လာမယ့် အင်္ဂလန် လက်ရွေးစင် အသင်း ကတော့ ကမ္ဘာ့ဖလား မတိုင်ခင် ခြေစွမ်းကောင်းတွေ ပြသနေပေမယ့်လည်း ထိပ်သီး အသင်းတွေနဲ့ မတွေ့သေးလို့ ဖြစ်ကြောင်း နီဂဲလ် ဝင်းတားဘန်းက သုံးသပ်လိုက်ပါတယ်။ ဝင်းတား ဘန်း ကတော့ အာဆင်နယ်ရဲ့ နာမည်ကျော် နောက်ခံလူဟောင်း ဖြစ်ပြီး အင်္ဂလန် အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပေမယ့် နည်းပြ သောမက်စ် တူချယ်ဟာ ထိပ်သီး အသင်းတွေနဲ့ အစမ်းသပ် မခံရသေးကြောင်း သတိပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အုပ်စု အဆင့် မဲခွဲပွဲ အခမ်းအနားကို ဒီကနေ့ ဝါရှင်တန်မြို့မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပြီး အင်္ဂလန်ဟာ မဲခွဲပွဲ အခမ်းအနား တက်ရောက်ဖို့ အမေရိကန်ကို မကြာခင် သွားရောက်တော့မှာ ဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းဟာ နည်းပြဟောင်း ဂါရက်သ် ဆောက်ဂိတ် လက်ထက်မှာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့် အထိ ရောက်ရှိခဲ့သလို ယူရို ပြိုင်ပွဲ ၂ ကြိမ် ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်ခွင့်လည်း ရရှိခဲ့ပါတယ်။ အင်္ဂလန်က ၁၉၆၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် အဓိက ဆုဖလား တစ်လုံး ရယူဖို့ အနီးစပ်ဆုံး အခြေအနေ အထိ ရောက်ခဲ့ပေမယ့် တေ့လွဲနေခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိ မှာတော့ အင်္ဂလန်က ဒေါ့မန်၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီး နာမည်ကျော် နည်းပြဟောင်း သောမက်စ် တူချယ်လ်ရဲ့ ဦးဆောင်မှုနဲ့ အတူ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့သလို စံချိန် မှတ်တမ်းကောင်းတွေလည်း ရယူထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဝင်းတားဘန်း ကတော့ အင်္ဂလန် နည်းပြ တူချယ်ကို အခုလိုပဲ သတိပေးခဲ့ပါတယ်။ “ကျွန်တော်တို့ အသင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေပြီး ကစားသမား စုဖွဲ့မှု အင်အား တောင့်တင်းတယ် ဆိုတာ ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် ထိပ်တန်း အဆင့် ပြိုင်ဘက်တွေနဲ့ ပွဲမှာ ကျွန်တော်တို့ အသင်း ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲ ဆိုတာ သက်သေပြဖို့ လိုအပ်နေပါသေးတယ်။” လို့ ဝင်းတားဘန်းက ဆိုပါတယ်။
ဆက်လက်ပြီး “ခြေစစ်ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ခဲ့ပေမယ့် ကျွန်တော် တို့ဟာ ထိပ်တန်းအဆင့် ပြိုင်ဘက်တွေနဲ့ မကစားရသေးသလို ဖိအားတွေနဲ့လည်း မရင်ဆိုင်ရသေးပါဘူး။ စပိန်လိုမျိုး နည်းစနစ်ပိုင်း ကောင်းပြီး အရည်အသွေးမြင့် ကစားသမားတွေ ရှိတဲ့ အသင်းနဲ့ တွေ့ဆုံတဲ့အခါ ဘယ်လို ကစားနိုင်မလဲ ဆိုတာ စောင့်ကြည့်ချင်ပါတယ်။ လာမဲ့ ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ အသင်း ဆီမီးဖိုင်နယ် လောက်မှ မရောက်ရင် အားလုံးက တော်တော်လေး စိတ်ပျက်မိမှာပါ။” လို့ ဝင်းတာဘန်းက ပြောကြားသွားခဲ့ပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလားမှာ ၁၉၆၆ ခုနှစ်က နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ အင်္ဂလန်က ၁၉၉၈၊ ၂၀၁၀ တို့မှာ ၁၆ သင်း အဆင့်၊ ၁၉၇၀၊ ၁၉၈၆၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၂၂ တို့မှာ ကွာတားဖိုင်နယ်၊ ၁၉၉၀ နဲ့ ၂၀၁၈ မှာ စတုတ္ထ ရရှိခဲ့ပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလား ကျင်းပချိန်တိုင်း ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ထိပ်ဆုံးက ပါဝင်လေ့ ရှိပေမယ့် ချန်ပီယံဆုနဲ့တော့ အခုချိန်ထိ လွဲချော်နေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


