နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တဲ့ အန်တိုနီယို ဆီမီညို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက အပြိုင် စိတ်ဝင်စားနေကြတဲ့ ဘုန်းမောက် တိုက်စစ် ကစားသမား အန်တိုနီယို ဆီမီညို ကတော့ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ ဆီမီညို ကိုတော့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်စီးတီး တို့ရဲ့ အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ကြပေမယ့် ဂါနာသား ကတော့ အပြာရောင် မန်ချက်စတာ ဂျာဆီကို ဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ဆီမီညိုက ဒီရာသီ ပရီးမီးယားလိဂ်မှာ ဟာလန်း(၁၉ ဂိုး)၊ အီဂေါ သီယာဂို (၁၁ ဂိုး) တို့ ပြီးရင် တတိယမြောက် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ၈ ဂိုးနဲ့ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ကမှ ဘုန်းမောက်နဲ့ ၂၀၃၀ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဆီမီညိုက သူ့ရဲ့ တစ်ဦးချင်း စွမ်းရည်၊ တိုက်စစ်မှာ နေရာစုံ ကစားနိုင်မှုနဲ့ ပြောင်းရွှေ့ကြေး တန်ဖိုးတွေကြောင့် မန်ချက်စတာ မြိုခံ နှစ်သင်း အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်ခဲ့သူပါ။ 

ဆီမီညိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လန်ဒန် ကလပ် တော့တင်ဟမ်ဟော့စပါးရဲ့ ကမ်းလှမ်းချက်ကို ယဉ်ကျေးစွာနဲ့ ပယ်ချခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မန်စီးတီးကို ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဆီမီညိုကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ စာချုပ် လျော်ကြေး ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခွင့် ရှိနေပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး ကိုပဲ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက ပေါင် ၆၅ သန်း လျော်ကြေး စာချုပ်က ဇန်နဝါရီ ၁၀ ရက်နေ့ အထိသာ အကျုံးဝင်မှာ ဖြစ်တာကြောင့် ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ ဇန်နဝါရီ ၁ ရက် ကနေ ၁၀ ရက် အတွင်းသာ အဲဒီ တန်ဖိုးနဲ့သာ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ တချို့ သတင်းတွေ မှာလည်း ဆီမီညိုက ပပ် ဂွါဒီယိုလာနဲ့ မန်ချက်စတာစီးတီးရဲ့ အောင်မြင်မှုတွေကြောင့် ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြလျက် ရှိပါတယ်။

ပွဲစဉ်တိုင်းမှာ တိုးတက်နေပြီး သူ့လို ကစားသမားမျိုးကြောင့် ပရီးမီးယားလိဂ်က ပိုပြီး ထူးခြားနေတာပါ။
ဆီမီညိုရဲ့ ခြေစွမ်း အပေါ် ချီးကျူးမှုတွေ ပြုလုပ်ထားတဲ့ ပပ် ဂွါဒီယိုလာ

တဖက်မှာတော့ ဘုန်းမောက် နည်းပြ အန်ဒိုနီ အိုင်ရာအိုလာ ကတော့ သူတို့ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားကို အသင်းမှာပဲ ဆက်ရှိနေစေချင်ကြောင်း သိရပါတယ်။ အိုင်ရာအိုလာက “ဆီမီညိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ အဲဒါကို ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော် စိုးရိမ်တာက အဲဒီသတင်းတွေကြောင့် သူ့ရဲ့ ခြေစွမ်း အပေါ်မှာ ထိခိုက်မှု ရှိလာမှာကိုပါပဲ။”

အပြောင်းအရွှေ့ကိစ္စ ဆိုတာက ကျွန်တော်တို့ ကိုင်တွယ်လို့ရတဲ့ အခြေအနေ မဟုတ်ပါဘူး။ အခုလောလောဆယ်တော့ ဆီမီညိုက ကျွန်တော်တို့ အသင်းရဲ့ ကစားသမား ဖြစ်နေသလို အသင်း အတွက် ဆက်ကစားသွားဦးမှာပါ။ ကျွန်တော့် သဘောထား ကတော့ သူ့ကို လုံး၀ မဆုံးရှုံးချင်ပါဘူး။ ဆီမီညိုက ကျွန်တော်တို့ အတွက် အရမ်းကို အရေးပါတဲ့ ကစားသမား တစ်ဦးပါ။” လို့ ပြောကြားခဲ့ပါတယ်။ 

ဆီမီညိုနဲ့ ပတ်သက်ပြီး ပပ် ဂွာဒီယိုလာ ကတော့ “သူက တကယ့်ကို ထူးချွန် ထက်မြက်လွန်းသူ၊ သူ့ရဲ့ စွမ်းအင်၊ သူ့ရဲ့ ယုံကြည်စိတ်၊ သူ့ရဲ့ အတိုးအလှုပ်တွေက မယုံကြည်နိုင်စရာပါပဲ။ အမြန်နှုန်းနဲ့ တိုက်စစ် ကစားနိုင်တယ်။ သူဘောလုံးရသွားတိုင်း တစ်ခုခု ဖြစ်လာတော့မယ် ဆိုတာ ခံစားမိစေတယ်။ ပွဲစဉ်တိုင်းမှာ တိုးတက်နေပြီး သူ့လို ကစားသမားမျိုးကြောင့် ပရီးမီးယားလိဂ်က ပိုပြီး ထူးခြားနေတာပါ။ သူက အမြဲတမ်း တိုက်ပွဲဝင်စိတ် ပြင်းထန်ပြီး ရဲရင့်နေပါတယ်။” လို့ ချီးကျူးခဲ့တယ်။

ဗြိတိန်က လာတဲ့ သတင်းတွေ မှာတော့ မန်စီးတီးနဲ့ ဘုန်းမောက် တို့ဟာ ဆီမီညိုရဲ့ အပြောင်းအရွှေ့အတွက် အခုတစ်ပတ် အတွင်း ဆွေးနွေးမယ်လို့ ဖော်ပြကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်