နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမားဘဝ တစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ကြောင်း ကြုံးဝါးခဲ့တဲ့ အလီဆွန် | ချန်ပီယံလိဂ်

မနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲစဉ် မှာတော့ လစ်ဗာပူးလ်က ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ 

လစ်ဗာပူးလ်ရဲ့ အဖိုးတန် ချန်ပီယံလိဂ် နိုင်ပွဲ အတွက် အဓိက အကျဆုံး ကစားသမား ဖြစ်ခဲ့သူက ပီအက်စ်ဂျီ တိုက်စစ်မှူးတွေရဲ့ ဂိုးကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်သွားခဲ့တဲ့ လစ်ဗာပူးလ် ဂိုးသမား အလီဆန် ဘက်ကာ ဖြစ်ပါတယ်။ ဒီလို အံ့အားသင့်ဖွယ် ပြုလုပ်နိုင်ခဲ့တဲ့ အလီဆွန်က ပွဲအပြီးမှာတော့ သူ့ရဲ့ ကစားသမားဘဝ အတွင်း အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

အလီဆွန် ဘက်ကာက “ဒါက ကျွန်တော့် ဘဝရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့မယ် ထင်ပါတယ်။ နည်းပြက ကျွန်တော် တို့ကို ပီအက်စ်ဂျီနဲ့ ကစားရတာ ဘယ်လောက် အထိ ခက်ခဲမလဲ။ သူတို့ ဘောလုံးနဲ့ ဆိုရင် ဘယ်လောက်အထိ ကောင်းသလဲ ဆိုတာ ပြောခဲ့သလို ဒုက္ခခံဖို့လည်း အသင့်ရှိနေရမယ် ဆိုပြီး ပြောခဲ့ပါတယ်။ ဘာတွေ ရင်ဆိုင်ရမလဲ ဆိုတာ ကျွန်တော်တို့ သိထားခဲ့တယ်။ ကျွန်တော်တို့ အရမ်းပဲ ကြိုးစားခဲ့တယ်။ အခွင့်အရေးတွေ အများကြီး ပေးခဲ့မိတယ်။ အသင်းရဲ့ အားထုတ်မှု အားလုံးက ကျွန်တော့်ရဲ့ အလုပ်ကို ပိုပြီး လွယ်ကူစေပါတယ်။ ပြီးတော့ နောက်ဆုံးမှာ ဟာဗီ ဝင်လာပြီး ဂိုးသွင်းတာက ကျွန်တော်တို့ အတွက် ဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်သွားခဲ့ပါတယ်။ အံ့ဩစရာ ညတစ်ညပါပဲ။” လို့ အလီဆွန်က ပြောကြားခဲ့ပါတယ်။ 

လစ်ဗာပူးလ် အတွက် ချန်ပီယံလိဂ် နိုင်ပွဲ ရရှိဖို့ အဓိက နေရာ ကနေ စွမ်းဆောင်နိုင်ခဲ့သူ ကတော့ ဂိုးသမား အလီဆန် ဘက်ကာ ဖြစ်ပြီးတော့ ဂိုးပေါက် ကာကွယ်မှု ၉ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဟာဗေး အဲလီယော့တ်ရဲ့ နောက်ကျဂိုးနဲ့ ပီအက်စ်ဂျီကို အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ်

ဒါ့အပြင် အလီဆွန်ရဲ့ ကာကွယ်မှုတွေနဲ့ ပတ်သတ်လို့ ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ် ကလည်း အလီဆွန်ရဲ့ လက်စွမ်းတွေနဲ့ ပတ်သက်ပြီး “ဒါက ကျွန်တော့်ရဲ့ ဘဝမှာ မြင်ဖူးသမျှ အကောင်းဆုံး ဂိုးသမား စွမ်းဆောင်ရည်တွေထဲက တစ်ခုလို့ ထင်ပါတယ်” ဆိုပြီး သူ့ရဲ့ အမြင်ကို ပြောကြားခဲ့ပါတယ်။ ဒီစကား ကိုတော့ အာနေး ဆလော့တ်က သဘောတူခဲ့ပြီးတော့ “ကျွန်တော် နည်းပြ အဖြစ် ကစားသမားကောင်းတွေ အများကြီး ရခဲ့ဖူးပေမယ့် အခုအချိန်ထိတော့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားကို မရခဲ့ဖူးပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆလော့တ်က“သူက ဒီနေ့ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား ဖြစ်တယ် ဆိုတာကို သက်သေပြခဲ့ပါတယ်။ ဒီမှာ အဝေးကွင်း နိုင်ပွဲ ရတာက ကျွန်တော်တို့ ထိုက်တန်တာထက် နည်းနည်း ပိုတယ်လို့တောင် ထင်ပါတယ်။ ကျွန်တော် တို့က ကံကောင်းတဲ့သူတွေပါ။ ဒါက လူတိုင်း အတွက် ရှင်းလင်းပါတယ်။ သူတို့က ဒီပွဲမှာ အများကြီး သာလွန်တဲ့ အသင်း ဖြစ်ခဲ့တယ်။ အထူးသဖြင့် ပထမပိုင်းမှာ သူတို့က အခွင့်အရေးကြီးတွေ ၃ ကြိမ်၊ ၄ ကြိမ်လောက် ရခဲ့ပါတယ်။” လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီပွဲ မှာတော့ အိမ်ရှင် ပီအက်စ်ဂျီက ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပြီး ဂိုးပေါက် ကန်ချက် စုစုပေါင်း ၂၇ ကြိမ် အထိ ပြုလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂိုးပေါက်တည့် ကန်ချက် ကလည်း ၁၀ ကြိမ် အထိ ရှိခဲ့တာပါ။ နိုင်ပွဲ ရခဲ့တဲ့ လစ်ဗာပူးလ် ကတော့ တစ်ပွဲလုံး ကန်ချက် ၂ ကြိမ်သာ ရှိခဲ့တာ ဖြစ်လို့ ပီအက်စ်ဂျီ အတွက် အသည်းကွဲစရာ ဖြစ်ခဲ့ရပါတယ်။လစ်ဗာပူးလ် အတွက် ချန်ပီယံလိဂ် နိုင်ပွဲ ရရှိဖို့ အဓိက နေရာ ကနေ စွမ်းဆောင်နိုင်ခဲ့သူ ကတော့ ဂိုးသမား အလီဆန် ဘက်ကာ ဖြစ်ပြီးတော့ ဂိုးပေါက် ကာကွယ်မှု ၉ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်