ဘုန်းမောက် – ချဲလ်ဆီး
ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ချဲလ်ဆီးက ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ လက်ရှိမှာ ပုံစံကောင်း ပျောက်ဆုံးနေပြီး ရှုံးပွဲဆက်နေတဲ့ ဘုန်းမောက်ကို ချဲလ်ဆီးတို့ အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘုန်းမောက် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီးတော့ ရှုံးပွဲ ၄ ပွဲအထိ ရှိထားပါတယ်။ အန်ဒိုနီ အိုင်ရာအိုလာရဲ့ အသင်းက မန်စီးတီး၊ အက်စတွန်ဗီလာ တို့ကို ဂိုးပြတ် ရှုံးခဲ့တာက လက်ခံလို့ ရနိုင်ပေမယ့် ဆန်းဒါးလန်းနဲ့ အဲဗာတန် တို့ကို ရှုံးခဲ့တာ ကတော့ တော်တော်လေး ပြောစရာ ရှိခဲ့ပါတယ်။ လက်ရှိမှာ ဘုန်းမောက်က အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီးတော့ ဇယားထိပ်က အသင်းတွေနဲ့လည်း ရမှတ်တွေ ပြတ်နေပါပြီ။ ဒီရာသီ ဘုန်းမောက်ရဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၄ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး မဆိုးဘူးလို့ ပြောလို့ ရပါတယ်။
ချဲလ်ဆီး ကတော့ အာဆင်နယ်နဲ့ သရေကျပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းထဲကို ရောက်လာပေမယ့် လိဒ်စ်ကို ရှုံးအပြီးမှာ ပြန်ထွက်သွားခဲ့ပါတယ်။ အန်ဇို မာရက်စ်ကာရဲ့ အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီးတော့ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ဆင်းပေးထားရပါတယ်။ ချဲလ်ဆီးရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ ဘုန်းမောက်နဲ့ ချဲလ်ဆီး တို့ရဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေကို ပြန်ကြည့်ရင်တော့ အပြန်အလှန် ရှိခဲ့ပေမယ့် ချဲလ်ဆီးက အမြဲတမ်း နှာတဖျားသာခဲ့ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီး ဘက်မှာတော့ လာဗီယာ၊ ကိုးလ်ဝဲလ်၊ အက်ဆူဂို၊ မွိုက်စ် ကိုင်စီဒို (ပွဲပယ်) တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘုန်းမောက် – ပီထရိုဗစ်၊ ဂျင်မီနက်ဇ်၊ ဒီယာခိုက်၊ ဆီနက်ဆီ၊ ထရူးဖက်၊ စကော့တ်၊ တာဗာနီယာ၊ ဘရွတ်ခ်၊ ကလွိုင်ဗက်၊ ဆီမီညို၊ အီဗန်နီလ်ဆင်
ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂူစတို၊ ဖိုဖာနာ၊ ချာလိုဘာ၊ ကူကာရယ်လာ၊ ဂျိမ်းစ်၊ ဖာနန်ဒက်ဇ်၊ နက်တို၊ ပါးလ်မား၊ ဂါနာချို၊ ပက်ဒရို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၁၉ ကြိမ် တွေ့ဆုံမှုမှာ ဘုန်းမောက်က ၄ ကြိမ်နိုင်၊ ချဲလ်ဆီးက ၁၂ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဘုန်းမောက်ကို နောက်ဆုံး ၈ ကြိမ် တွေ့ဆုံမှုစလုံး မရှုံးခဲ့ပါဘူး။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ချဲလ်ဆီးက ၃ ကြိမ် နိုင်၊ ၂ ကြိမ် သရေကျခဲ့ပါတယ်။ ဘုန်းမောက် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်မှာလည်း ချဲလ်ဆီးက ၃ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၂.၉၂ ဆ၊ ချဲလ်ဆီး နိုင်ရင် ၂.၁၂ ဆနဲ့ သရေ ဆိုရင်တော့ ၃.၃၂ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ချဲလ်ဆီး ဘက်က ခပ်ပါးပါး ကြေးပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ သာမန်ပါပဲ။ နိုင်ပွဲ လမ်းကြောင်းအပေါ် ပြန်တက်ဖို့ ကြိုးပမ်းနေတဲ့ အသင်း နှစ်သင်း အကြား အကြိတ်အနယ် ယှဉ်ပြိုင်မှု တစ်ခုကို မြင်တွေ့ရမှာပါ။ ဒါပေမယ့် ချဲလ်ဆီးက အနည်းငယ် ပိုအားကောင်းနေတဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရပြီး ဒီပွဲမှာ ပြန်လည် ဦးမော့လာနိုင်မယ်လို့တော့ မျှော်လင့်ရပါတယ်။ ချဲလ်ဆီး အနေနဲ့ ခြေစွမ်း ကျဆင်းနေတဲ့ အသင်း တစ်သင်းကို ကျော်ဖြတ်ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ ချဲလ်ဆီး ကိုပဲ ယုံကြည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ဘုန်းမောက် ၁-၂ ချဲလ်ဆီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


