နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီ နေရာမှာ လူးဝစ္စ ဒီးယက်ဇ်နဲ့ အစားထိုးဖို့ စဉ်းစားလာတဲ့ ရီးရဲလ်၊ ဂွန်ဆာလို ဂါစီယာကို ခေါ်ယူချင်နေတဲ့ စတုဂတ် | ဘွန်ဒက်စ်လီဂါ

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၁ ရက်နေ့ အတွက် ရရှိထားသမျှ ဘွန်ဒက်စ်လီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ် ကတော့ ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ နေရာမှာ အစားထိုးမယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။ လာလီဂါ ကလပ်ရဲ့ ပစ်မှတ် စာရင်းမှာ မိုက်ကယ် အိုလီဆေး၊ ကီနန် ယီလ်ဒစ်ဇ်နဲ့ ဘူကာယို ဆာကာတို့ ပါဝင်နေပါတယ်။ ကိုလံဘီယာ တောင်ပံ ကစားသမား ကတော့ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ ကလပ် အတွက် အကောင်းဆုံး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ မအောင်မြင်ခဲ့ပါဘူး။ ဒါကလည် ရိုဒရီဂို ကိုယ်တိုင်က ကမ်းလှမ်းမှုကို တိုက်ရိုက် ငြင်းပယ်ခဲ့တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ 

ရာဖင်ညာ အနေနဲ့ ဟန်ဆီ ဖလစ်ခ် လက်အောက်မှာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသထားနိုင်တာကြောင့် ဘာစီလိုနာ အနေနဲ့ ဘရာဇီးလ် လက်ရွေးစင် ကစားသမားရဲ့ နောက်နွေရာသီမှာ ထွက်ခွာနိုင်ခြေနဲ့ ပတ်သတ်လို့ တရားဝင် ငြင်းပယ်ခဲ့ပါတယ်။

စတုဂတ် ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဆာလို ဂါစီယာကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အိပ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ကလပ် အနေနဲ့ ဒီကစားသမားကို ခေါ်ယူနိုင်ဖို့တော့ အလွန် ခက်ခဲမယ် ဆိုတာ သိရှိထားပါတယ်။ 

ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ကလပ် အနေနဲ့ ဒီကစားသမားကို ခေါ်ယူနိုင်ဖို့တော့ အလွန် ခက်ခဲမယ် ဆိုတာ သိရှိထားပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ပုံမှန် ပွဲထွက်ခွင့် ပိုလိုချင်နေတဲ့ ဂွန်ဆာလို ဂါစီယာ

အသက် ၁၇ နှစ် အရွယ် အဲလ်အာလီ တိုက်စစ်မှူး ဟမ်းဇာအဘဒယ် ကာရင်မ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ ဒါပေမယ့်လည်း သူဟာ ဘာကာ အက်သလက်တီကိုမှာ ကနဦး မှတ်ပုံတင်ရဦးမယ်လို့ Mundo Deportivo က ဖော်ပြပါတယ်။

တစ်ချိန်တည်းမှာပင်၊ ချဲလ်ဆီးက သူတို့ရဲ့ ညီအစ်မ ကလပ် စထရာဘိုး တိုက်စစ်မှူး ယိုအာကွင်း ပန်နီချယ်လီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အာဂျင်တီးနား တိုက်စစ် ကစားသမားဟာ အက်စတွန်ဗီလာ၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာ တို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေပါတယ်။

ချဲလ်ဆီး ကတော့ အာဆင်နယ်မှာ ပွဲထွက်ခွင့်မရ ဖြစ်နေတဲ့ ကွင်းလယ်လူ အီသန် နွမ်နရီကို စောင့်ကြည့်နေကြောင်း TEAMtalk က ဖော်ပြပါတယ်။

ရိုးမား ကတော့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး မက်သီ တဲလ်ကို ခေါ်ယူဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ပြင်သစ် ကစားသမားဟာ ကလပ်ရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ ပါဝင်လာခြင်း မရှိခဲ့တဲ့နောက် သောမက်စ် ဖရန့်ခ်ရဲ့ လက်အောက်မှာ မပျော်မရွှင် ဖြစ်နေတယ်လို့ သိရပါတယ်။

ယူနီယံ စိန့်ဂလွိုက်စ် တိုက်စစ်မှူး ပရောမစ် ဒေးဗစ် ကတော့ တန်းဆင်းဇုန် တိုက်ပွဲ နွှဲနေရတဲ့ ဝက်စ်ဟမ်း ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုနဲ့ အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယောင်ကို ရေရှည် တိုက်စစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

ဖရန့်ဖတ် ကတော့ လာမယ့် ဇန်နဝါရီမှာ နယူးကာဆယ် တိုက်စစ်မှူး ဝီလီယမ် အိုဆူလာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီချက် ရရှိထားကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်