ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ မနေ့ကပဲ သူတို့ရဲ့ နည်းပြ ဖြစ်တဲ့ အန်ဇို မာရက်စ်ကာနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။
မာရက်စ်ကာ ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်း အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အသင်းပိုင်ရှင်တွေကို ဝေဖန် ပြစ်တင်ခဲ့ပြီးတာကြောင့် သူနဲ့ တော့ဒ်ဘိုလေတို့ အကြားမှာ ဆက်ဆံရေး ပျက်ပြားခဲ့သလို အသင်းရဲ့ ရလဒ်ပိုင်း ကလည်း မတည်ငြိမ်တာကြောင့် စပိန်သားနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့သလို ၃ ပွဲ ဆက်တိုက်လည်း နိုင်ပွဲပျောက်နေခဲ့ပါတယ်။
မာရက်စ်ကာကို ရာထူး ကနေ ထုတ်ပယ်လိုက်ခြင်းနဲ့ ပတ်သက်ပြီး ချဲလ်ဆီးက ‘မာရက်စ်ကာနဲ့ လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။ အသင်းကို ကိုင်တွယ်ခဲ့တဲ့ကာလ အတွင်း မာရက်စ်ကာဟာ ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတွေ ရယူပေးနိုင်ခဲ့ပါတယ်။ အဲဒီအောင်မြင်မှုတွေဟာ ချဲလ်ဆီးရဲ့ သမိုင်းအစဉ်အလာထဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ အဖြစ် ပါဝင်နေမှာပါ။ ချဲလ်ဆီးဟာ ပြိုင်ပွဲ ၄ ခု ဆင်နွှဲနေရသလို လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖိုလည်း ပစ်မှတ်ထားနေတာကြောင့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အကောင်းဆုံး အခွင့်အရေး ကတော့ အပြောင်းအလဲ လုပ်ဖို့ပဲ ဖြစ်တယ် ဆိုတာ မာရက်စ်ကာနဲ့ ချဲလ်ဆီး ဘုတ်အဖွဲတို ယုံကြည်ခဲ့ကြပါတယ်။ အသင်း အတွက် အကောင်းဆုံး ကြိုးစားပေးခဲ့တဲ့ မာရက်စ်ကာကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ မာရက်စ်ကာ အနေနဲ့ အောင်မြင်မှု ရပါစေလို့လည်း ဆုတောင်းပေးပါတယ်။” ဆိုပြီး ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အသက် ၄၅ နှစ် အရွယ် စပိန်သား နည်းပြက ၂၀၂၄ ဇွန်လမှာ ချဲလ်ဆီးကို နည်းပြ အဖြစ် စတင်ကိုင်တွယ်ခဲ့ပြီး ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတွေကို ရယူပေးခဲ့သလို ၂ ရာသီကြာ ဝေးကွာနေခဲ့တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အန်ဇို မာရက်စ်ကာ ချဲလ်ဆီးကို ပြိုင်ပွဲစုံ ၉၂ ပွဲ ကိုင်တွယ်ခဲ့ပြီး ၅၅ ပွဲနိုင်၊ သရေ ၁၆ ပွဲ၊ ရှုံးပွဲ ၂၁ ပွဲ ရှိခဲ့ပြီး အနိုင်ရာခိုင်နှုန်း ကတော့ ၆၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြတွေနဲ့ ပတ်သတ်လာရင် သည်းခံနိုင်စွမ်းနည်းတဲ့ ပရီးမီးယားလိဂ် ကလပ်က မာရက်စ်ကာကို တစ်နှစ်ခွဲ အကြာမှာပဲ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ချဲလ်ဆီးက နည်းပြသစ် တစ်ဦး ရှာဖွေနေပြီး ဆက်စ် ဖာဘရီဂတ်စ်၊ ဇာဗီ ဟာနန်ဒက်ဇ်၊ အန်ဒိုနီ အိုင်ရာအိုလာ၊ အိုလီဗာ ဂလက်စ်နာ၊ မာကို ဆေးလ်ဗားတို့ အပြင် ချဲလ်ဆီးရဲ့ မိတ်ဖက် ဖြစ်တဲ့ ပြင်သစ် လီဂူးဝမ်း ကလပ် စထရာဘိုး နည်းပြ လီယမ် ရိုစီနီယာ တို့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီထဲမှာမှ ချဲလ်ဆီးက သူတို့ရဲ့ ညီမအမ ကလပ် စထရာဘိုး နည်းပြ လီယမ် ရိုစီနီယာက ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရပါတယ်။
အသက် ၄၁ နှစ် အရွယ်သာ ရှိသေးတဲ့ လီယမ် ရိုစီနီယာက အင်္ဂလန် နောက်ခံလူဟောင်း ဖြစ်ပြီး ၂၀၂၂ ခုနှစ်ကမှ နည်းပြ လောကထဲ ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါဘီကောင်တီရဲ့ ယာယီ နည်းပြ အဖြစ် ကိုင်တွယ်ကာ နည်းပြ လောကထဲ စတင် ဝင်ရောက်လာခဲ့တဲ့ ရိုစီနီယာက ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အထိ ချန်ပီယံရှစ် ကလပ် ဟားလ်စီးတီးကို ကိုင်တွယ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နွေရာသီ မှာတော့ စထရာဘိုးကို ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီး ပိုင်ရှင်တွေက တခြားသော နာမည်ကျော် နည်းပြတွေကို ကျော်ပြီး လီယန် ရိုစီနီယာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖွယ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတယ်။ အသက် ၄၁ နှစ် အရွယ်သာ ရှိနေသေးတဲ့ လူငယ် နည်းပြ ရိုစီနီယာက စထရာဘိုးကို ပွဲဦးထွက်ရာသီ ပြင်သစ် လီဂူးဝမ်းမှာ အဆင့် ၆ နေရာ ရရှိအောင် စွမ်းဆောင်ခဲ့သလို ဒီရာသီ မှာလည်း အဆင့် ၇ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။
ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဒုတိယနေရာ မှာတော့ ကိုမို နည်းပြ ဆက်စ် ဖာဘရီဂတ်စ် ရှိနေပြီး ဖလာမင်ဂို နည်းပြ ဖိလစ်ပီ လူးဝစ်က တတိယနေရာ၊ ဘုန်းမောက် နည်းပြ အန်ဒွန်နီ အိုင်ရာအိုလာက စတုတ္ထနေရာ၊ ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာက ပဥ္စမနေရာမှာ ရှိနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီး တာဝန်ရှိသူတွေက နည်းပြသစ် ခန့်အပ်မှုကို အမြန်ဆုံး လုပ်ဆောင်သွားဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဗြိတိန် သတင်းစာ The Sun က ချဲလ်ဆီးဟာ မန်စီးတီးနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် ရိုစီနီယာကို နည်းပြ အဖြစ် ခန့်အပ်ဖွယ် ရှိနေကြောင်း ဖော်ပြထားပါတယ်။ အကယ်၍ ချဲလ်ဆီး အနေနဲ့ အလျင်အမြန် နည်းပြသစ် မခန့်အပ်ဖြစ်သေးရင်တော့ မန်စီးတီးနဲ့ ပွဲမှာ ဝီလီ ကာဘယ်လီရိုက ယာယီ နည်းပြ အဖြစ် တာဝန်ယူသွားဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


