မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းဟာ နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာ ခြေစွမ်း ဆိုးဆိုးရွားရွား ကျဆင်းသွားတယ်လို့ ဂန္ထဝင် နောက်ခံလူ ရီယို ဖာဒီနန်က ဝေဖန်သုံးသပ်လိုက်ပါတယ်။ လက်ရှိမှာ ဟွိုက်ဂျ်လန်းက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၈ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေပြီးတော့ ယူနိုက်တက် တိုက်စစ်မှာ လူပို တစ်ဦးလို ဖြစ်နေခဲ့သူပါ။
ဖာဒီနန်က “ယူနိုက်တက်ရဲ့ တိုက်စစ်မှာ ဟွိုက်ဂျ်လန်းက ဘေးထွက်နေသလို၊ အခုတလော သူ့ရဲ့ စွမ်းဆောင်မှုက တော်တော်လေး ဆိုးရွားပါတယ်။ ဟွိုက်ဂျ်လန်းကို ကြည့်ရတာ ကွင်းထဲမှာ ကြောက်နေသလိုပါပဲ။ သူက အမော်ရင် လက်ထက်မှာ ဆိုးဆိုးရွားရွားကို ကျဆင်းသွားခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ဟွိုက်ဂျ်လန်းဟာ ၂၀၂၃ နွေရာသီမှာ အတ္တလန္တာ ကနေ ယူနိုက်တက်ကို အပိုဆုကြေးတွေ အပါအဝင် ပေါင် ၇၂ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းဟာ ယူနိုက်တက် ကစားသမားဘ၀ ပွဲဦးထွက် ရာသီမှာ ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း နည်းပြ အမော်ရင် လက်ထက် မှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၁၈ ပွဲဆက် ဂိုးသွင်းယူနိုင်ထားနိုင်ခြင်းတော့ မရှိပါဘူး။ ဒါကြောင့် ဖာဒီနန်က ဟွိုက်ဂျ်လန်းဟာ အမော်ရင် လက်ထက်မှာ ခြေစွမ်းကျဆင်းပြီး ကွင်း အတွင်း အကြောက်တရားတွေ ကြီးစိုးနေကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ ဟွိုက်ဂျ်လန်း အနေနဲ့ ဂိုးမိုးခေါင်နေခြင်းဟာ အသင်းဖော်တွေရဲ့ ပံ့ပို့မှု အားနည်းတာကြောင့် ဖြစ်ကြောင်း ပြောဆိုထားသည်။ ဟွိုက်ဂျ်လန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၂ ပွဲ ကစားပြီး ၂ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
တစ်ဆက်တည်းမှာပဲ ရူဘင် အမော်ရင်က ယူနိုက်တက် အောင်မြင်မှုတွေ ရရှိနေတဲ့ အချိန်မှာ သူ့အနေနဲ့ အသင်းမှာ ဆက်ရှိနေဖို့ မသေချာဘူးလို့လည်း ဝန်ခံပြောကြားခဲ့ပါသေးတယ်။ အမော်ရင်က “လက်ရှိ ပုံစံ၊ လက်ရှိ ရလဒ်တွေနဲ့ အခုအချိန်မှာ ကျွန်တော် တို့က အကြီးအကျယ် စိတ်ကူးလို့ မရဘူးလို့ လူတွေ ထင်နေတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် မှောင်မိုက်နေတဲ့ အချိန်မှာ အလင်း လိုအပ်ပါတယ်။ ယူနိုက်တက် အောင်မြင်မှုတွေ ပြန်လည်ရရှိချိန်မှာ ကျွန်တော့် အနေနဲ့ အသင်းမှာ ဆက်ရှိ၊ မရှိ ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နေရတာတွေ အားလုံးက အနာဂတ်မှာ အသင်း အောင်မြင်မှု ရဖို့ အတွက်ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ အမော်ရင်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ပေါ်တူဂီသားက လာမယ့် ၂၀၂၇ ခုနှစ် အထိ သက်တမ်း ကျန်ရှိနေပါတယ်။ ဒါ့အပြင် အမော်ရင်က ပရီးမီးယားလိဂ် ကလပ်နဲ့ တစ်နှစ် စာချုပ် သက်တမ်းတိုးခွင့် ရှိနေပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ရလဒ်တွေ ဆိုးရွားနေပေမယ့် အသင်း တာဝန်ရှိသူတွေ ကတော့ နည်းပြ ရူဘင် အမော်ရင်ကို ယုံကြည်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီးတော့ အက်ဖ်အေဖလား ကနေတော့ ပူပူနွေးနွေး ထွက်ခွာထားရပါတယ်။ ယူရိုပါလိဂ် မှာတော့ ယူနိုက်တက် ၁၆ သင်း အဆင့်ကို တက်လှမ်းထားနိုင်ပြီး ဒီကနေ့ညမှာ ရီးရဲလ်ဆိုစီဒက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.