မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်းနဲ့ လက်ရှိ ဘောလုံးသုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီ နဗီးလ် ကတော့ အာဆင်နယ် အနေနဲ့ လက်ရှိမှာ စိတ်လှုပ်ရှားနေလို့ မရကြောင်း သတိပေးလိုက်ပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် အနီးဆုံး ပြိုင်ဘက် မန်စီးတီးနဲ့ ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ်ဟာ အက်စတွန်ဗီလာကို ဗီလာပါ့ခ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး မန်စီးတီး ကတော့ ဆန်းဒါးလန်းကို ၃-၀ နဲ့ အနိုင်ရခဲ့တာကြောင့် ရမှတ် ကွာဟချက် ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာပြီ ဖြစ်ပါတယ်။ ဗီလာကို ရှုံးနိမ့်အပြီး မှာတော့ မီခဲလ် အာတေးတားက သူ့အသင်းရဲ့ ခြေစွမ်း အပေါ် မကျေမနပ် ဖြစ်နေပြီး ဒီထက် ပိုတဲ့ ရလဒ်မျိုး ရခဲ့သင့်တာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း နဗီးလ် ကတော့ မီခဲလ် အာတေးတား အနေနဲ့ မန်ချက်စတာစီးတီးရဲ့ အနီးကပ်ဆုံး ဖိအားပေးမှုကို ခံနေရပေမယ့်လည်း အာရုံစူးစိုက်မှုကို ထိန်းသိမ်းထားရမှာ ဖြစ်ပြီး မတည်ငြိမ်တဲ့ ရာသီထဲ ကနေ တည်ငြိမ်တဲ့ အင်အားစု အဖြစ် ဆက်ရှိနေနိုင်ဖို့ ကြိုးစားရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။
နဗီးလ်က “ဒီပွဲက ခင်ဗျား ရှုံးနိမ့်နိုင်တဲ့ ပွဲမျိုးပါ။ ကျွန်တော်သာ အာဆင်နယ်သာ ဆိုရင် လုံးဝကို စိတ်လှုပ်ရှားမှာ မဟုတ်ပါဘူး။ ခင်ဗျား ၁ ပွဲ၊ ၂ ပွဲလောက်တော့ ရှုံးမှာပဲလေ။ ပြီးရင် ခင်ဗျား နိုင်ပွဲတွေလည်း အများကြီးရဦးမှာပါ။ သူတို့တွေ ဇယားထိပ်ဆုံးမှာ ထိုင်ပြီး မန်စီးတီးက သူတို့ထက် အမှတ် သိပ်မကွာတော့ဘူးလို တွေးနေနိုင်ပေမယ့် သူတို့တွေက ခက်ခဲတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ရတယ်။”

“အာဆင်နယ် အတွက် ဒီရာသီရဲ့ အခက်ခဲဆုံး ရက်သတ္တပတ်လိုတောင် ခင်ဗျား ပြောလို့ ရပါတယ်။ သူတို့တွေ မန်စီးတီးလည်း ဒီလိုမျိုး ရက်သတ္တပတ်တွေ ရာသီရဲ့ အချိန်တစ်ခုခုမှာ ရောက်လာနိုင်တယ် ဆိုတာ သိမှာပါ။ အခုက စိတ်လှုပ်ရှားရမယ့် အချိန်မဟုတ်ဘူးလို့ ထင်တယ်။ ဒါပေမယ့် သူတို့တွေနားမှာ မန်စီးတီးက အရမ်းနီးကပ်နေတာကို ကျိန်းသေပေါက် ခံစားမိမှာ ဖြစ်ပြီး မန်စီးတီး ကလည်း ‘ငါတို့သာ ဒီတိုင်း ဧပြီ၊ မေလလောက်ထိ နီးနီးကပ်ကပ် နေနိုင်အောင် လုပ်နိုင်ရင် သူတို့တွေ ဘာတတ်နိုင်မလဲ ကြည့်ကြတာပေါ့’ လို့ တွေးနေမယ် ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး နဗီးလ်က “မန်စီးတီး လုပ်ရမှာ ကလည်း အဲဒါပဲလေ။ သူတို့တွေ အဲဒီနေရာမှာ ထိန်းထားပြီး အခြေအနေကို ထိုင်စောင့်ကြည့်မယ်။ အာဆင်နယ် ဘာတွေ ဖြစ်နေလဲ၊ သူတို့တွေ ဘာလုပ်နိုင်မလဲ ဆိုတာကို ကြည့်မယ်။ သူတို့တွေက နောက်ထပ် တစ်ကြိမ် ဆုဖလား ပြိုင်ပွဲ အစစ်ထဲမှာ ရှိနေသလိုမျိုး ကြည့်နေမှာပါ။” လို့ ဆိုပါတယ်။
ဂယ်ရီ နဗီးလ်က မန်စီးတီး မှာလည်း အားနည်းချက်တွေ ရှိနေပြီး အရေးကြီးတဲ့ ခရစ္စမတ်ပွဲတော် ကာလမှာ အဆင့်အတန်း တစ်ခုမှာ ရေရှည်ထိန်းသိမ်းထားပြီး အကောင်းဆုံး နေရာ တစ်ခု ရောက်အောင် လုပ်နိုင်တဲ့ အသင်းက ရာသီကုန်မှာ ကြီးမားတဲ့ ဆုတံဆိပ်ကို ရရှိလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။မန်ချက်စတာစီးတီးဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ကစားရခက်တဲ့ ခရစ္စတယ်ပဲလေ့စ်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိနေတဲ့ ဝုဗ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ဒီအားသာချက်တွေကို ဂန်းနားတို့ အသုံးချနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


