ရူအစ်ဇ်၊ ရာမို့စ်၊ ဒမ်ဘီလီ၊ ဘာကိုလာ

မာဆေးလ် – ရူလီ၊ ပါဗက်ဒ်၊ အီဂန် ရွိုင်လီ၊ မက်ဒီနာ၊ ဝီယာ့ရ်၊ ဟွိုက်ဂျ်ဘယက်ဂျ်၊ ဗာမီယာရန်း၊ အီမာဆင်၊ ဂရင်းဝုဒ်၊ အော်ဘာမီယန်း၊ ပိုင်ရှို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပဲရစ်စိန့်ဂျာမိန်းနဲ့ မာဆေးလ် တို့ဟာ နောက်ဆုံး တွေ့ဆုံမှု ၉ ကြိမ်စလုံး သရေကျခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီပြိုင်ပွဲ မှာတော့ ၂ ကြိမ် တွေ့ဆုံခဲ့ပြီး တစ်ကြိမ်စီ အနိုင်ရထားကြပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ပီအက်စ်ဂျီက ၄ ကြိမ် နိုင်ပြီး မာဆေးလ်က ၁ ကြိမ် အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ပီအက်စ်ဂျီ နိုင်ရင် ၁.၅၅ ဆ၊ မာဆေးလ် နိုင်ရင်တော့ ၄.၉၆ ဆနဲ့ သရေ ဆိုရင်တော့ ၃.၉၂ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ပီအက်စ်ဂျီ ဘက်က တစ်လုံးသွင်းရင်တောင် တစ်ဝက်ရှုံးဦးမယ့် ကြေးမျိုးပေးထားပါတယ်။ နှစ်သင်းစလုံး ကတော့ အတောင့်တင်းဆုံး လူစာရင်း ပွဲထွက်လာဖို့ ရှိပြီး ဆုဖလား တစ်လုံး အတွက် သေချာ အာရုံစိုက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူစာရင်းနဲ့ ဆုဖလား ပွဲတွေ ဆိုရင် တည်ငြိမ်မှုအရ ပီအက်စ်ဂျီ ဘက်မှာပဲ ရပ်တည်ထားရမှာ ဖြစ်ပါတယ်။

 

ခန့်မှန်းရလဒ်

ပီအက်စ်ဂျီ ၂-၀ မာဆေးလ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်