ဖူလ်ဟမ် – ချဲလ်ဆီး
ဖူလ်ဟမ် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးကို ခရေဗင်ကော့တေ့ဂျ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ ဖူလ်ဟမ်တို့ နည်းပြ လက်မဲ့ ချဲလ်ဆီးကို လန်ဒန်ဒါဘီ အားပြိုင်မှုမှာ အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲဆက် ရှုံးပွဲ မရှိထားပဲ ပုံစံကောင်းရနေပါတယ်။ ဖူလ်ဟမ်က ပြီးခဲ့တဲ့ ပွဲမှာ ဆိုရင် ရိဒ်ရဲ့ နောက်ကျဂိုးနဲ့ လစ်ဗာပူးလ် ဆီက သရေ ၁ မှတ် ရအောင် ယူနိုင်ခဲ့ပြီး သူတို့ဟာ အလွယ်တကူ ချိုးဖျက်လို့ မရတဲ့ အသင်းဆိုတာ ပြသထားနိုင်ပါတယ်။ လက်ရှိမှာ ကော့တေဂျာ တို့က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရှိနေပြီး အဆင့် ၅ နေရာက အသင်းနဲ့ ၃ မှတ်ပဲ ကွာဟနေပါတယ်။ ဖူလ်ဟမ်ရဲ့ ဒီရာသိ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၅ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပါတယ်။ ဖူလ်ဟမ် အတွက် လက်တလော ခြေစွမ်းပြနေသူက ဟယ်ရီ ဝီလ်ဆင် ဖြစ်ပြီး နိုဝင်ဘာလက စပြီး လက်ရှိ အချိန်ထိ ဂိုးပါဝင် ပတ်သတ်မှု ၉ ကြိမ် ရှိထားကာ သူ့ထက် ပိုများတာ ဆိုလို့ အာလင်း ဟာလန်းပဲ ရှိပါတယ်။
ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီး သရေ ၃ ပွဲ၊ ရှုံးပွဲ ၁ ပွဲ ရှိထားပါတယ်။ လက်ရှိမှာ ချဲလ်ဆီးက နည်းပြ လက်မဲ့ ဖြစ်နေပြီး အခုပွဲ ကိုလည်း U21 နည်းပြ ကော်လမ် မက်ဖာလိန်းက တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးက မက်ဖာလိန်းရဲ့ လက်အောက်မှာ ပြီးခဲ့တဲ့ပွဲ မန်စီးတီးကို အကောင်းဆုံး တုန့်ပြန် ကစားသွားပုံက ချီးကျူးစရာပါ။ ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ရှုံးပွဲ ၂ ပွဲသာ ရှိထားပါတယ်။ ဒီပွဲမှာ ချဲလ်ဆီး ဘက်က အန်ဇို ဖာနန်ဒက်ဇ်ကို စောင့်ကြည့်ရမှာ ဖြစ်ပြီး အာဂျင်တီးနားသားက ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ ဂိုး သွင်းယူထားပြီး ပြီးခဲ့တဲ့ရာသီက သူ့ရဲ့ စုစုပေါင်း သွင်းဂိုး အရေအတွက်နဲ့ တူညီနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲ ကိုတော့
ဖြစ်နိုင်ဖွယ် လူစာရင်း

ဖူလ်ဟမ် – လန်နို၊ ကူအန်ကာ၊ အန်ဒါဆန်၊ ဒီယော့ပ်၊ ကတ်စတန်ဂ်ညီ၊ ရော်ဘင်ဆင်၊ လူကစ်၊ ဘာ့ဂျ်၊ ဝီလ်ဆင်၊ ကီဗင်၊ ဟင်မီနက်ဇ်
ချဲလ်ဆီး – ဂျော်ဂျန်ဆန်၊ ဂျိမ်းစ်၊ ချာလိုဘာ့၊ ဘာဒီယာရှီးလ်၊ ဂူစတို၊ ကိုင်စီဒို၊ ဖာနန်ဒက်ဇ်၊ အက်စ်တီဗာအို၊ နတ်တို၊ ယာအို ပက်ဒရို၊ ဒီလက်ပ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၁ ကြိမ်မှာ ဖူလ်ဟမ်က ၂ ကြိမ်သာ အနိုင်ရခဲ့ပြီး ချဲလ်ဆီးက ၁၃ ကြိမ် အထိ အနိုင်ရထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ချဲလ်ဆီးက ၄ ကြိမ်နိုင်ပြီး ဖူလ်ဟမ်က ၁ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ဖူလ်ဟမ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၉ ကြိမ် မှာတော့ ဖူလ်ဟမ်က ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ချဲလ်ဆီးက ၆ ကြိမ် အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၃.၁၁ ဆ၊ ချဲလ်ဆီး နိုင်ရင် ၂.၁၂ ဆ၊ သရေ ဆိုရင်တော့ ၃.၂၄ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ချဲလ်ဆီး ဘက်က ခပ်ပါးပါး ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ပုံမှန် အတိုင်းပါပဲ။ ချဲလ်ဆီးဟာ ခရေဗင်ကော့တေ့ဂျ်မှာ ကစားရတိုင်း အမြဲတမ်း ရုန်းကန်ရတတ်ပါတယ်။ ဖူလ်ဟမ် အနေနဲ့ လစ်ဗာပူးလ်နဲ့ စွမ်းဆောင်ရည် အတိုင်းသာ ထိန်းထားနိုင်ရင်တော့ ချဲလ်ဆီးကို အကောင်းဆုံး ရင်ဆိုင်နိုင်မှာပါ။ ချဲလ်ဆီး ကလည်း နည်းပြ အပြောင်းအလဲကြောင့် အနည်းငယ် ခက်ခဲနေဦးမှာပါ။ သရေလောက်ပဲ မျှော်လင့်ထားချင်ပါတယ်။ ဂိုးလည်း နည်းနိုင်ပါတယ်။
ခန့်မှန်းရလဒ်
ဖူလ်ဟမ် ၁-၁ ချဲလ်ဆီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


