နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလာဗက်စ်နဲ့ ပွဲအထိ အလွန်ဆိုကို အချိန်ပေးသွားမယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

ရီးရဲလ်မက်ဒရစ် ကတော့ ဘာနေဗျူးမှာ မန်ချက်စတာစီးတီးကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် အခြေအနေတွေကို ပြောင်းလဲနိုင်ဖို့ အတွက် ဇာဘီ အလွန်ဆိုကို အချိန် ပိုပေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ဖက် မှာလည်း အလွန်ဆိုနဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ် ဘက်က လာမယ့် တပတ် အလာဗက်စ်နဲ့ လာလီဂါ ပွဲအပြီးမှသာ အပြီးသတ် ဆုံးဖြတ်ဖို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း နောက်ဆုံး ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် အလွန်ဆို အနေနဲ့ မန်ချက်စတာစီးတီးနဲ့ ပွဲမှာ ထပ်မံ ရှုံးနိမ့်ခဲ့မယ် ဆိုရင် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဆယ်တာဗီဂိုကို လာလီဂါမှာ ၂-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း အိမ်ကွင်း ၂ ပွဲ ဆက်တိုက် ရှုံးခဲ့လို့ လှောင်ပြောင်သံတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာကို ရောက်ရှိသွားပြီး ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်မယ့် ထိပ်ဆုံး ၈ နေရာထဲမှာ ရှိမနေသေးတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကစားသမား အများအပြား ကတော့ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲ အပြီးမှာ အလွန်ဆို ဘက်ကနေ အား‌ပေး ထောက်ခံခဲ့ကြပြီး ဂျု့ဒ် ဘယ်လင်ဟမ် ကတော့ “၁၀၀ ရာခိုင်နှုန်း ရှိနေပါတယ်။ နည်းပြက အရမ်း ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော် ကတော့ သူနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိပြီး ကျန်တဲ့ သူတွေ အများအပြား ကလည်း အဲဒီအတိုင်းပဲလို့ သိထားပါတယ်။ သရေပွဲတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီးနောက် ကျွန်တော်တို့ အသင်း အတွင်းပိုင်းမှာ အရမ်းကောင်းတဲ့ စကားပြောဆိုမှု တချို့ ရှိခဲ့ပြီး ကျွန်တော်တို့ အဲဒီ‌ခြေစွမ်းကို နောက်မှာ ချန်ထားနိုင်ခဲ့လိမ့်မယ်လို့ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံး ပွဲစဉ်တွေမှာ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဘယ်သူကမှ စိတ်ဓာတ်ကျမနေပါဘူး။ ဘယ်သူကမှ စောဒကမတက်နေဘူး၊ ညည်းတွားမနေဘူး။ ကျွန်တော်တို့ ရလဒ်ဆိုးတွေကို ရင်ကော့ပြီး ဆက်လက် တိုက်ပွဲဝင်သွားမှာပါ။” လို့ ဆိုပါတယ်။

ဒါကြောင့် ဒီတစ်ခေါက် အလာဗက်စ်နဲ့ လာလီဂါ ပွဲမှာသာ ရီးရဲလ်မက်ဒရစ်တို့ ရလဒ်ကောင်း မရှာဖွေနိုင်ခဲ့ဘူး ဆိုရင် အလွန်ဆို အနေနဲ့ ဒီဆောင်းရာသီ မတိုင်ခင်မှာတင် ရာထူးမှ ထုတ်ပယ်ခံရနိုင်ခြေ ရှိနေပါတယ်။
လာမယ့် ပွဲစဉ်မှာ နိုင်ပွဲ ပြန်ရှာဖို့ လိုအပ်နေတဲ့ ရီးရဲလ်မက်ဒရစ်

ဆက်လက်ပြီး ရီးရဲလ်မက်ဒရစ်တို့ လက်ရှိမှာ ဘာကြောင့် ရုန်းကန်‌နေရသလဲ ဆိုတာကို မေးမြန်းခဲ့ရာမှာတော့ “ကျွန်တော်တို့ အပြင်ဘက်မှာ ဘာတွေပဲ ဖြစ်နေသည် ဖြစ်စေ အဝတ်လဲခန်းအတွင်းမှာ အဲဒါကို အဖြေရှာဖို့ ကြိုးစားနေတုန်းပါပဲ။ အဲဒါက အကူအညီမဖြစ်ဘူး ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တစ်ခုရှိတာက ကျွန်တော်တို့ ပွဲ‌တွေကို ဘယ်လို စီမံခန့်ခွဲနေလဲဆိုတာပါ။ တချို့ အချိန်တွေမှာ ကျွန်တော်တို့ အမြဲတမ်း ဂိုးတွေ ခွင့်ပြုနေရသလို ခံစားရတဲ့ အချိန်တွေ ရှိခဲ့ပြီး အဲဒါက ကျွန်တော် တို့ကို ခြေတလှမ်းဆုတ်စေပြီး မကစားချင်တဲ့ ပုံစံအတိုင်း ကစားရအောင် လုပ်နိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

BBC Sport နဲ့ Sky Sport Germany တို့ကတော့ အသင်း တာဝန်ရှိသူတွေက ဆုံးဖြတ်ချက် ချဖို့ အချိန် အနည်းငယ် ထပ်မံ နောက်ဆုတ်လိုက်ကြောင်း ဖော်ပြပါတယ်။ အမ်ဘာပေးရဲ့ ဒဏ်ရာရရှိမှုကြောင့် ရီးရဲလ်မက်ဒရစ်တို့ မန်စီးတီးကို ရှုံးခဲ့ရတယ် ဆိုပြီး အသင်းပရိသတ်တွေက ထင်မြင်ယူဆနေပေမယ့်လည်း အသင်း တာဝန်ရှိသူတွေ ကတော့ အလွန်ဆိုရဲ့ အသင်း အပေါ် ကိုင်တွယ်ပုံနဲ့ ပွဲအပေါ် ချဉ်းကပ်မှုတို့ကို သတိထားစောင့်ကြည့်နေကြပါတယ်။

ဒါကြောင့် ဒီတစ်ခေါက် အလာဗက်စ်နဲ့ လာလီဂါ ပွဲမှာသာ ရီးရဲလ်မက်ဒရစ်တို့ ရလဒ်ကောင်း မရှာဖွေနိုင်ခဲ့ဘူး ဆိုရင် အလွန်ဆို အနေနဲ့ ဒီဆောင်းရာသီ မတိုင်ခင်မှာတင် ရာထူးမှ ထုတ်ပယ်ခံရနိုင်ခြေ ရှိနေပါတယ်။ ဆက်စပ် သတင်းတွေအရ ဆိုရင်တော့ အလွန်ဆို အနေနဲ့ ရီးရဲလ်မက်ဒရစ် ကနေ ထုတ်ပယ်ခံရမယ် ဆိုရင်တော့ စပိန်သားက သူ့ရဲ့ နောက်ထပ် အသင်းဟောင်း လစ်ဗာပူးလ်ထံ ပြောင်းရွှေ့မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်