ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ဒုတိယနေ့ ပွဲစဉ်တွေကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ပြီးတော့ လစ်ဗာပူးလ်က ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက ပြိုင်ဘက် ဘက်ကို ပွဲချိန်ပြည့် ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် လစ်ဗာပူးလ် ဂိုးသမား အလီဆွန် ဘက်ကာရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ကံဆိုးခဲ့ရတဲ့ အပြင် ရှုံးပွဲနဲ့လည်း ကြုံခဲ့ရတာ ဖြစ်ပါတယ်။
အိမ်ရှင် ပီအက်စ်ဂျီက သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီးတော့ ဒွန်နာရမ်းမား၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ပါချို၊ မန်းဒက်စ်၊ နီးဗက်စ်၊ ဗစ်တင်ဟာ၊ ရူအစ်ဇ်၊ ခါဗရာစခီလီယာ၊ ဒမ်ဘီလီ၊ ဘာကိုလာ တို့ ပါဝင်လာခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ အလီဆွန်၊ ရော်ဘတ်ဆန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ အာနိုးလ်၊ မာ့ခ် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ လူးဝစ်ဇ်၊ ဆိုဘို့ဇ်လိုင်း၊ ဆာလာ၊ ဂျိုတာ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီနေ့ပွဲမှာ ခံစစ်ကို အကျစ်လျစ်ဆုံး ကစားပြီး ပီအက်စ်ဂျီရဲ့ စိန်ပြေနပြေ တိုက်စစ်ဆင်မှုတွေကို ကြံ့ကြံ့ခံသွားခဲ့တာ တကယ့်ကို ချီးကျူးစရာပါ။ ပီအက်စ်ဂျီ တိုက်စစ်က ခါဗရာစခီလီယာ၊ ဘာကိုလာ၊ ဒမ်ဘီလီ တို့ရဲ့ အပိုင် ကန်ချက်တွေကို ဂိုးသမား အလီဆွန် ဘက်ကာ အကောင်ဆုံး ကာကွယ်ပြသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ဒီနေ့ပွဲမှာ လစ်ဗာပူးလ် ဘက်ကို ဂိုးပေါက် ကန်ချက် ၂၇ ကြိမ် အထိ ပြုလုပ်ခဲ့ပြီးတော့ ဂိုးပေါက်တည့်မှု ကလည်း ၁၀ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒီထဲကမှ ၉ ကြိမ်ကို အလီဆွန်က ကာကွယ်ပေးသွားခဲ့ပြီး ဒီပွဲရဲ့ MOTM လည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ဒီနေ့ပွဲမှာ ဂိုးပေါက် ကန်ချက် ၂ ကြိမ်၊ ဂိုးပေါက် တည့်မှု ၁ ကြိမ် ကနေ သွင်းဂိုး ၁ ဂိုး ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် တောင်ပံ နှစ်ဖက်က မိုဆာလာနဲ့ လူးဝစ်ဇ် ဒီးယက်ဇ်တို့ အပြင် တိုက်စစ်က ဂျိုတာလည်း ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့ပြီး ၃ ဦးစလုံး ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။ အာနေး ဆလော့တ်ရဲ့ လူစားလဲမှု မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး သူ လဲစားလဲခဲ့တဲ့ ကစားသမား ၄ ဦးစလုံး အသင်း အတွက် အကျိုးပြုနိုင်ခဲ့ပါတယ်။
လစ်ဗာပူးလ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ပွဲချိန် ၈၇ မိနစ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုး ကိုတော့ ဒါဝင် နူညက်ဇ်က ပီအက်စ်ဂျီ နောက်ခံလူတွေကို ပါးပါးနပ်နပ် ကျော်ဖြတ်ပြီး ဖန်တီးပေးတာကို ဟာဗေး အဲလီယော့တ်က ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကို ပြန်ကြည့်ရင် ပီအက်စ်ဂျီ ခံစစ်က နူညက်ဇ်ကို အာရုံစိုက်လွန်းသွားခဲ့တာကြောင့် တခြား ကစားသမားတွေကို လူကပ်တဲ့ နေရာမှာ အားနည်းပြီး ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲရလဒ်ကြောင့် လစ်ဗာပူးလ်ဟာ ဒုတိယအကျော့ အတွက် အားသာချက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အန်ဖီးလ်က ပြိုင်ဘက်တိုင်း အတွက် ကစားရခက်ခဲ့တဲ့ ကွင်းဖြစ်တာကြောင့် ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်လှမ်းနိုင်ရေး ရုန်းကန်ရဖို့ ရှိနေပါပြီ။ လစ်ဗာပူးလ် ကတော့ ဒုတိယအကျော့မှာ အနိမ့်ဆုံး သရေရရုံနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်နိုင်မှာ ဖြစ်ပေမယ့် အန်ဖီးလ်မှာ ပီအက်စ်ဂျီကို သေချာပေါက် အသာစီးနဲ့ ပြန်ပြီး ကစားပါလိမ့်မယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.