နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာနိုးလ်ကို အံ့အားသင့်ဖွယ် စိတ်ဝင်စားနေပြီး မက်တော်မီနေးကို အင်္ဂလန်မြေ ပြန်ခေါ်ချင်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၃၁ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရီးယဲလ်မက်ဒရစ် ညာနောက်ခံလူ ထရန့် အလက်ဇန္ဒား-အာနိုးလ်ကို ယူရို ၄၀ သန်း (ပေါင် ၃၄.၉ သန်း) နဲ့ ခေါ်ယူဖို့ အသင့်ဖြစ်နေပါတယ်။ သူဟာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ နယူးကာဆယ် ယူနိုက်တက် တို့ရဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လာနေပါတယ်။ 

ချဲလ်ဆီး ကတော့ လာမယ့် နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ် ဗဟိုနောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူဖို့ လစ်ဗာပူးလ်၊ မန်ချက်စတာစီးတီး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့နဲ့ အပြိုင်အဆိုင် ကြိုးပမ်းဖို့ အဆင်သင့် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးက ကလပ် ဘရုဂေး နောက်ခံလူ ဂျိုးလ် အော်ဒိုးနက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ လက်ရှိမှာတော့ အီကွေဒေါ လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ လစ်ဗာပူးလ်နဲ့ အင်တာမီလန်တို့ အပြိုင်အဆိုင် ကြိုးပမ်းတော့မှာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ချိတ်ဆက်နေတဲ့ ကစားသမားတွေ ကတော့ ကွင်းလယ် ကစားသမား ကိုဘီ မိန်းနူးနဲ့ တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီး တို့ ဖြစ်ပါတယ်။ အဲဗာတန်ဟာ ကစားသမား ဒီကစားသမား နှစ်ယောက်စလုံးကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ တိုက်ရိုက် အစားထိုးမယ့် ကစားသမားကို ရှာတွေ့ပြီးမှသာ ဇစ်ခ်ဇီးကို ရောင်းချသွားမှာပါ။ နယ်သာလန်သား ကိုတော့ အပြီးသတ် ဝယ်ယူခွင့်ပါတဲ့ အငှားစာချုပ်နဲ့ ရိုးမားက ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ 

အူဒီးနီးစ် ဗဟိုခံစစ်မှူး အူမာ ဆိုလတ်ကို ချဲလ်ဆီး၊ ခရစ္စတယ်ပဲလေ့စ်၊ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်းယူနိုက်တက် တို့က စိတ်ဝင်စားနေကြပါတယ်။

အာဆင်နယ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ နာပိုလီ ကွင်းလယ်လူ စကော့တ် မက်တော်မီနေးကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ခေါ်ဆောင်ဖို့ စိတ်ဝင်စားနေပါတယ်။
မက်တော်မီနေးကို ပြန်လည် ခေါ်ယူချင်နေတဲ့ ယူနိုက်တက်

လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါး နှစ်သင်းစလုံး ကတော့ ဘရိုက်တန် ဗဟိုနောက်ခံလူ ယန် ပေါလ် ဗန်ဟက်ကီကို စောင့်ကြည့်နေကြပါတယ်။ ကစားသမား ကတော့ ဘရိုက်တန်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ထားပြီး တခြားသော ကလပ် တစ်ခုကို ရွေးချယ်ဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ နာပိုလီ ကွင်းလယ်လူ စကော့တ် မက်တော်မီနေးကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ခေါ်ဆောင်ဖို့ စိတ်ဝင်စားနေပါတယ်။ စကော့တလန်သား ကိုတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် ကလည်း ပြန်လည် ခေါ်ယူချင်နေပါတယ်။

မန်ချက်စတာစီးတီး ကတော့ တောင်ပံ ကစားသမား အော်စကာ ဘော့ဘ်ကို ဒေါ့မန်ဆီ ရောင်းချဖို့ ဆွေးနွေးနေပါတယ်။ ပေါင် သန်း ၃၀ ဝန်းကျင် တန်ဖိုး ရှိတဲ့ အမြဲတမ်း အပြောင်းအရွှေ့ အတွက် အငှားစာချုပ်နဲ့ အရင်ဆုံး ဘွန်ဒက်စ်လီဂါ ကလပ်က ခေါ်ယူဖို့ စီစဉ်နေပါတယ်။ 

တော့တင်ဟမ်ဟော့စပါး ကတော့ တိုက်စစ်မှူး ဆာမူ အက်ဂ်ဟီဟိုဝါ အတွက် ပေါ်တိုရဲ့ တောင်းဆိုချက်တွေကို သဘောတူညီမှာ ဖြစ်ပါတယ်။ ဒီကစားသမားကို ခေါ်ယူဖို့ အတွက် စပါးက ယူရို သန်း ၁၀၀ စာချုပ် ဖျက်သိမ်းကြေးကို အသုံးပြုဖို့ အဆင်သင့် ရှိနေပါတယ်။ 

ဝက်စ်ဟမ်း ကတော့ ဗစ်တိုးရီးယား ပလယ်ဇန်ရဲ့ တိုက်စစ်မှူး ရာဖီယူ ဒူရိုဆင်မီ အတွက် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖို့ ရှိနေပါယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းက တခြား ကလပ်တွေထက် ပိုပြီး နည်းပါးတဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ် ကတော့ တောင်ပံကစားသမား ကီနန် ယီလ်ဒစ်ဇ် အတွက် သူတို့ရဲ့ စာချုပ် ကမ်းလှမ်းချက်ကို တိုးမြှင့်ခဲ့ပြီး အသင်းရဲ့ လစာအများဆုံး ကစားသမား ဖြစ်လာစေဖို့ ရည်ရွယ်ထားပါတယ်။ တူရကီသား ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က စိတ်ဝင်စားနေကြပါတယ်။

အသက် ၂၂ နှစ် အရွယ် ဆာဆွယ်လို ဗဟိုနောက်ခံလူ တာရစ်ခ် မူဟာရီမိုဗစ် ကတော့ အက်စတွန်ဗီလာနဲ့ ဘုန်းမောက် နှစ်သင်းစလုံးရဲ့ ပစ်မှတ်တွေထဲမှာ ပါဝင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်