နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်းမရိတ်စ်မှာ ရှုံးကြွေး ပြန်ဆပ်နိုင်ဖို့ အရေးကြီးနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – အက်စတွန်ဗီလာ

အခုတပတ် ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ရဲ့ ပွဲကောင်းတွေ ကစားဖို့ ရှိနေပြီး အာဆင်နယ် ကတော့ အက်စတွန်ဗီလာကို အမ်းမရိတ်စ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းကမှ တွေ့ဆုံထားပြီး ဗီလာပါ့ခ်မှာ ဘူအန်ဒီယာရဲ့ နောက်ကျဂိုးနဲ့ ရှုံးနိမ့်ထားခဲ့တဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ ရှုံးကြွေး ပြန်ဆပ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်က ဒီဇင်ဘာ ၆ ရက်နေ့က အက်စတွန်ဗီလာကို ဗီလာပါ့ခ်မှာ အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပြန်ရထားပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းက ရလဒ်တွေ ပြန်ကောင်းနေပေမယ့် ခြေစွမ်းပိုင်း ကတော့ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်က နောက်ဆုံး ၄ ပွဲမှာ ပင်နယ်တီနဲ့ ပြိုင်ဘက် ကစားသမားရဲ့ OG ဂိုးတွေကြောင့် နိုင်ပွဲ ရနေခဲ့တယ်လို့ ပြောနိုင်ပြီး တိုက်စစ်ပိုင်းက အားရစရာ မရှိပါဘူး။ ဒါပေမယ့်လည်း အာဆင်နယ်က ဒီရာသီ ပြိုင်ပွဲစုံမှာ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသေးတဲ့ အသင်း ဖြစ်သလို ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး ၆ ပွဲဆက် နိုင်ထားပါတယ်။ အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ Clean Sheet နိုင်ပွဲ ၉ ပွဲ အထိ ရထားပြီး အများဆုံးလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဂန်းနားတို့ ခြေစွာနေတဲ့ ဗီလာကို အမ်းမရိတ်စ်မှာ ရပ်တန့်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

အူနိုင်း အမ်မရီရဲ့ ဗီလာ ကတော့ ပြိုင်ပွဲစုံမှာ ၁၁ ပွဲဆက် အနိုင်ရထားပြီး ပရီးမီးယားလိဂ် မှာတော့ ၈ ပွဲဆက် အနိုင်ရထားကာ အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေတဲ့ ဗီလာက ဦးဆောင်သူ အာဆင်နယ်နဲ့လည်း ၃ မှတ်သာ ကွာဟနေပါတယ်။ အကယ်၍ ဒီပွဲမှာသာ ရလဒ်ကောင်း တစ်ခု ရှာတွေ့နိုင်မယ် ဆိုရင်တော့ ဗီလာ အနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း အဖြစ် ရာနှုန်းပြည့် သတ်မှတ်လို့ ရပါပြီ။ ဗီလာရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၅ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ ဗီလာက လက်ရှိမှာ အသင်းကြီးတွေကို အကောင်းဆုံး ကျော်ဖြတ်ထားနိုင်တာကြောင့် အာဆင်နယ် အတွက် နောက်ထပ် တကြိမ် အိမ်မက်ဆိုး ဖြစ်လာဦးမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

 

နှစ်ဖက်အသင်း သတင်းများ

ပရီးမီးယားလိဂ်
ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲဆက် အနိုင်ရထားတဲ့ အက်စတွန်ဗီလာ

အခုပွဲကိုတော့ အာဆင်နယ် ဘက်က ကာလာဖီအိုရီနဲ့ တင်ဘာတို့ ပါဝင်ကစားဖို့ မသေချာသေးပဲ ဝှိုက်၊ မော့စ်ကွဲယား၊ မက်စ် ဒေါင်းမန်း၊ ကိုင်ဟာဗက်ဇ် တို့ကတော့ လွဲချော်ကြမှာပါ။

ဗီလာ မှာတော့ ဂက်ဆန် အာဖရိကဖလား သွားရောက် ကစားနေပြီး ကတ်ရှ်နဲ့ ကာမာရာက ပွဲပယ်၊ အဲလီယော့တ်၊ ပါအူ တောရက်စ်၊ မင်းဂ်၊ ဘာကလေ တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဟင်ကပ်ပီယေ၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ အိုဒီဂတ်၊ ဆာကာ၊ ယောကရက်စ်၊ အက်ဇေး

အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ဘိုဂါဒီ၊ ကွန်ဆာ၊ လင်ဒီလော့ဖ်၊ မတ်ဆန်၊ အိုနာနာ၊ တေးလီမန့်စ်၊ မက်ဂင်းန်၊ ဘူအန်ဒီယာ၊ ရော်ဂျာစ်၊ ဝက်ကင်န်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး တွေ့ဆုံမှု ၂၇ ကြိမ်မှာ အာဆင်နယ်က ၁၇ ကြိမ်နိုင်၊ ဗီလာက ၈ ကြိမ် နိုင်ပြီး ၂ ကြိမ်သာ သရေကျခဲ့ပါတယ်။ ဗီလာက အမ်းမရိတ်စ်ကို နောက်ဆုံး သွားရောက် ကစားခဲ့တဲ့ နှစ်ကြိမ်စလုံးမှာ ရှုံးပွဲ မရှိခဲ့ပါဘူး။ ဗီလာက ၂၀၂၄ ခုနှစ်မှာ အမ်းမရိတ်စ်မှာ ၂-၀ နဲ့ အနိုင်ရခဲ့ပြီး နှစ်ကုန်ပိုင်း မြောက်လန်ဒန်မှာ ၂-၂ နဲ့ သရေကျခဲ့ပါတယ်။ ဒါ့အပြင် ဗီလာက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ်မှာ ၃ ကြိမ် အနိုင်ရပြီး ၁ ကြိမ် သရေကျကာ၊ ၁ ကြိမ်ပဲ ရှုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၄၅ ဆ ရမှာ ဖြစ်ပြီး အက်စတွန်ဗီလာ နိုင်ရင်တော့ ၆.၁၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၉၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ် ဘက်ကပဲ ကြေးဖွင့်ထားပြီး ဂိုးပေါင်း ကလည်း ပုံမှန် အတိုင်းပါပဲ။ နှစ်သင်းစလုံးဟာ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း သူတို့ရဲ့ ခံနိုင်ရည်ကို ပြသခဲ့ပြီး တခြား အသင်းတွေ ရလဒ်ပိုင်း ယိမ်းယိုင်ခဲ့ပေမယ့် သူတို့ ကတော့ ရလဒ်ကောင်းတွေ ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါကြောင့် မြောက်လန်ဒန်မှာ နောက်ထပ် အကြိတ်အနယ် ရှိတဲ့ ယှဉ်ပြိုင်မှု တစ်ခုကို မြင်တွေ့ရဦးမှာပါ။ ၁၁ ပွဲ ဆက်တိုက် အနိုင်ရထားတဲ့ အက်စတွန်ဗီလာတို့ အံ့မခန်း စံချိန် ရပ်တန့်သွားဖွယ် ရှိပါတယ်။ ဂိုးပေါ် ကြိုက်ပါတယ်။

 

ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၁ အက်စတွန်ဗီလာ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်